ဒီရက်ပိုင်း မိုးကောင်း နေတာကြောင့် မိုး အေးအေးမှာ ဇိမ်ကျ ကျနေနိုင်ဖို့ အားလပ်ရက်မှာဖတ် စရာအဖြစ် ရသနဲ့သုတမျှမျှတတ ပေါင်းစပ်ထားတဲ့ ချင်းတွင်း မဂ္ဂဇင်းကိုညွှန်းဆိုလိုက်ပါတယ်။

ဒီရက်ပိုင်း မိုးကောင်း နေတာကြောင့် မိုး အေးအေးမှာ ဇိမ်ကျ ကျနေနိုင်ဖို့ အားလပ်ရက်မှာဖတ် စရာအဖြစ် ရသနဲ့သုတမျှမျှတတ ပေါင်းစပ်ထားတဲ့ ချင်းတွင်း မဂ္ဂဇင်းကိုညွှန်းဆိုလိုက်ပါတယ်။


နှစ်လတစ်ကြိမ်ထုတ်ဝေတဲ့ ချင်းတွင်းမဂ္ဂဇင်းအသစ်မှာ ထုံးစံ အတိုင်း စာကောင်းတွေချည်းရေး ခြယ်ဖော်ပြထားတာ တွေ့ရပါ တယ်။ ချင်းတွင်းရဲ့ဟန်ပန်အ တိုင်း ကဗျာကဏ္ဍမှာမောင်လင်း ကြည်၊ နေမျိုး၊ သိန်းသန်းဦးတို့ရဲ့ ကဗျာတွေဖတ်ရပါမယ်။ ဒီလိုပဲ ဆောင်းပါးကဏ္ဍမှာ မြင့်သန်း၊ ဂျူး၊ စောလူ၊ ဒေါက်တာတင် အောင်တို့ရဲ့ဆောင်းပါးကောင်း တွေကို နှစ်ခြိုက်မိမှာပါ။  တစ်ဖန် ရသစာတမ်းမှာလည်း ဌေးကြည် (စလင်း)နဲ့ ဂျူးတို့ရဲ့ရသစာတွေ ဖတ်ရမှာပါ။ ထူးခြားတာကတော့ ယခုနောက်ပိုင်းစာရေးကျဲနေတဲ့ ဆရာမဂျူးရဲ့စာနှစ်ပုဒ်ပါဝင်တာ ပါပဲ။ ပင်ကိုရေးနဲ့ ဘာသာပြန် ၀တ္ထုအဖြစ် တက္ကသိုလ်ဘုန်းနိုင်နဲ့ ဝေယံဘုန်းတို့ရဲ့ ၀တ္ထုတွေဖတ်ရ သလို မှတ်စုကဏ္ဍမှာတော့ကဗျာ ဆရာမောင်အောင်ပွင့်ရဲ့ကောက် ယူခဲ့သောပုလဲလုံးများဆိုတဲ့ ပြည် တွင်း၊ပြည်ပပုဂ္ဂိုလ်တွေရဲ့ထူးခြား တဲ့အဆိုအမိန့်တွေကို သီကုံးထား တာဖတ်ရပါမယ်။

