လာဇီယိုတွင် ခြေစွမ်းပြ နေသော ဆားဘီးယားလူငယ် ကြယ်ပွင့် ဆာဂျီမီလင်ကိုဗစ်- ဆာဗစ်သည် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာထက် ပိုမိုတန်ဖိုးရှိပြီး ၎င်းသည် များစွာ တောင့်တင်း ကြောင်း လာဇီယိုအသင်းဥက္ကဋ္ဌ ကလောက်ဒီယိုလိုတီတိုက ပြော သည်။ ဆာဂျီမီလင်ကိုဗစ်-ဆာဗစ် ကို မန်ယူ၊ အေစီမီလန်နှင့် ရီးရဲလ် စသော အသင်းကြီးများကခေါ်ယူ ရန် စိတ်ဝင်စားနေသည်ဆိုသော သတင်းများ ထွက်နေသော်လည်း ၎င်းကို ကမ်းလှမ်းမှုမရှိဟု ဆို သည်။ ၂၀၁၅

လာဇီယိုတွင် ခြေစွမ်းပြ နေသော ဆားဘီးယားလူငယ် ကြယ်ပွင့် ဆာဂျီမီလင်ကိုဗစ်- ဆာဗစ်သည် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာထက် ပိုမိုတန်ဖိုးရှိပြီး ၎င်းသည် များစွာ တောင့်တင်း ကြောင်း လာဇီယိုအသင်းဥက္ကဋ္ဌ ကလောက်ဒီယိုလိုတီတိုက ပြော သည်။

ဆာဂျီမီလင်ကိုဗစ်-ဆာဗစ် ကို မန်ယူ၊ အေစီမီလန်နှင့် ရီးရဲလ် စသော အသင်းကြီးများကခေါ်ယူ ရန် စိတ်ဝင်စားနေသည်ဆိုသော သတင်းများ ထွက်နေသော်လည်း ၎င်းကို ကမ်းလှမ်းမှုမရှိဟု ဆို သည်။

၂၀၁၅ သြဂုတ်က ဂျန့်အ သင်းမှ ရောက်လာသူ မီလင်ကို ဗစ်-ဆာဗစ် (၂၃) နှစ်သည် ကမ္ဘာ့အကောင်းဆုံး လူငယ်က စားသမားဖြစ်ပြီး ကြီးမားသော အလားအလာရှိသူဖြစ်ကြောင်း လိုတီတိုက ပြောသည်။

၎င်းအတွက် ပြီးခဲ့သည့်နှစ် က ယူရိုသန်း ၁၁၀ ဖြင့် ကမ်းလှမ်း မှုကိုပင် ပယ်ချခဲ့ကြောင်း လိုတီ တိုက ပြောသည်။

မီလင်ကိုဗစ်-ဆာဗစ်သည် ပြီးခဲ့သည့်ရာသီက စီးရီးအေ ၃၅ ပွဲတွင် ၁၂ ဂိုး သွင်းယူခဲ့သည်။ ၎င်းကို ခေါ်ယူလိုသော အသင်း အနေဖြင့်ယူရို ၁၀၅ သန်းထက် ပိုပေးရမည်ဟု လိုတီတိုက ပြော သည်။                  —Ref:Goal