ဂျူဗင်တပ်က အူဒီးနီးစ် ကို ၂-၀ ဂိုးဖြင့် အနိုင်ရသောပွဲ၌ တိုက်စစ်မှူး ဒိုင်ဘာလာက နှစ်ဂိုး စလုံးသွင်းယူခဲ့စဉ် ၎င်းတို့၏ အနီးကပ်ဆုံးပြိုင်ဘက် နာပိုလီ သည် အင်တာမီလန်ကွင်း၌ ဂိုးမရှိ သရေကျခဲ့သည်။

ဂျူဗင်တပ်က အူဒီးနီးစ် ကို ၂-၀ ဂိုးဖြင့် အနိုင်ရသောပွဲ၌ တိုက်စစ်မှူး ဒိုင်ဘာလာက နှစ်ဂိုး စလုံးသွင်းယူခဲ့စဉ် ၎င်းတို့၏ အနီးကပ်ဆုံးပြိုင်ဘက် နာပိုလီ သည် အင်တာမီလန်ကွင်း၌ ဂိုးမရှိ သရေကျခဲ့သည်။


ဒဏ်ရာမှ ပြန်လည်သက် သာလာသော ဒိုင်ဘာလာသည် ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့အ ဖြစ် စပါးနှင့် ကစားခဲ့သော ပွဲစဉ် တွင်လည်း ဂျူဗင်တပ်အတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီး နောက် တစ်ဆင့်သို့ပို့ဆောင်ပေးခဲ့သည်။

တိုက်စစ်မှူး ဟီဂူအင် ပင် နယ်တီလွဲချော်ခဲ့သော်လည်း အ နိုင်ရခဲ့သောကြောင့် နည်းပြအယ် လီဂရီ၏ ဂျူဗင်တပ်သည် တစ်ပွဲ လျော့ကစားကာ နာပိုလီထက် တစ်မှတ်အသာဖြင့် အမှတ်ပေး ဇယားထိပ်ဆုံးရောက်လာပြီး အ မှတ်ပေးဆုဖလားကို ခုနစ်ကြိမ် ဆက်ရရှိရန် အခြေအနေကောင်း ခဲ့သည်။

‘‘စပါးနဲ့ပွဲမှာ ပဉ္စလက်ဆန် ဆန် အနိုင်ရပြီးတဲ့နောက် ဒီနေ့ပွဲ ကို ပေါ့တီးပေါ့ဆကစားလောက် တယ်ဆိုတဲ့ ခန့်မှန်းမှုတစ်ခု ရှိခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီအစား သုံးမှတ် ရရှိဖို့အတွက် ကျွန်တော်တို့က ဝိ သေသလက္ခဏာနဲ့ အတွေ့အကြုံ ကို ပြသခဲ့ပါတယ်’’ ဟု ဒိုင်ဘာ လာက အသင်းဝက်ဘ်ဆိုက်အား ပြောသည်။

ရိုးမားကို ၄-၂ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ၁၀ ပွဲဆက်တိုက် နိုင်ပွဲ ရရှိမှု အဆုံးသတ်ခြင်းမှ ပြန်နိုးထ ရန်နှင့် အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်ယူရန် နာပိုလီအနေ ဖြင့်ရည်မှန်းခဲ့သော်လည်း ထိပ်ဆုံး လေးသင်းစာရင်း ဝင်ရောက်ရေး မျှော်လင့်ချက်ရှိနေသည့် အင်တာမီလန်ကိုကျော်ဖြတ်ရန် နည်းလမ်း ရှာမတွေ့ခဲ့ပေ။

ပွဲပြီးခါနီးတွင် ဧည့်သည်နာ ပိုလီက ဘောလုံးပိုင်ဆိုင်မှု အ သာစီးရခဲ့သော်လည်း အင်တာမီ လန်နောက်တန်းကို မကျော်ဖြတ် နိုင်ခဲ့တဲ့ ၁၉၉၀ နောက်ပိုင်း ပထမ ဆုံး အမှတ်ပေးဆုဖလားဆွတ်ခူး ရေး ၎င်းတို့၏ မျှော်လင့်ချက် မှေး မှိန်ခဲ့သည်။

နည်းပြဂတ်တူဆို၏ အေစီ မီလန်က လူစားဝင်ကစားသမား အန်ဒရီဆေးလ်ဗား၏ တစ်လုံး တည်းသော နောက်ကျအနိုင်ဂိုး ဖြင့် ဂျီနိုအာကို အနိုင်ရပြီး ယူရို ပါလိဂ်တွင် အာဆင်နယ်ကို ရှုံးနိမ့်မှုမှ ရုန်းထွက်နိုင်ခဲ့သည်။

လာဇီယိုက ဂယ်ဂလီယာ ရီနှင့် နှစ်ဂိုးစီ သရေကျပြီး လာဇီ ယိုတိုက်စစ်မှူး စီရိုအင်မိုဘိုင်းက ယခုနှစ်ရာသီ ၎င်း၏ လိဂ် ၂၄ ဂိုး မြောက်အဖြစ် နောက်ဆုံးမိနစ် တွင် ချေပဂိုးသွင်းခဲ့သည်။

အခြားပွဲစဉ်များတွင် ဖီအို ရင်တီးနားက ဘင်နီဗန်တိုကို ၁-၀ ဂိုး၊ အတ္တလန်တာက ဘို လော့ဂ်နာ ကို ၁-၀ ဂိုး၊ တိုရီနိုက ဆမ်ဒိုးရီးယားကို ၄-၁ ဂိုးဖြင့် အ နိုင်ရပြီး ဆတ်ဆူလိုနှင့် SPAL တို့ ဂိုးမရှိ သရေကျခဲ့သည်။

—Ref:AFP