ချန်ပီယံလိဂ် ခြေစစ်ပွဲ တတိယအဆင့်၊ ပထမအကျော့ပွဲ စဉ်များတွင် စတန်းဒက်လီဂီကနှစ် ဂိုးရှုံးနေရာမှ ပြန်လည်တိုက်ပွဲဝင် ကာ အေဂျက်ဇ်နှင့် နှစ်ဂိုးစီ သရေ ကျပြီး ဘင်ဖီကာက ဖီနာဘာချီကို ၁-၀ ဂိုးဖြင့် ကပ်နိုင်ခဲ့သည်။

စတန်းဒက်လီဂီ အိမ်ကွင်း ပွဲတွင် ဟန်တဲလားနှင့် တာဒစ်တို့ ၏ ပထမပိုင်းသွင်းဂိုးများဖြင့် အေ ဂျက်ဇ်က ဦးဆောင်ခဲ့သော်လည်း စတန်းဒက်လီဂီမှ ဂွန်ဇာလက်နှင့် အီမွန်းတို့က ဒုတိယပိုင်း၌ ချေပ ပြီး သရေကျခဲ့သည်။

အေဂျက်ဇ်နှင့် စတန်းဒက် လီဂီပွဲမှ အနိုင်ရအသင်းသည် စလာဗီးယားပရပ်ဂ် (သို့) ဒိုင်နမိုကိဗ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ စလာဗီးယားပရပ်ဂ်နှင့် ဒိုင်နမို ကိဗ်တို့က  ပထမအကျော့တွင် တစ်ဂိုးစီ သရေကျခဲ့သည်။

လစ္စဘွန်းမြို့တွင် ကစား သောပွဲ၌ ဘင်ဖီကာက ဖီနာဘာချီ ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဘီလာရုစ်မှ BATE အသင်း ကလည်း ယမန်နှစ်က ခြေစစ်ပွဲ အောင်ခဲ့သော ကာရာဘတ်ကို ၁-၀ ဂိုးဖြင့် ပထမအကျော့တွင် အနိုင်ရရှိခဲ့သည်။ ယင်းနှစ်သင်း အနက် အနိုင်ရသောအသင်းက ပီအက်စ်ဗီနှင့် ရင်ဆိုင်ရမည်ဖြစ် သည်။

အခြားပွဲစဉ်များတွင် ဒိုင်နမို ဇာဂရက်ဂ်က အက်စ်တာနာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး မယ်လ် မိုနှင့် ဗီဒီတို့ တစ်ဂိုးစီသရေကျကာ ရက်ဒ်စတား ဘဲလ်ဂရိတ်နှင့် စပါ ကတ်တာနာဗာတို့လည်း တစ်ဂိုး စီ သရေကျခဲ့သည်။

—Ref:Rerters