အင်္ဂါနေ့က ရိုးမားနှင့် ခြေစမ်းပွဲကို ဒဏ်ရာကြောင့် ပါ ဝင်ကစားနိုင်ခြင်းမရှိသော ရီးရဲလ်နောက်ခံလူ ဗယ်လီဂျိုသည် သီတင်းခြောက်ပတ်အထိနားရမည် ဖြစ်၍ အက်သလက်တီကိုနှင့် ယူအီးအက်ဖ် အေစူပါဖလားဗိုလ်လု ပွဲကို လွဲချော်မည်ဖြစ်သည်။

ရီးရဲလ်တွင်ဒဏ်ရာပြဿနာ ကြုံခဲ့သော ဗာရိန်းလည်းမကြာမီ ကမှ ပြန်ရောက်လာပြီး ကြိုတင် ပြင်ဆင်ချိန် မရှိဖြစ်နေသည်။ ဗယ်လီဂျိုသည် အဆင့် (၂) ကြွက်သားစုတ်ပြဲဒဏ်ရာရရှိသဖြင့် သီတင်းလေးပတ်မှ ခြောက်ပတ်အထိ အနားယူရမည်ဖြစ်၍ နည်းပြလိုပါတီဂူက ဗဟိုနောက်ခံလူနေရာ တွင် မာကို့စ်လိုရန်တေးကို ရိုးမား နှင့်ပွဲ၌ သုံးခဲ့ရသည်။

ပြီးခဲ့သည့်ရာသီကတည်းက ဒဏ်ရာပြဿနာအချို့ရှိခဲ့သော ဗယ်လီဂျိုသည်လာမည့် သီတင်း ပတ်တွင် ကစားမည့် အက်သ လက်တီကိုနှင့် ပွဲ၊ စနေနေ့ အေ စီမီလန်နှင့်ပွဲတို့ကို လွဲချော်မည် ဖြစ်သည်။

၂၀၁၅ ဇူလိုင် က ခြောက်နှစ် စာချုပ်ဖြင့် ဇာရာဂိုဇာမှ ရီးရဲလ် သို့ ရောက်လာသော ဗယ်လီဂျို (၂၁) နှစ်သည် ဇာရာဂိုဇာတွင် တစ်နှစ်အငှားကစားခဲ့ရပြီး ရီး ရဲလ်ပထမပွဲထွက် စာရင်း၌နေ ရာရရန် မသေချာဖြစ်နေသည်။

—Ref:Marca