လက်စတာစီးတီးအ သင်းက ဒိုင်နမိုဇာဂရက်ဂ်အသင်း မှ ခရိုအေးရှားနောက်တန်းဘူ ဖိ လစ်ဘင်ကိုဗစ်ကို ငါးနှစ်စာချုပ် ဖြင့် ခေါ်ယူခဲ့သည်ဟု ပြောကြား သည်။

လက်စတာစီးတီးအ သင်းက ဒိုင်နမိုဇာဂရက်ဂ်အသင်း မှ ခရိုအေးရှားနောက်တန်းဘူ ဖိ လစ်ဘင်ကိုဗစ်ကို ငါးနှစ်စာချုပ် ဖြင့် ခေါ်ယူခဲ့သည်ဟု ပြောကြား သည်။


လက်စတာက ကစားသမား ၏ ပြောင်းရွှေ့ကြေးကို ထုတ်ဖော် မပြောသော်လည်း အသက် (၂၁) နှစ်အရွယ် ကစားသမားအတွက် ပေါင် ၁၃ သန်း ကုန်ကျခဲ့သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြ သည်။

ခရိုအေးရှား ယူ-၂၁ လက် ရွေးစင် ဘင်ကိုဗစ်သည် ၂၀၁၇-၁၈ ရာသီက ဇာဂရက်ဂ်အတွက် ပြိုင်ပွဲစုံပွဲ ၃၀ ကစားပြီး အသင်း ကို ခရိုအေးရှားလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီခဲ့ကာ လက်စ တာအသင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

‘‘ဘင်ကိုဗစ်ဟာ လက်စတာ အသင်းမှာ ထပ်မံဖွံ့ဖြိုးတိုးတက် လာဖို့ အလားအလာရှိတဲ့ စိတ် လှုပ်ရှားစရာ လူငယ်ကစားသမား တစ်ယောက်ပါ’’ ဟု လက်စတာ နည်းပြ ကလောက်ဒ်ဒီပူအဲလ်က ကလပ်အသင်း ဝက်ဘ်ဆိုက်အား ပြောကြားသည်။

ထို့အပြင် ယင်းလူငယ်က စားသမားသည် ပြီးခဲ့သည့်သုံးနှစ် အတွင်း ဒိုင်နမိုဇာဂရက်ဂ်တွင် ကြီးမားသော အခန်းကဏ္ဍက ပါဝင်ပြီး ဥရောပ၌ ကစားခဲ့ရ သော အတွေ့အကြုံကြောင့် အ မြက်ထွက်ခဲ့သည်ဟု ပူအဲလ်က ဆက်လက်ပြောသည်။

ဘင်ကိုဗစ်သည် ယခုနွေရာ သီတွင် လက်စတာအသင်းက ခေါ်ယူသော ခြောက်ဦးမြောက် ကစားသမားဖြစ်သည်။

‘‘ဒီကလပ်အသင်းအတွက်၊ ပရိသတ်အတွက်၊ လူတိုင်းအ တွက် အစွမ်းကုန်ကြိုးစားသွားပါ မယ်။ လက်စတာအသင်းက ရည် မှန်းချက် အရမ်းကြီးပါတယ်။ နောက်တစ်ဆင့်ကို သွားဖို့ ကျွန် တော့်အတွက် ကြီးမားတဲ့ ခြေ လှမ်းလို့ ထင်ပါတယ်။ ဒီကို ရောက်လာတာ အရမ်းပျော်ပါ တယ်’’ ဟု ဘင်ကိုဗစ်က ပြော သည်။

လက်စတာသည် ယနေ့ည ၁ နာရီခွဲတွင် မန်ယူနှင့် ပရီးမီး ယားလိဂ် အဖွင့်ပွဲ ကစားမည်ဖြစ် သည်။

—Ref:Reuters/BBC