ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်ရောက်ရှိလာခြင်း က ဥရောပချန်ပီယံသုံးကြိမ်ရ ရီးရဲလ်မက်ဒရစ်တွင် ဆက်ရှိရန် မိမိ၏ ဆန္ဒကို မထိခိုက်ကြောင်း ရီးရဲလ်မက်ဒရစ်ဂိုးသမား ကာလာနာဗက်စ်ကပြောကြားပြီး ပုံမှန်ပွဲ ထွက်ခွင့်ရရန် အခြားအသင်းသို့ ပြောင်းရွှေ့ရေး ၎င်းက ပယ်ချခဲ့ သည်။

ရီးရဲလ်မှ ထွက်ခွာရေး စိတ် အားထက်သန်မှုသည် သေခြင်း တရားနှင့် ရင်ဆိုင်ရေး စိတ်အား ထက်သန်မှုကဲ့သို့ ဖြစ်သည်ဟု နယူးဂျာစီမြို့၌ ရိုးမားသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိသော ခြေ စမ်းပွဲအပြီးတွင် နာဗက်စ်က  သတင်းထောက်များအား ပြော ကြားသည်။

ကော်စတာရီကာ လက်ရွေး စင်သည် ရီးရဲလ်သို့ ၂၀၁၄ က ရောက်ရှိပြီး ၂၀၁၆ နှင့် ၂၀၁၈ ကြားတွင် ဥရောပချန်ပီယံသုံး ကြိမ်ဆက်တိုက်ရရှိအောင် အ သင်းကို ကူညီခဲ့ကာ ၂၀၁၇ က လာလီဂါဖလားလည်း ရရှိခဲ့ သည်။ သို့သော် ၂၀၁၈ ရုရှားကမ္ဘာ့ ဖလားတွင် အကောင်းဆုံးဂိုးသ မားရရှိသော ကော့တွိုက်စ် ရောက်ရှိလာပြီးနောက် ရီးရဲလ် ၏ နံပါတ် (၁) ဂိုးသမားအဖြစ် နာဗက်စ်၏နေရာ မရေမရာ ဖြစ် လာသည်။

ထိုအတောအတွင်း ကော့ တွိုက်စ်က ရီးရဲလ်နှင့် ခြောက်နှစ် စာချုပ်ချုပ်ဆိုရန် သဘောတူခဲ့ပြီး ရီးရဲလ်က ၎င်းအတွက် ချယ်လ်ဆီးအား ယူရို ၃၅ သန်း ကနဦး ပေးချေမည်ဖြစ်ကြောင်း ရီးရဲလ် က တရားဝင်ပြောကြားပြီး ကွင်း လယ်လူ ကိုဗာဆစ်ကို ချယ်လ် ဆီးသို့ အငှားချထားသည်ဟု ပြောကြားသည်။

ချယ်လ်ဆီးသည် ကော့ တွိုက်စ်နေရာ အစားထိုးရန် ဘီလ်ဘာအိုဂိုးသမား ကက်ပါကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ဖြင့် ယမန်နေ့က ခေါ်ယူ ခဲ့သည်။ 

—Ref:Reuters