ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသင်းခေါင်းဆောင် အက်စ်တိုရီ ရုတ်တရက်ကွယ်လွန်ခဲ့ပြီးနောက် ပထမဆုံးပြန်ကစားသောပွဲတွင် ဖီအိုရင်တီးနား က ကွယ်လွန်သူအား ဂုဏ်ပြုခဲ့ပြီး ဘင်နီဗန်တိုကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသင်းခေါင်းဆောင် အက်စ်တိုရီ ရုတ်တရက်ကွယ်လွန်ခဲ့ပြီးနောက် ပထမဆုံးပြန်ကစားသောပွဲတွင် ဖီအိုရင်တီးနား က ကွယ်လွန်သူအား ဂုဏ်ပြုခဲ့ပြီး ဘင်နီဗန်တိုကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။


တနင်္ဂနွေနေ့က အေအီးကေအသင်းနှင့် ဂရိစူပါလိဂ်ပွဲစဉ်တွင် သေနတ်ခါးကြားထိုး၍ ကွင်းအတွင်းဝင်ရောက်ခဲ့သော PAOK အသင်းပိုင်ရှင်အီဗန်ဆက်ဖီဒစ်ကို ဂရိရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေနေ့က အက်သလက်တီကိုက ဆယ်လ်တာဗီဂိုကို ၃-၀ ဂိုးဖြင့်နိုင်သောပွဲစဉ်တွင် ဂရစ်ဇ်မန်းက တစ်ဂိုးသွင်းယူခဲ့ပြီး နှစ်ဂိုးဖန်တီးပေးခဲ့၍အက်သလက်တီကို၏ ဖလားစိန်ခေါ်မှု ဆက်လက်ရှင်သန်စေခဲ့သည်။ ယင်းနိုင်ပွဲနှင့်အတူ လာလီဂါပွဲစဉ် (၂၈) အပြီး  အက်သလက်တီကိုသည် ပထမနေရာမှ ဘာစီလိုနာနှင့် ရှစ်မှတ်အကွာ ဒုတိယနေရာမှဆက်လက်ဖိအားပေးနေသည်။

ချယ်လ်ဆီးကွင်းလယ်လူများဖြစ်သော အီဒင်ဟာဇက်၊ ဝီလီယံတို့နှင့် ချိတ်ဆက်ကစားမှု ပိုကောင်းလာကြောင်း အာဆင်နယ်မှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာသူ ဂျီရော့ဒ်ကပြောကြားပြီး ချယ်လ်ဆီးကစားသမားအဖြစ် အောင်မြင်စွာကူးပြောင်းလာနိုင်သည့် လက္ခဏာဟုယုံကြည်နေသည်။