နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ သြဂုတ်တတိယ ပတ်တွင် သွားရောက်မည်ဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ နှစ်ကုန်ပိုင်းက စင်ကာပူနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်စဉ် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်အတူ ကြိုဆိုနေသော ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (WALLACE WOON / EPA)

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ သြဂုတ်တတိယ ပတ်တွင် သွားရောက်မည်ဖြစ် သည်။ 


အဆိုပါခရီးစဉ်အတွင်း နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်သည် ၀န်ကြီး ချုပ်လီရှန်လွန်းနှင့်သီးခြားတွေ့  ဆုံဆွေးနွေးမည်ဖြစ်ပြီး သြဂုတ် ၂၁ ရက်တွင် (၄၃) ကြိမ်မြောက် Singapore Lecture ၌ မိန့်ခွန်း တစ်ရပ်ဟောပြောမည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်ကပြောသည်။ 

‘‘အဲဒီ Singapore Lecture ဆိုတာများသောအားဖြင့် နိုင်ငံ့ ခေါင်းဆောင်အကြီးအကဲတွေကို ဖိတ်ပြီးဟောပြောပို့ချစေတာ။ ပြီး ခဲ့တဲ့သုံးပတ်လောက်က တောင် ကိုရီးယားသမ္မတကြီး ပို့ချသွား တယ်’’ ဟု ၎င်းကရှင်းပြသည်။ 

အဆိုပါSingaporeLectureတွင်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က Myanmar’s Demo-cratic Transition: Challenges and Way Forward   (မြန်မာ့ဒီမို ကရေစီ အကူးအပြောင်း၏ စိန် ခေါ်မှုများနှင့်ရှေ့ခရီး) ခေါင်းစဉ် ဖြင့် ဟောပြောပို့ချမည်ဟုဆို သည်။ 

နှစ်နိုင်ငံအပြန်အလှန်ခရီး စဉ် (Bilateral Visit) အဖြစ်သွား  ရောက်မည့် ခရီးစဉ်အတွင်း ယင်း ဟောပြောပွဲအတွက်မေတ္တာရပ်ခံ  လာ၍ အတိုင်ပင်ခံပုဂ္ဂိုလ်ကလက် ခံခြင်းဖြစ်ကြောင်း ဦးစိုးဟန်က ပြောသည်။ 

စင်ကာပူဝန်ကြီးချုပ်လီရှန် လွန်းသည် ၂၀၁၆ နှစ်လယ်ပိုင်း တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ သို့ သုံးရက်ကြာလာရောက်ခဲ့ သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အထက်ပါခရီးစဉ် ပြီးနောက် တောင်ကိုရီးယားသို့ သွားရောက်ဖွယ်ရှိပြီး အောက်တို ဘာတွင် ဂျပန်နိုင်ငံသို့သွားရောက် ရန်စီစဉ်ထားသည်။ 

ဒေါ်အောင်ဆန်းစုကြည် သည် ယခုနှစ်အတွင်း အိန္ဒိယ၊  သြစတြေးလျနှင့် ဗီယက်နမ်နိုင်ငံ  သို့ သွားရောက်ထားသည်။