လူတိုင်းလိုလို စမတ်ဖုန်းကိုင်နေတဲ့ခေတ်မှာ ကမ္ဘာအနှံ့ ဖုန်းဟန်းဆက်ထုတ်လုပ်တဲ့ကုမ္ပဏီတွေ အလျှိုအလျှိုပေါ်ထွက်လာတာ သဘာဝကျပါတယ်။ တရုတ်လို နိုင်ငံတစ်ခုတည်းမှာတင် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်း ထောင်နဲ့ချီ များပြားနေပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ ရောင်းချ နေတဲ့ စမတ်ဖုန်းဈေးကွက်ကြီးတစ်ခုလုံးကို ဝေစုခွဲထိန်းချုပ်ထားနိုင်တဲ့ အမှတ်တံဆိပ်တွေကတော့ အရမ်းနည်းပါတယ်။ အခုဆောင်းပါးမှာ တော့

လူတိုင်းလိုလို စမတ်ဖုန်းကိုင်နေတဲ့ခေတ်မှာ ကမ္ဘာအနှံ့ ဖုန်းဟန်းဆက်ထုတ်လုပ်တဲ့ကုမ္ပဏီတွေ အလျှိုအလျှိုပေါ်ထွက်လာတာ သဘာဝကျပါတယ်။ တရုတ်လို နိုင်ငံတစ်ခုတည်းမှာတင် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်း ထောင်နဲ့ချီ များပြားနေပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ ရောင်းချ နေတဲ့ စမတ်ဖုန်းဈေးကွက်ကြီးတစ်ခုလုံးကို ဝေစုခွဲထိန်းချုပ်ထားနိုင်တဲ့ အမှတ်တံဆိပ်တွေကတော့ အရမ်းနည်းပါတယ်။ အခုဆောင်းပါးမှာ တော့ ဖုန်းရောင်းချမှုအတိုင်းအတာတွေကို အခြေခံတွက်ချက်ထားတဲ့ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းအမှတ်တံဆိပ် ၁၀ ခုကို စုစည်းဖော်ပြလိုက်ပါတယ်။

Samsung

တောင်ကိုရီးယား နည်းပညာလုပ်ငန်းစုကြီးအနေနဲ့ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ပိုင်ဆိုင်ထားဆဲပါ။ အရွယ်စုံ၊ တန်ဖိုးစုံနဲ့ ဖုန်းအမျိုးမျိုး ထုတ် လုပ်ရောင်းချနေတဲ့ Samsung ရဲ့ ဗျူဟာက အောင်မြင်နေဆဲပါ။ Andriod OS သုံး ဖုန်းတွေအပေါ် တောင်းဆိုမှုပိုများလာတဲ့ ဒီနေ့ခေတ်ဈေးကွက်မှာ Samsung က အတော်လေးအချိန်စောပြီး လက်ဦးမှုယူနိုင် ခဲ့တာလည်း အားသာချက်တစ်ခုပါ။ ၂၀၁၇ အတွင်းမှာ Samsung ရဲ့ ဖုန်းအလုံးရေ သန်း ၃၀၀ ကျော် တင်ပို့ခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၃၀ ရာခိုင် နှုန်းလောက်ကို ထိန်းချုပ်ထားခဲ့ပါတယ်။

Apple

တန်ဖိုးကြီး စမတ်ဖုန်းအမျိုးအစား iPhone တွေကို ထုတ်လုပ်နေ တဲ့တိုင် Apple ဟာ ကြောက်ခမန်းလိလိမြင့်မားတဲ့ ဈေးကွက်ဝယ်လိုအား ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ နိုင်ငံ ၄၀ လောက်မှာ Apple ရဲ့ ဆိုင်ခွဲတွေ ဖြန့်ကြက်ထားပြီး တစ်နှစ်တာအတွင်း ဖုန်းအလုံးရေ သန်း ၂၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာ ဈေးကွက်ဝေစုတစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းစာလောက်နဲ့ ညီမျှပါတယ်။

Huawei

ဆက်သွယ်ရေး နည်းပညာဆက်စပ်ပစ္စည်းတွေထုတ်လုပ်တဲ့ ကမ္ဘာ့ အကြီးကျယ်ဆုံး ကုမ္ပဏီကြီးကလည်း နောက်ကျကျန်မနေပါဘူး။ တရုတ်အခြေစိုက်လုပ်ငန်းစုကြီးဟာ အမှုထမ်းပေါင်း ခုနစ်သောင်းခွဲလောက်ထိ ခန့်အပ်ထားပြီး သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်နေပါတယ်။ Huawei ဟာ တစ်နှစ်ကို ဖုန်းအလုံးရေ သန်း ၁၀၀ ဝန်းကျင်လောက် တင်ပို့ရောင်းချနေနိုင်ပါတယ်။

Lenovo

တောင်ကိုရီးယား ကုမ္ပဏီကြီးရဲ့ ဖုန်းရောင်းအားဟာ နှစ်စဉ်တဖြည်းဖြည်းမြင့်တက်လာပြီး စမတ်ဖုန်းဈေးကွက်ထဲမှာ အမှတ်တံဆိပ်ရဲ့ လူကြိုက်များမှုကလည်း အခြေခိုင်လာပါတယ်။ Lenovo က ထုတ်လုပ်တဲ့ ဖုန်းတွေဟာ ဒီဇိုင်းပိုင်းနဲ့ အတွေးအမြင်ဆန်းသစ်မှုတွေကို အခြေခံတာ ကြောင့်လည်း ဈေးကွက်စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ၂၀၁၇ မှာ Lenovo ရဲ့ ဖုန်းအလုံးရေ သန်း ၇၀ လောက်ထိ ကမ္ဘာအနှံ့ကို ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။