ဆရာမဂျူးရဲ့ ‘လူမှုမီဒီယာ ၏ ဖရန်ကင်စတိန်း’ ဆောင်းပါး တစ်နေရာမှာ ‘လူတို့သည် လေ့ လာတိုးတက်မှုအတွက် အွန်လိုင်း မှ ဆောင်းပါးတို့ကိုသာ ဖတ်နေ သည့်လောကကြီး၊ သူတို့၏ဖျော် ဖြေမှုအတွက် ဖေ့စ်ဘွတ်ခ်စသည့် လူမှုမီဒီယာကိုသာ ဖွင့်နေကြ သည့်လောကကြီးတွင် စာရေး ခြင်း၏ သဘာဝနှင့်ရည်ရွယ်ချက် သည်လည်း ပြောင်းလဲခဲ့ပြီ။ စာ ရေးဆရာတို့သည် ယခုအခါ လက်ဖျားဖြင့် ထောက်နှိပ်ခြင်း (Click)နှင့် နှစ်သက်ခြင်း (Like) တို့၏ ချုပ်ကိုင်ခြင်းကို ခံနေရပြီ။ စာရေးဆရာတို့အလုပ်ဖြစ်ခြင်း၊ အလုပ်မဖြစ်ခြင်းတို့သည် သူတို့ ၏ မူလအရည်အသွေးစာပေအ လုပ်ပေါ်မှာ မူတည်ခြင်းမဟုတ် တော့ဘဲ လူကြိုက်များခြင်း၊ မများခြင်းပေါ်မှာသာ တည်နေ တော့သည်။ ကျွန်မတို့မှာ မိတ် ဆွေဘယ်လောက်များများ ရှိ သည်၊ ကျွန်မတို့၏ဘလော့ဂ်ကို ချီးကျူးသူဘယ်လောက်ရှိသည်၊ ကျွန်မတို့၏ ဆောင်းပါးကို လူ ဘယ်လောက်များများ မျှဝေ (Share)သည်စသည့် အင်တာ နက်၏ကိန်းဂဏန်းအစွဲအလန်း တို့ကြောင့်  အောင်မြင်မှုဆိုသည့် အရာကို နက်နဲသည့်တွေးခေါ်မှု ဖြင့် ဆုံးဖြတ်မခံရဘဲ ကိန်းဂဏန်း တို့ဖြင့်သာ သတ်မှတ်စံပြုကြ တော့သည်။ စာရေးခြင်းဆိုသည် မှာ ကိုယ့်ကိုယ်ကိုယ်ဖော်ပြရေးဖွဲ့ ခြင်းဖြစ်ခဲ့ဖူး၏။ ယခုအခါ ကိုယ့် ကိုယ်ကိုယ်အရောင်းမြှင့်တင်ခြင်း ဖြစ်သွားလေပြီ။ ကျွန်မတို့၏ လက်ရှိအခြေအနေကို အချိန်နှင့် အမျှ ခေတ်မီနေအောင်စိတ်ဂနာ မငြိမ်စွာလိုက်ပြီး ပုံဖော်ကြဖို့ ကျွန်မတို့အားလုံး အဲသည်လိုပဲ ပြုမူနေကြသည်။ တစ်စုံတစ် ယောက်သည် မိမိအွန်လိုင်းမှာ တင်လိုက်သောလက်ရှိအခြေအ နေ(Status)တစ်ခုကို မိတ်ဆွေ ဘယ်နှယောက်က လက်ခံလဲစစ် ဆေးကြည့်ဖို့ ဘယ်တုန်းကမှ စိတ် မပူခဲ့၊ အရေးမစိုက်ခဲ့ဘူးဆိုလျှင် ထိုသူသည် လူလိမ်တစ်ယောက်ပဲ ဖြစ်လိမ့်မည်။ ကျွန်မတို့သည် နား လည်ဖို့ စာရေးသည်ထက် နှစ် သက်လက်ခံဖို့ စာရေးနေမိကြပြီ’ လို့ ရေးထားတာဖတ်ရပါမယ်။

ဒီလိုပဲ ယေးလ်တက္ကသိုလ် ပါမောက္ခဂျိမ်းစကော့နဲ့ စကား စမြည်အခန်းမှာ ဆရာကိုတာက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအ နေနဲ့ ချိန်ထိုးနိုင်ဖို့ယခုလိုရေးထား ပါတယ်။

စကော့။။ လူထုက ခေါင်း ဆောင်တစ်ယောက်ကို မျှော်လင့် ချက်တွေနဲ့ ရွေးလိုက်တယ်။ ခေါင်းဆောင်နဲ့ပါတီဟာ တစ်စုံ တစ်ရာ ကြွေးကြော်တာပေါ့။ သည်းခြေကြိုက်ပေါ့။ လူအုပ် ကြိုက်စကား (Crowd Pleasers) တွေ ပြောတာပေါ့။ ဒီမိုကရေစီ ရ မယ်၊ အပြောင်းအလဲလုပ်မယ်၊ အဂတိတိုက်ဖျက်မယ် ဒါမျိုးတွေ ပေါ့။

