ဘုန်းမောက်ကစပိန်နိုင်ငံ လီဗန်တေးအသင်းမှ ကိုလံဘီယာ အသင်း ကွင်းလယ်လူ ဂျက်ဖာ ဆန်လာမာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ ကြောင်း ပရီးမီးယားလိဂ် ဘုန်း မောက်အသင်းကကြေညာသည်။

ဘုန်းမောက်ကစပိန်နိုင်ငံ လီဗန်တေးအသင်းမှ ကိုလံဘီယာ အသင်း ကွင်းလယ်လူ ဂျက်ဖာ ဆန်လာမာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ ကြောင်း ပရီးမီးယားလိဂ် ဘုန်း မောက်အသင်းကကြေညာသည်။


အသက် (၂၃) နှစ်အရွယ် လာမာသည် ဘုန်းမောက်နှင့် ပေါင် ၂၅ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

‘‘ဒီနှစ်နွေရာသီမှာ ကျွန် တော်တို့ လာမာကိုလိုက်ဝယ်နေ တယ်ဆိုတာလည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ လာမာဟာ ပါရမီ ရှင် ကစားသမား၊ အရမ်းတော်တဲ့ အားကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့ ကွင်းလယ်ကို မတူ ညီတဲ့ စတိုင်တွေ သယ်ဆောင်လာ ပါလိမ့်မယ်’’ ဟု ဘုန်းမောက်နည်း ပြ အက်ဒီဟိုဝီက ပြောသည်။

၎င်းတွင် ပရီးမီးယားလိဂ်နှင့် ကိုက်ညီသော အရည်အချင်းအ များအပြားရှိပြီး တွဲဖက်အလုပ် လုပ်ရန် မျှော်လင့်စောင့်စားနေ သည်ဟု ဟိုဝီကပြောသည်။

လာမာသည် ရုရှားကမ္ဘာ့ ဖလားတွင် ကိုလံဘီယာက အင်္ဂ လန်ကို မရှုံးမီလေးပွဲစလုံးပါဝင် ကစားခဲ့ပြီး လီဗန်တေး၌ သုံး ရာသီရှိနေစဉ် ပြိုင်ပွဲစုံတွင် ၉၃ ပွဲ ကစားခဲ့ကာ သုံးဂိုးသွင်းယူခဲ့ သည်။

‘‘ကျွန်တော်က ပရီးမီးယား လိဂ် ကစားဟန်ကို အမြဲတမ်းပဲ ကြိုက်နှစ်သက်ခဲ့ပြီး ဒီအခွင့်အ ရေး ရရှိလို့ အရမ်းကို ပျော်ရွှင် ပါတယ်’’ ဟု လာမာက ပြောကြား သည်။

ဘုန်းမောက်သည် ၂၀၁၅ တွင် ပရီးမီးယားလိဂ်သို့ တန်း တက်ပြီး ပြီးခဲ့သည့်ရာသီကနံပါတ်(၁၊၂) နေရာရရှိခဲ့သည်။

—Ref:AFP