Daily Mail

ဇူးရစ်- ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ တွင် ကျင်းပသော ဖီဖာ၏ ပထမ ဆုံး Best FIFA Football Awards ဆုပေးပွဲ၌ ခရစ်တီယာနိုရော်နယ် ဒိုအား ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခဲ့သည်။

ရီးရဲလ်မက်ဒရစ်နှင့် ပေါ်တူ ဂီတိုက်စစ်မှူး ရော်နယ်ဒို (၃၁)နှစ်သည် ဘာစီလိုနာမှ မက်ဆီနှင့်အက်သလက်တီကို မက်ဒရစ်မှ ဂရစ်ဇ်မန်းတို့ကို ကျော်ဖြတ်၍ယင်းဆုကို ဆွတ်ခူးသွားခြင်းဖြစ် သည်။

ရော်နယ်ဒိုသည် ဒီဇင်ဘာ ကလည်း ဘလွန်းဒီအောဆုရရှိ ခဲ့ပြီး ယင်းဆုနှစ်ဆုစလုံးသည် ရော်နယ်ဒို၏ ချန်ပီယံလိဂ်တွင် ရီးရဲလ်၏ အောင်မြင်မှုနှင့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ပေါ်တူဂီနှင့် အောင်မြင်မှုတို့ကို ဂုဏ်ပြုခြင်း ဖြစ်သည်။

‘‘၂၀၁၆ ဟာ ကျွန်တော့် ကစားသမားဘ၀ အကောင်းဆုံး နှစ်ပါ’’ဟု ရော်နယ်ဒိုက ဆုလက် ခံမိန့်ခွန်းတွင် ပြောကြားသည်။

လက်ရွေးစင်အသင်းနည်း ပြ၊ အသင်းခေါင်းဆောင်၊ ရွေး ချယ်ထားသော မီဒီယာနှင့် အွန် လိုင်း ပရိသတ်များ၏ ရွေးချယ်မှု ပါ ထည့်သွင်းစဉ်းစားခဲ့ရာ ရော်နယ်ဒိုက ၃၄ ဒသမ ၅၄ ရာခိုင်နှုန်း၊မက်ဆီက ၂၆ ဒသမ ၄၂ ရာခိုင်နှုန်းနှင့် ဂရစ်ဇ်မန်းက ၇ ဒသမ ၅၃ ရာခိုင်နှုန်းအမှတ်များရရှိခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးဘော လုံးသမားဆုကို ရော်နယ်ဒိုက (၄) ကြိမ်မြောက်ရရှိခြင်းဖြစ်ပြီး ယနေ့အခမ်းအနားသို့ တက် ရောက်ခြင်းမရှိသော ဘာစီလိုနာ မှ မက်ဆီက (၅)ကြိမ်ရရှိထား သည်။

အင်္ဂလိပ် ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်း၏ နည်းပြ ရာနီရေရီက အကောင်းဆုံးအမျိုးသားနည်းပြဆုရရှိခဲ့သည်။

အမေရိကန်မှ ကာလီလွိုက် က ကမ္ဘာ့အကောင်းဆုံးအမျိုးသ မီးဘောလုံးသမားဆု ရရှိခဲ့သည်။ အကောင်းဆုံးအမျိုးသမီး နည်းပြ ဆုကို ဂျာမနီနည်းပြဟောင်း ဆီလ်ဗီယာနိုက်ဒ်က ရရှိခဲ့သည်။

တစ်နှစ်တာအတွင်း အ ကောင်းဆုံးဂိုးဆုဖြစ်သော ပွတ်ရှ်စကတ်စ်ဆုကို မလေးရှားနိုင်ငံ ပီနန်အသင်းမှ မိုဟာမက်ဖေ့ဇ်ဆူဇာရီက ရရှိခဲ့သည်။ မလေးရှားစူပါလိဂ်တွင် ၃၅ ကိုက်အကွာမှ ၎င်းကန်လိုက်သော ဘောလုံးဝဲဘက် ထောင့်ဆီ ဦးတည်သွားခဲ့ရာမှ လက်ယာဘက်ထောင့်သို့ ၀င် သွားခဲ့သဖြင့် ကမ္ဘာ့အကောင်းဆုံး ဂိုးအဖြစ် သတ်မှတ်ခံရခြင်းဖြစ် သည်။

အကောင်းဆုံးပရိသတ်ဆု ကို ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပွဲမတိုင်မီ နှစ်သင်းစလုံး၏ ကြွေး ကြော်သံသီချင်း ‘You will Never Walk Alone’ကို သံပြိုင်သီဆိုခဲ့ သော လီဗာပူးနှင့် ဒေါ့မွန်ပရိ သတ်များက ရရှိခဲ့သည်။

—Ref: BBC