ရန်ကုန်မြို့တွင် ကျင်းပ သည့် အသက်(၁၄)နှစ်အောက် လေးသင်းပတ်လည် ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲ၌ ထိုင်းအသင်းက ဂျပန်ဖူကူရှီးမား အကယ်ဒမီ အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပ သည့် အသက်(၁၄)နှစ်အောက် လေးသင်းပတ်လည် ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲ၌ ထိုင်းအသင်းက ဂျပန်ဖူကူရှီးမား အကယ်ဒမီ အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့သည်။


ဩဂုတ် ၉ ရက်ကအမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်းတွင် ကျင်းပ သည့် ဗိုလ်လုပွဲ၌ထိုင်းယူ-၁၄ အသင်းက ဖူကူရှီးမား အကယ်ဒမီကို ခြေစွမ်းအသာဖြင့် ဖိအားပေး ကစားပြီး ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင်နှစ်ဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရဗိုလ်စွဲခဲ့သည်။

တတိယ နေရာလုပွဲတွင်မန္တလေး ဘောလုံးအကယ်ဒမီ ယူ-၁၄ က ပုသိမ်ဘောလုံး အကယ်ဒမီယူ -၁၄ ကို ၂-၀ ဂိုးဖြင့်အနိုင်ရပြီးတတိယဆုရရှိခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် ယူ -၁၄ လေးသင်းပတ်လည်ပြိုင်ပွဲ ကို ဩဂုတ် ၆ မှ ၉ ရက်အထိ ကျင်းပပြီး မန္တလေးဘောလုံးအ ကယ်ဒမီ၊ ပုသိမ်ဘောလုံးအကယ် ဒမီ၊ ဂျပန်ဖူကူရှီးမားဘောလုံး အကယ်ဒမီနှင့် ထိုင်းလက်ရွေးစင် ယူ-၁၄ အသင်းတို့ယှဉ်ပြိုင်ခဲ့ သည်။ အုပ်စုတွင်း အမှတ်အများ ဆုံးနှစ်သင်းက ဗိုလ်လုပွဲယှဉ်ပြိုင် ကာ တတိယနှင့် စတုတ္ထအသင်း တို့က တတိယနေရာလုပွဲယှဉ် ပြိုင်ခြင်းဖြစ်သည်။