e Government လုပ် ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အ ကောင်အထည်ဖော်ဆောင်ရန် နှစ်တိုကာလစီမံကိန်း၊ အလယ် အလတ်ကာလစီမံကိန်း၊ နှစ်ရှည် ကာလ စီမံကိန်းဟူ၍ ကာလအ ပိုင်းအခြားသုံးခုဖြင့် လုပ်ဆောင် မည်ဟု e Government Master Plan (၂၀၁၆-၂၀၂၀) မူကြမ်း၌ ဖော်ပြထားသည်။

နှစ်တိုကာလ စီမံကိန်းဆို သည်မှာ အချိန်ကာလ တစ်နှစ်ကို ဆိုခြင်းဖြစ်သော်လည်း အလယ် အလတ်ကာလ စီမံကိန်းနှင့် နှစ်ရှည်ကာလ စီမံကိန်းအတွက် Master Plan ၌ အချိန်ကာလတစ် ခု သတ်မှတ်ထားခြင်းမရှိပေ။ နှစ် တိုစီမံကိန်းတွင် လက်ရှိအိုင်စီတီ ဆိုင်ရာ အခြေခံအဆောက်အအုံ များနှင့် အသုံးချဆော့ဖ်ဝဲများကို ဝန်ကြီးဌာနများ မျှဝေအသုံးပြု ရန်ဖြစ်သည်။


  အချိန်ကာလဖော်ပြထား ခြင်းမရှိသော အလယ်အလတ် ကာလ စီမံကိန်း၌ အွန်လိုင်းဝန် ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်း မြို့ပြဒေသအားလုံး၌ အသုံးပြုနိုင် စေရန်ဖြစ်ပြီး အစိုးရ၏ ဝန်ဆောင်မှုများကိုလည်း မိုဘိုင်းအက်ပလီ ကေးရှင်းများ၊ အင်တာနက်စာ မျက်နှာများမှတစ်ဆင့် အများ ပြည်သူတို့ ဖြန့်ဖြူးနိုင်ရန်ဖြစ် သည်။

နှစ်ရှည်ကာလ စီမံကိန်း၌ ကျေးလက်ဒေသများအထိ အင် တာနက်အသုံးပြုသူများနှင့် အ ပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင် ရန်ဖြစ်ပြီး အခြေခံအဆောက်အ အုံများ တိုးချဲ့ခြင်းလုပ်ငန်းစဉ်များ ပါဝင်သည်။ e Government Master Plan အရ ပထမအဆင့် တွင် အချင်းချင်းအပြန်အလှန် ချိတ်ဆက်၍ သတင်းအချက်အ လက်များ အလွယ်တကူစီးဆင်း နိုင်မည့် အသုံးချဆော့ဖ်ဝဲများကို အကောင်အထည် ဖော်ဆောင် ရန်ဖြစ်သည်။

e Government စီမံကိန်း အတွက် အသုံးချဆော့ဖ်ဝဲများ ကို Focal Ministary အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အကောင်အထည် ဖော်ဆောင်ရမည်ဟု Master Plan ၌ ဖော်ပြထားသည်။