ဥရုဂွေးနောက်ခံလူ ဒီယေဂိုဂိုဒင် (၃၂) နှစ်ကို ခေါ်ယူရန် မန်ယူက အက်သလက်တီကိုထံ ချဉ်းကပ်ခဲ့သော်လည်း ၎င်းကပယ်ချပြီး အက်သလက်တီကိုနှင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန်ပြင်ဆင်ထားသည်။

ဥရုဂွေးနောက်ခံလူ ဒီယေဂိုဂိုဒင် (၃၂) နှစ်ကို ခေါ်ယူရန် မန်ယူက အက်သလက်တီကိုထံ ချဉ်းကပ်ခဲ့သော်လည်း ၎င်းကပယ်ချပြီး အက်သလက်တီကိုနှင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန်ပြင်ဆင်ထားသည်။


ဘာစီလိုနာမှ ကိုလံဘီယာနောက်ခံလူ ယယ်ရီမင်နာ (၂၃) နှစ် သည် အဲဗာတန်သို့ အပြီးသတ်ပြောင်းရွှေ့ရန် အားလုံးပြင်ဆင်ထားပြီး အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အဲဗာတန်အတွက် ဆေးစစ်မှု ခံယူခဲ့ကာ မကြာမီ စာချုပ်လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ချယ်လ်ဆီးမှ ယူရို ၃၅ သန်းဖြင့်ခေါ်ယူသော ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်က ရီးရဲလ်တွင် ပထမပွဲထွက်ခွင့်နေရာရရန် တိုက်ပွဲဝင်ရမည်ဖြစ်ပြီး မည်သူမျှပွဲထွက်ခွင့်အာမခံချက်မရှိဟု ပြောသည်။

ပြင်သစ်လူငယ်တိုက်စစ်မှူး ဒမ်ဘီလီကို အာဆင်နယ်ကအပြောင်း အရွှေ့နောက်ဆုံးရက်နောက်ဆုံးမိနစ်အထိ ခေါ်ယူရန်ကြိုးပမ်းခဲ့သော် လည်း ၎င်းက ဘာစီလိုနာတွင်သာ ဆက်နေရန်ဆုံးဖြတ်ခဲ့ကာ တစ်ချိန် ချိန်တွင် ကလပ်အသင်းတစ်ခု၌ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် တွဲကစားလိုသည်ဟု ပြောသည်။

ဘာစီလိုနာမှ ပေါ်တူဂီကွင်းလယ်လူ အန်ဒရီဂိုမက်ဇ်ကို အဲဗာ တန်က တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူပြီး ၎င်း သည် အဲဗာတန်တွင် ဆေးစစ်မှုခံယူခဲ့သည်။

ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်က မိမိအနေဖြင့် မန်ယူသို့ ကမ္ဘာ့ အဆင့်ကစားသမားများ ပိုမိုရောက်ရှိလာရန် မျှော်လင့်သည်ဟုပြော ကြားစဉ် မန်ယူနည်းပြမော်ရင်ဟိုက နောက်ဆုံးအပြောင်းအရွှေ့တွင် ကစားသမားအသစ်ခေါ်ယူနိုင်ခြေမရှိတော့ဟု ပြောသည်။

နယူးကာဆယ်အသင်းကို သွားရောက်ရင်ဆိုင်ရမည့်အသင်းတွင် ဗစ်တာဝန်ယာမာ (ဒူးဒဏ်ရာ)၊ အဲရစ်လာမယ်လာ (ဖော်ပြမထားသော ဒဏ်ရာ)၊ မွန်ဖွိုက်၊ အိုနိုမာ၊ ဟယ်ရီဝင့်စ်တို့ ဒဏ်ရာများကြောင့် မပါ ၀င်နိုင်ဖြစ်နေပြီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက် ကစားသမား ၉ ဦး ယခုသီတင်းပတ်အတွင်း လေ့ကျင့်ခန်းဆင်းခဲ့သဖြင့် ပါဝင်နိုင်ခြေရှိ ကြောင်း စပါးနည်းပြ ပိုချက်တီနိုကပြောသည်။