၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ သာ ၁၉၈၈ တွင် ပေါ်ပေါက်ခဲ့သော လူထုလှုပ်ရှားမှု၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်နိုင်မည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) လွှတ် တော်ကိုယ်စားလှယ်များက ဩဂုတ် ၈ ရက်၌ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀)ပြည့် အမှတ်တရစကား ပြောကြားသည်။

လက်ရှိ လွှတ်တော်များ သည် ရှစ်လေးလုံးအရေးတော်ပုံ ကြောင့် ပေါ်ပေါက်လာခြင်းဖြစ် သည်ဟု ရှစ်လေးလုံးလှုပ်ရှားမှု တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဧရာ ဝတီတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီစနစ်ထွန်းကား ရေးကို အဟန့်အတားဖြစ်နေ သည်ဟု ၎င်းက ဆိုသည်။

‘‘၈၈ ရည်မှန်းချက်က ဒီမိုက ရေစီအပြည့်ရဖို့ပေါ့။ ၈၈ ရည်မှန်းချက်နဲ့ ကျွန်တော်တို့ NLD ပါတီ ရဲ့ ရည်မှန်းချက်က အတူတူပါပဲ။ ဖွဲ့စည်းပုံပြင်ဖို့က လွှတ်တော်ထဲ ကနေ ဘယ်လိုမှ လုပ်လို့မရတော့ ၂၁ ရာစု ပင်လုံညီလာခံကနေ တစ်ဆင့် လုပ်နေတာပေါ့’’ဟု ဦးကြည်ဝင်းက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်ခင်က လက်ရှိ မြန်မာ နိုင်ငံ အခြေအနေသည် ရှစ်လေး လုံးအရေးတော်ပုံ၏ ရည်မှန်းချက်ရောက်ရှိရေး လမ်းပေါ် ရောက်လာပြီဟု ဆိုနိုင်ကြောင်း မှတ်ချက်ပြုသည်။

‘‘၂၀၁၀ မှာ လွှတ်တော်က စတာကိုး။ ၂၀၁၅ မှ အရပ်သား အစိုးရဆိုတာ ပေါ်လာတော့ ဒီမို ကရေစီငယ်သေးတာပေါ့။ သို့ သော် ဘာပဲဖြစ်ဖြစ် ဒါတွေက ၈၈ ရဲ့ အကျိုးအမြတ်တွေပေါ့’’ဟု ၎င်းက ဆိုသည်။

ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းကလည်း လက် ရှိအခြေအနေသည် ပြည်သူများ ၏ လိုလားချက်ဖြည့်ဆည်းရန် ကြိုးစားကြရဦးမည်ဟု ပြော သည်။

‘‘ပြည်သူတွေရဲ့ အကျပ်အ တည်း အခက်အခဲတွေကို အပြည့် အစုံဖြေရှင်းနိုင်ခြင်းမရှိ

သေးဘူး။ ဆက်ပြီးသွားရဦးမယ်။ ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဖို့အတွက် ဆက်ပြီး တော့ ကြိုးစားရဦးမယ်’’ဟု ၎င်းက ပြောသည်။