ရီးရဲလ်သို့ထွက်ခွာမည့် ဘယ်လ်ဂျီယံဂိုးသမား ကော့ တွိုက်စ်၏နေရာတွင် အစားထိုး ရန် ချယ်လ်ဆီးက ဘီလ်ဘာအိုမှ ဂိုးသမားကက်ပါအရီဇာဘာလာ ဂါကို ယူရိုသန်း ၈၀ (ပေါင် ၇၁ သန်း) ဖြင့် ခေါ်ယူရန် သဘောတူ ခဲ့သည်။ ကစားသမား၏ ကိုယ်စား လှယ်များနှင့် ရှေ့နေများ ဗလင်စီ ယာမြို့ရှိ လာလီဂါဌာနချုပ်သို့ သွား၍ ယင်းအဖိုးအခကိုပေးခဲ့ပြီး ယခုအခါကက်ပါသည် ဘီလ်ဘာ အိုနှင့် စာချုပ်တစ်ဖက်သတ်ဖျက် သိမ်းရေး လိုအပ်ချက်များ

 ရီးရဲလ်သို့ထွက်ခွာမည့် ဘယ်လ်ဂျီယံဂိုးသမား ကော့ တွိုက်စ်၏နေရာတွင် အစားထိုး ရန် ချယ်လ်ဆီးက ဘီလ်ဘာအိုမှ ဂိုးသမားကက်ပါအရီဇာဘာလာ ဂါကို ယူရိုသန်း ၈၀ (ပေါင် ၇၁ သန်း) ဖြင့် ခေါ်ယူရန် သဘောတူ ခဲ့သည်။

ကစားသမား၏ ကိုယ်စား လှယ်များနှင့် ရှေ့နေများ ဗလင်စီ ယာမြို့ရှိ လာလီဂါဌာနချုပ်သို့ သွား၍ ယင်းအဖိုးအခကိုပေးခဲ့ပြီး ယခုအခါကက်ပါသည် ဘီလ်ဘာ အိုနှင့် စာချုပ်တစ်ဖက်သတ်ဖျက် သိမ်းရေး လိုအပ်ချက်များ ပြည့် စုံပြီဖြစ်ကြောင်း သြဂုတ် ၈ ရက် ထုတ် ဘီလ်ဘာအိုသတင်း၏ ကြေညာချက်တစ်ရပ်၌ ဖော်ပြ ထားသည်။ ၎င်းသည် ချယ်လ်ဆီး အတွက် ဆေးစစ်မှုခံယူမည်ဖြစ် သည်။

ကက်ပါအတွက် စာချုပ် ဖျက်သိမ်းကြေးအတိုင်း လက်ခံရ ရှိပြီးဖြစ်ကြောင်း ဘီလ်ဘာအိုက အတည်ပြုကာ စာချုပ်ပါ နစ်နာ ကြေးအတိုင်း ကြိုတင်ပေးသွင်း ပြီးဖြစ်ကြောင်း ဖော်ပြသည်။ ၎င်း သည် ဘီလ်ဘာအိုသို့ ၂၀၀၄- ၀၅ ရာသီက ရောက်လာပြီး ၎င်း၏အပြောင်းရွှေ့ကြေးသည် ရီးရဲလ်တိုက်စစ်မှူး မိုရက်တာကို ချယ်လ်ဆီးက ကနဦးပေါင် ၅၈ သန်းဖြင့် ခေါ်ယူခဲ့သော စံချိန်ကို ကျိုးပျက်မည်ဖြစ်သည်။

ကက်ပါ၏ ပြောင်းရွှေ့ကြေး ကြောင့် လီဗာပူးက ဂိုးသမားအ လီဆင်အတွက် ပေးရသော ပေါင် ၆၅ သန်းကို ကျော်၍ ကမ္ဘာ့ ဈေးအကြီးဆုံး ဂိုးသမားဖြစ်လာ မည်ဖြစ်သည်။

ကက်ပါ ချယ်လ်ဆီးသို့ ရောက်လာခြင်းနှင့်အတူ ကော့ တွိုက်စ်သည် ရီးရဲလ်သို့ပြောင်း ရွှေ့ရေး အားလုံးပြင်ဆင်ထားပြီး ဖြစ်သည်။

ရီးရဲလ်က ကော့တွိုက်စ်ကို ယူရို ၃၅ သန်း (ပေါင် ၃၁ သန်း) ဖြင့် ခေါ်ယူရန်ပြင်ဆင်ထားပြီး ချယ်လ်ဆီးက ၎င်းကိုရောင်းရငွေ ဖြင့် ကက်ပါအတွက် ငွေဖြည့်သုံး စွဲခြင်းဖြစ်သည်။

ရီးရဲလ်ကွင်းလယ်လူ ကိုဗာဆစ်ကိုလည်း ချယ်လ်ဆီးက အ ငှားခေါ်ရန် ပြင်ဆင်ထားပြီး နည်း ပြဆာရီသည် သြဂုတ် ၉ ရက် ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီ အပြောင်းအရွှေ့မပိတ်မီ အလျင် အမြန် လှုပ်ရှားရမည်ဖြစ်သည်။ ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဟက်ဒါဖီးလ်နှင့် စနေနေ့တွင် ရင်ဆိုင်ရမည်ဖြစ် သည်။

—Ref:Goal