ဓာတ်ပုံရိုက်ကူးရာတွင် AI (အသိဉာဏ်တု) နည်းပညာများ ထည့်သွင်းထားသည့် ကင်မရာ လေးလုံးပါ Nova စီးရီးအလတ် တန်းစား စမတ်ဖုန်းသစ်နှစ်မျိုးဖြစ် သော Nova 3 နှင့် Nova 3i တို့ကို သြဂုတ်အတွင်း ဈေးကွက်ထဲသို့ ပို့ဆောင်မည်ဟု Huawei က ထုတ်ပြန်သည်။

ဓာတ်ပုံရိုက်ကူးရာတွင် AI (အသိဉာဏ်တု) နည်းပညာများ ထည့်သွင်းထားသည့် ကင်မရာ လေးလုံးပါ Nova စီးရီးအလတ် တန်းစား စမတ်ဖုန်းသစ်နှစ်မျိုးဖြစ် သော Nova 3 နှင့် Nova 3i တို့ကို သြဂုတ်အတွင်း ဈေးကွက်ထဲသို့ ပို့ဆောင်မည်ဟု Huawei က ထုတ်ပြန်သည်။

Huawei Nove 3 ကို ကျပ် ၅၅၉,၀၀၀ နှင့် Nove 3i အား ကျပ် ၃၅၉,၀၀၀ ဖြင့် ရောင်းချမည် ဖြစ်သည်။ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၄ ရက် အတွင်း Pre Order စနစ်ဖြင့် ကြိုတင်မှာယူကာ ဝယ်ယူနိုင်မည်ဖြစ်ပြီး သြဂုတ် ၇ ရက် နောက်ပိုင်းမှသာ ဖုန်းဆိုင် များတွင်ရောင်းချမည်ဖြစ်သည်။

Huawei အနေဖြင့် Nova စီးရီး၏ တတိယမျိုးဆက်သစ် စမတ်ဖုန်းများဖြစ်သည့် Nova 3 နှင့် Nova 3i နှစ်ခုစလုံးတွင် iPhone X ကဲ့သို့ Notch ပါရှိသည့် ဒီဇိုင်းဖြင့် ၆ ဒသမ၃ လက်မရှိ သော FullView Display ကို တပ် ဆင်ထားပြီး ရှေ့နောက်နှစ်ဖက်စ လုံးတွင် ကိုင်တွယ်အသုံးပြုရာ၌ ကျစ်လျစ်ချောမွေ့စေရန် 3D ဖန် ကွေးများဖြင့် ဖုံးအုပ်ကာ တပ်ဆင် ပေးထားသည်။ ကင်မရာပိုင်းအ နေဖြင့် Nova 3 တွင် ကျောဘက်၌ f  1.8 ရှိသော 24 MP Monochrome ကင်မရာနှင့် RGB Sensor ပါသော 16 MP နှစ်လုံးကို တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက် တွင် Selfie ရိုက်ကူးရန် 24 MP ကင်မရာနှင့် 2MP ကင်မရာနှစ်လုံး တို့ကို တပ်ဆင်ထားသည်။

Nova 3i တွင် ကျောဘက်၌ 24MP ကင်မရာနှင့် 2MP ကင်မ ရာနှစ်လုံး တပ်ဆင်ထားပြီး ရှေ့ ဘက်တွင် Selfie ရိုက်ကူးရန် 16MP နှင့် 2MP ကင်မရာနှစ်လုံး တွဲဖက်တပ်ဆင်ပေးထားသည်။

အဆိုပါ စမတ်ဖုန်း နှစ်ခုစ လုံးတွင် ကင်မရာလေးလုံးစီပါဝင် သည့်အပြင် AI (အသိဉာဏ်တု) နည်းပညာပါဝင်သဖြင့်  သုံးစွဲသူ များက ဓာတ်ပုံရိုက်ကူးနေချိန်တွင် ကောင်းကင်ပြာ၊ အပင်၊ ပင်လယ် စသည့် မတူညီသည့် ပတ်ဝန်းကျင် အခြေအနေ ပေါင်းနှစ်ရာကျော် ကို ခွဲခြားသိရှိ နိုင်ပြီး ပိုမိုလှပသော ပုံများ ရရှိစေရန် လုပ်ဆောင်ပေး မည်ဖြစ်သည်။

ဖုန်းတွင် မှတ်ဉာဏ်အနေဖြင့် Nova 3 နှင့် Internal 128GB နှင့် RAM 6GB ပါရှိပြီး Nova 3i တွင် Internal 128GB နှင့် RAM 4GB ရှိပြီး Andriod 8.1 ထည့်သွင်းပေး ထားသည်။