Xiaomi

သက်တမ်းနုသေးပေမယ့် တိုးတက်မှုနှုန်း မြန်ဆန်တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်က စတင်ထူထောင်ခဲ့ပေမယ့် အခုတော့ တစ်ကမ္ဘာလုံး အတိုင်းအတာထိ လူသိများလာပါပြီ။ တရုတ်အခြေစိုက် Xiaomiဟာ ကျွမ်းကျင်လုပ်သား ၈,၀၀၀ လောက်နဲ့ စုဖွဲ့ ထားတဲ့ အင်အားစုတစ်ခု ဖြစ်လာခဲ့ပါတယ်။ မနှစ်ကဆိုရင် စမတ်ဖုန်း အလုံးရေ ၆၅ သန်းလောက် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

LG

LG ကတော့ ဖုန်းတွေကြောင့်သာမကဘဲ တခြားသော အီလက် ထရွန်နစ် ပစ္စည်းတွေနဲ့ပတ်သက်လို့ပါ လူသိများတဲ့ ကုမ္ပဏီတစ်ခုပါ။ Screen တွေ ဖန်တီးထုတ်လုပ်တဲ့ နည်းပညာပိုင်းမှာ အတွေ့အကြုံ ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ LG ဟာ ဒီအားသာချက်ကို ဖုန်းတွေအတွက် ပါ အသုံးပြုခဲ့ပါတယ်။ G စီးရီးတွေ၊ K စီးရီးတွေက LG ရဲ့ လူကြိုက်များ တဲ့ ဖုန်းတွေအဖြစ်ရှိနေပြီး LG G Flex နဲ့ LG Nexus တွေကလည်း အောင်မြင်တဲ့ ထုတ်ကုန်တွေဖြစ်ခဲ့ပါတယ်။ မနှစ်က ဖုန်းအလုံးရေ သန်း ၆၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

ZTE

ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ်စာရင်းမှာ ပါဝင်တန်းစီနေတဲ့ တတိယမြောက် တရုတ်ကုမ္ပဏီဖြစ်ပါတယ်။ ZTE လည်း ဖုန်းတွေအပြင် တခြားဆက်သွယ်ရေး နည်းပညာ ပစ္စည်းတွေကိုပါ ဖြန့်ဝေရောင်းချနေပါတယ်။ မနှစ်က ဖုန်းအလုံးရေ ၅၅ သန်းလောက်ထိ ထုတ်လုပ်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

Oppo

၂၀၀၁ က စတင်ထူထောင်တဲ့ ကုမ္ပဏီဟာ အခုတော့ မိုဘိုင်းနည်း ပညာကဏ္ဍမှာ ခိုင်မာတဲ့အားတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါပြီ။ ဒါပေမဲ့ ၂၀၀၈ ထိ Oppo ဟာ စမတ်ဖုန်းဈေးကွက်ထဲ မဝင်လာသေးဘဲ Mp3 Player လို ပစ္စည်းတွေအပေါ်မှာပဲ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ တရုတ်နဲ့ အရှေ့တောင်အာရှအပြင် အမေရိကန်၊ အရှေ့အ လယ်ပိုင်း၊ ဥရောပနဲ့ ဩစတြေးလျဈေးကွက်တွေမှာ အတော်လေးခြေ ကုပ်ယူလာနိုင်ပါပြီ။ ၂၀၁၇ မှာ Oppo ရဲ့ ဖုန်းအလုံးပေါင်း သန်း ၅၀ လောက် ရောင်းချနိုင်ခဲ့ပါတယ်။

Alcatel

ဒီတံဆိပ်ကို မြန်မာနိုင်ငံမှာတော့ လူသိနည်းပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်တွင်းဈေးကွက် ခိုင်ခိုင်မာမာ ရရှိထားခြင်း ကြောင့် အခုစာရင်းမှာ ပါဝင်လာတာပါ။ Alcatel က တံဆိပ်မျိုးစုံနဲ့ ထုတ်လုပ်တဲ့ ဖုန်းတွေကတော့ ကမ္ဘာ့နိုင်ငံ၁၇၀ လောက်ထိကို ရောက်ရှိ နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ပြည်တွင်းပြိုင်ဘက် မိုဘိုင်းကုမ္ပဏီတွေရဲ့ ကျော်တက်ခြင်းကြောင့် တဖြည်းဖြည်းအဆင့်ကျ လာတာကတော့ ရတက်မအေးစရာဖြစ်ပါတယ်။ Alcatel ဟာ ပြီးခဲ့တဲ့နှစ်မှာ ဖုန်းအလုံးရေ သန်း ၅၀ နီးပါးလောက် ဈေးကွက်ထဲ တင်ပို့ခဲ့ပါ တယ်။

Vivo

ကမ္ဘာပေါ်မှာ တိုးတက်မှုနှုန်း အမြန်ဆုံးမိုဘိုင်းဖုန်း အမှတ်တံဆိပ်

တစ်ခုအဖြစ် Vivo ကို ညွှန်းဆိုရမှာပါပဲ။ ၂၀၀၉ မှာ စတင်ထူထောင်ခဲ့တဲ့ နောက် Vivo ဟာ အတော်လေး လူသိများတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ BBK Electronics ရဲ့ လက်အောက်ခံ ကုမ္ပဏီဟာ မနှစ်က ဖုန်းအလုံးရေ ၄၅ သန်းထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ များ သောအားဖြင့် Vivo ရဲ့ ဖုန်းတွေကို အဆင့်မြင့် X စီးရီး၊ ဘတ်ဂျက်ဖုန်း အမျိုးအစား Y စီးရီးနဲ့ တန်ဖိုးသင့် V စီးရီးတွေဆိုပြီး ခွဲခြားထားပါတယ်။

—Ref: Marketing91