မန်ချက်စတာစီး တီးအသင်းက သြစတြေးလျလက် ရွေးစင် ကွင်းလယ်လူ ဒယ်နီယယ် အာဇာနီကို မဲလ်ဘုန်းစီးတီးအ သင်းမှ ခေါ်ယူလိုက်သည်။

 မန်ချက်စတာစီး တီးအသင်းက သြစတြေးလျလက် ရွေးစင် ကွင်းလယ်လူ ဒယ်နီယယ် အာဇာနီကို မဲလ်ဘုန်းစီးတီးအ သင်းမှ ခေါ်ယူလိုက်သည်။


အီရန်နိုင်ငံဖွား ဒယ်နီယယ် (၁၉) နှစ်သည် ကြီးမားသောအ လားအလာရှိသူဟု သတ်မှတ်ခံ ထားရပြီး ယမန်နှစ်သြစတြးလျ ဘောလုံးလိဂ်ပြိုင်ပွဲ (A-League) ၏ အကောင်းဆုံး လူငယ်ကစား သမားဆု ရရှိခဲ့သည်။

ဆယ်ကျော်သက်လူငယ်၏ ကစားသမားဘဝ ထပ်မံတိုးတက် လာစေရန် အခြားအသင်းတစ် သင်းသို့ အငှားချထားမည်ဟု မဲလ်ဘုန်းအသင်း၏ မိခင်က လပ်ဖြစ်သော မန်စီးတီးအသင်း က ပြောကြားသည်။

ဆဲလ်တစ်မန်နေဂျာ ဘရန် ဒန်ရော်ဂျာက ယင်းလူငယ်ကစား သမားကို ခေါ်ယူရန် ပစ်မှတ်ထား ခဲ့သဖြင့် ဒယ်နီယယ်ကို ယင်း အသင်းသို့ပင် အငှားချထားဖွယ်ရှိ သည်။ 

ဒယ်နီယယ်သည် အချိန်တို အတွင်း သြစတြေးလျ အတောက် ပဆုံး လူငယ်ကြယ်ပွင့် ဖြစ်လာပြီး အမြင့်ဆုံးအဆင့်တွင် အောင်မြင် ရန် လိုအပ်သော ပါရမီနှင့် စိတ် အားထက်သန်မှုကို ပြသခဲ့သည် ဟု မန်စီးတီးအုပ်စု၏ ကမ္ဘာလုံး ဆိုင်ရာ ဘောလုံးဒါရိုက်တာ ဘရိုင်ယန်မားဝုဒ်က ပြောသည်။

ယင်းလမ်းကြောင်းသည် လွန်ခဲ့သော ၂ နှစ်က အေရွန်မွိုင် လျှောက်လှမ်းခဲ့သည့် လမ်း ကြောင်းအတိုင်းဖြစ်ပြီး သြစတြေး လျနိုင်ငံမှ အရည်အချင်းမီ ကစား သမားတစ်ဦး ထပ်မံပေါ်ထွက်လာ ၍ ဝမ်းမြောက်မိသည်ဟု ၎င်းက ပြောသည်။

မန်စီးတီးက အေရွန်မွိုင် (၂၇) နှစ်ကို ၂၀၁၆ တွင် မဲလ် ဘုန်းမှ ခေါ်ယူခဲ့ပြီး ခြောက်ရက် အကြာ၌ ဟက်ဒါဖီးလ်သို့ အငှား ချခဲ့ကာ ၂၀၁၇ တွင် ဟက်ဒါဖီးလ် ကို ပရီးမီးယားလိဂ်သို့ တန်းတက် ရေး ကူညီပြီးနောက် အပြီးပြောင်း ရွှေ့ခဲ့သည်။

ဒယ်နီယယ်သည် ရုရှား ကမ္ဘာ့ဖလားတွင် ပြင်သစ်၊ ဒိန်း မတ်နှင့် ပီရူးတို့နှင့်ပွဲများ၌ ပါဝင် ကစားပြီး သြစတြေးလျ နိုင်ငံ၏ အသက်အငယ်ဆုံး ကမ္ဘာ့ဖလား ကစားသမားဖြစ်လာသည်။

—Ref:BBC