သို့သော်.. အစိုးရဖြစ်လာတဲ့အခါ စနစ်ကြီး(ရှိနှင့်နေတဲ့စနစ် ဟောင်းအရင်းရှင်နဲ့စစ်စနစ်)ကို ‘တို့’ရဲဖို့ခက်မယ်။ တို့ရင် ဈေး ကွက်၊ စီးပွားရေးကမောက်ကမ ဖြစ်ခြင်း...ကြုံမှာစိုးတယ်။ ထိုင်ခုံ မှာလည်း ထိုင်ချင်သေးတာကိုး။ ဒါနဲ့ပဲ မတို့ရဲတော့ဘူး။

တောင်အာဖရိကမှာတော့ အပါသိုက်စနစ်ကို တိုက်ပြီးတဲ့အ ခါ ဆိုရှယ်လစ်အမြင်(Socialist Perspective)ကို မဲင်ဒဲလားက စွန့်လိုက်တာပ။ သူ့မှာ ရွေးစရာ မရှိတော့လို့လားတော့ မသိဘူး။

တာ ။ ။ဆက်လက်ဟောတော်မူပါ။

စကော့။။ သည်းခြေကြိုက်တစ် ခုခုကို ကြွေးကြော်ပြီးလူအုပ်ကို လှုံ့ဆော်ရတာလွယ်တယ်။ သို့ သော်ရှိနှင့်နေတဲ့စနစ်ကို ပြင် မလား၊ ဒီအတိုင်းထားမလားရွေး ရတာက ခက်တယ်။ အစိုးရဟာ ပိုခက်ခဲတဲ့ရွေးစရာဆီကို မလွဲ မသွေရောက်လာတော့တာကိုး။ မလွတ်လပ်ခြင်း၊ ခြစားခြင်း၊ သင့် တင့်လျောက်ပတ်တဲ့နေမှုထိုင်မှု မရခြင်းစတာတွေက လူထုကိုအ မှန်စင်စစ် အနေရကျပ်၊ ကသိ ကအောက်ဖြစ်စေတာကလား။ အုပ်ချုပ်တဲ့ခေါင်းဆောင်နဲ့ပါတီ ဟာ လွတ်လပ်တယ်ဆိုတာ တာ ၀န်သိရသေးတယ်။ ဒီမိုကရေစီ အတွက် ရင့်ကျက်မှုလိုသေး တယ် စသည်ဖြင့် လူထုကိုစပြော တော့တာပ။ အုပ်ချုပ်လို့လွယ် အောင် လုပ်တော့တာပ။ Governmentality လို့ခေါ်တယ်။

တာ ။။ စိတ်လှုပ်ရှားနေကြ တဲ့အဆင့် ကျော်လွန်လာပြီး နောက်တစ်ဆင့်ကို ဘယ်ကိုလှမ်း မလဲ။ အုပ်ချုပ်သူတွေဟာ အာ ဏာရှင်ဘက်ဆီကိုလည်း မယိမ်း ဘဲ လှမ်းမယ်။ ရှိနှင့်တဲ့စနစ်ကို လည်း တို့ရမယ်၊ ထိုစနစ်ကြီးကို ပြောင်းရမယ်၊ ခင်ဗျားက အဲသ လို ပြောချင်တာလား။

စကော့။။ မဲင်ဒဲလားရဲ့ ကျရှုံးမှု လို မဖြစ်ရလေအောင်၊ မူဂါဘီ လည်း မဖြစ်ဘဲ....။

မဲင်ဒဲလားကတော့ ကိုယ် ကျင့်တရားနဲ့ နိုင်ငံရေးမှာကြီးမား လို့ သူရဲကောင်း (Universal Hero လို့တောင်ချီးပကြတယ်။) ဖြစ်ပါရဲ့။ ဒါပေမဲ့ အဆုံးသတ်မှာ ခါးသီးနေတဲ့လူအိုကြီးဆိုပဲ။ သူ ဟာ တကယ့်ပါဝါကြီးကို ထိမှ မထိတာပဲတဲ့။ ဘိုလိုပြောပါရစေ။ He really did’t disturb the global order of power’ လို့ ဖတ် ရပါမယ်။

ယခုစာအုပ်ကို တန်ဖိုး ၂,၅၀၀ ကျပ်နဲ့ ဖြန့်ချိပြီး ဖုန်း ၀၉- ၄၅၀၀၆၅၅၁၅ ထံဆက်သွယ်မှာ ယူနိုင်ပါတယ်။