နိုင်ငံပိုင်နက်ထဲ ဒုံးကျည်များ ကျရောက်ခဲ့သည့်နောက် ဂါဇာကမ်းမြှောင် ဒေသတွင် အစ္စရေးက လက်တုံ့ပြန်ကာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


နိုင်ငံပိုင်နက်ထဲ ဒုံးကျည်များ ကျရောက်ခဲ့သည့်နောက် ဂါဇာကမ်းမြှောင် ဒေသတွင် အစ္စရေးက လက်တုံ့ပြန်ကာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဩဂုတ် ၈ ရက်က ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ်များကို အစ္စရေးက လေကြောင်းမှ ချေမှုန်း တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၃ ဦးမျှ သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ကြေညာသည်။ သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် သူမ၏ တစ်နှစ်အရွယ် သမီးငယ်တို့လည်း ပါဝင်ခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစ္စရေးနှင့် ကမ္ဘာ့ရန်သဖွယ် ရပ်တည်နေပြီး ဂါဇာကို စီမံ အုပ်ချုပ်နေသည့် ဟားမားစ် စစ်သွေးကြွ အဖွဲ့ဝင် တစ်ဦးလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်။

အစ္စရေး မီဒီယာများက စစ်သွေးကြွများ ပစ်ခတ်လိုက်သည့် ဒုံးကျည်ထိမှန်မှုကြောင့် ဂါဇာနှင့် နယ်ခြားရှိ ဆာဒီရော့နှင့် အခြားမြို့များတွင် အရပ်သားအချို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

အီဂျစ်နှင့် ကုလသမဂ္ဂတို့က အစ္စရေးနှင့် ဟားမားစ်တို့ကြား အပစ်အခတ် ကာလရှည်ကြာ ရပ်စဲထားစေရေး ဦးဆောင် ဆွေးနွေးနေချိန်တွင် ယခုနောက်ဆုံး ပဋိပက္ခများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အစ္စရေး ပိုင်နက်သို့ ဒုံးကျည်ပစ်ခတ်မှုမှာ ၎င်းတို့၏ လက်ချက်ဟာ ဟားမားစ် စစ်သွေးကြွ ယူနစ်တစ်ခုက အတည်ပြုပြီး ယင်းသည် ယခုသီတင်းပတ် အစောပိုင်းက အစ္စရေး၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၎င်းတို့၏ အဖွဲ့သားနှစ်ဦး သေဆုံးခြင်းကို လက်တုံ့ပြန်ခြင်းဟု ကြေညာခဲ့သည်။ 

နာရီပိုင်း အကြာတွင်မူ ဂါဇာရှိ လက်နက်ရုံ တစ်ခုအပါအဝင် မဟာဗျူဟာပစ်မှတ် နေရာပေါင်း ၁၄၀ ကျော်ကို အစ္စရေးလေတပ် တိုက်လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

Ref: Reuters