၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အဟန့်အတားသည် တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်များ အပါအ၀င် နိုင်ငံရေးအင်အားစုများကြား အချင်းချင်းယုံကြည်မှု အားနည်း ခြင်းက အဓိကအချက်ဖြစ်ကြောင်း ဒီချုပ်ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အဟန့်အတားသည် တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်များ အပါအ၀င် နိုင်ငံရေးအင်အားစုများကြား အချင်းချင်းယုံကြည်မှု အားနည်း ခြင်းက အဓိကအချက်ဖြစ်ကြောင်း ဒီချုပ်ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။


‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် အဓိကအ ဟန့်အတားကတော့ ကျွန်တော် တို့နိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံ ရေးအင်အားစုတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ တခြားသော အင် အားစုတွေအကုန်လုံး တိုင်းရင်း သားလက်နက်ကိုင်တွေရော၊ တပ်မတော်ရော အားလုံးက အ ချင်းချင်းကြားမှာ ယုံကြည်မှုအား နည်းနေတာ အဓိကပါပဲ။ ကျန်တဲ့ သတ်မှတ်ချက်တွေက ဒီယုံကြည် မှုမရှိတဲ့အပေါ်မှာ မူတည်ပြီးဖြစ်လာတာပါ’’ဟု၎င်းကပြောသည်။

ထို့ကြောင့် ယုံကြည်မှု ရရှိ ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ယုံကြည်မှုသာ တိုးတက်လာမည်ဆို ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

‘‘ကျွန်တော်တို့က အတိတ် ရဲ့ အကြောင်းတွေကို လက်စားချေဖို့ မရှိဘူး။ ဒီအတွက်နဲ့ပတ်သက် တဲ့ ပုဂ္ဂိုလ်အားလုံးကို မျက်နှာပျက်စရာ၊ ဂုဏ်သိမ်ငယ်အောင် ဘယ်လိုမှလုပ်ဆောင်မှု မရှိခဲ့ဘူးဆိုတာကို ကျွန်တော်တို့ သက်သေပြစရာ အဖြစ် ယုံကြည်မှုကို တည်ဆောက်နေပါတယ်’’ ဟု ၎င်းကဆိုသည်။

ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သည့် ရှစ်လေးလုံး နှစ် (၃၀)ကာလ သုံးသပ်မှုများတွင် ၀င်ရောက်ဆွေးနွေးသည့် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။

၈၈ ကျောင်းသားခေါင်း ဆောင် ဦးကိုကို ကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပ ပုဂ္ဂိုလ်ရေးထိတွေ့မှုမှတစ်ဆင့် ညှိနှိုင်းသင့်ကြောင်း အကြံပြုထားသည်။

‘‘ကျွန်တော်တို့ ဥက္ကဋ္ဌကြီး (ဒေါ်အောင်ဆန်းစုကြည်) က ပြည်တွင်းတိုင်းရင်းသားတွေထား တဲ့ ယုံကြည်မှုသဘောထားတွေ ကိုရော၊ နိုင်ငံတကာက ထားတဲ့ သဘောထားနဲ့ပတ်သက်လို့ရော ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ ထိခိုက်တဲ့အထိကို၊ အမျိုးသားရင် ကြားစေ့ရေး လုပ်ဆောင်နေတာ ကို ထင်ရှားမြင်သာစေပါတယ်။ အဓိကကတော့ ယုံကြည်မှုအား နည်းနေတာကို ဘယ်အပေါ် မူ တည်လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ထိတွေ့ဆက်ဆံမှု၊ ပွင့်ပွင့်လင်းလင်း တင်ပြမှုမရှိတဲ့အပေါ်မှာ အခြေခံပါတယ်’’ဟု ဒေါက်တာမျိုး ညွန့်က ပြောသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်က ပြင် ဆင်၍ မရအောင်ပြုလုပ်ခဲ့ကြောင်း နှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်း ကြောင်းမှ ဆောင်ရွက်နေသဖြင့် အခြေခံဥပဒေပြင်ဆင်ရေးသည် မြန်ဆန်မည်မဟုတ်ဘဲ ကြာမြင့်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်၌ ဇွန်လ ၂၄  နှင့် ၂၅ ရက်တွင်ကျင်းပခဲ့သော သတ္တမအကြိမ်ဗဟိုကော်မတီအစည်းအဝေးအ ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းထိန်က ပြောကြားထားသည်။

၂၀၁၇ မေလ ၉ ရက်တွင် လန်ဒန်ခရီးစဉ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ရောက် မြန်မာနိုင်ငံသားများတွေ့ဆုံစဉ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လက်မလွှတ်ကြောင်းနှင့် အေးချမ်းစွာ ဥပဒေဘောင်အတွင်းမှ ပြောင်းလဲစေချင်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ အတွင်းက ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ရေး စည်းရုံးမှုများရှိခဲ့သော် လည်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို လွှတ်တော်အတွင်း မှ ပြင်ဆင်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း တပ်မတော် နှင့်နီးစပ်သည့် ကြံ့ခိုင်ရေးပါတီ မှ အများစုအနိုင်ရစဉ်ကာလက ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အတွက် ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့ကြောင်း ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးစိုင်းသီဟကျော်က ပြော သည်။

‘‘NLD က ငြိမ်းချမ်းရေးဆွေး  နွေးပွဲကနေပြီးတော့ ရတဲ့ရလဒ် နဲ့ ပြင်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ အခုချိန်ထိ အဓိကအရေးကြီးတဲ့ အခြေခံမူတွေ မချမှတ်နိုင်ကြသေးဘူး။ ဒီတော့ ဒီလိုကိစ္စမျိုးက တစ် ဖက်နဲ့တစ်ဖက်က ယုံကြည်မှု တည်ဆောက်မှ။ လက်နက်ကိုင် တိုင်းရင်းသားရော၊ တပ်မတော် ရော၊ ကျွန်တော်တို့နိုင်ငံရေးပါတီ  တွေရော၊ အဓိကကတော့ တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုပဲ။ သူတို့လိုလိုလား လားဖြစ်မှ အဆင်ပြေမယ့် သဘောဖြစ်နေတယ်။ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ဘူးဆိုရင် နိုင်ငံရေးပါ တီ ဘယ်လောက်ပဲ ကြိုးစား ကြိုး စား အရာထင်မှာမဟုတ်ဘူး’’ ဟု၎င်းကပြောသည်။