မက္ကဆီကိုနိုင်ငံတွင် ကျင်းပမည့် First Global Robotics Challenge2018 စက်ရုပ်တီထွင်မှုပြိုင်ပွဲသို့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသုံးဦးကို မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းအနေဖြင့် ယှဉ်ပြိုင်ရန် စေလွှတ်မည်ဖြစ်ကြောင်း ဖန်တီးရာက သတင်းထုတ်ပြန် သည်။

မက္ကဆီကိုနိုင်ငံတွင် ကျင်းပမည့် First Global Robotics Challenge2018 စက်ရုပ်တီထွင်မှုပြိုင်ပွဲသို့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသုံးဦးကို မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းအနေဖြင့် ယှဉ်ပြိုင်ရန် စေလွှတ်မည်ဖြစ်ကြောင်း ဖန်တီးရာက သတင်းထုတ်ပြန် သည်။ 

‘‘မနှစ်က သွားပြိုင်ခဲ့တဲ့အ သင်းက နိုင်ငံပေါင်း ၁၅၇ နိုင်ငံထဲ မှာ အဆင့်(၆) ရရှိခဲ့တဲ့အတွက် ဒီနှစ်မှာ သွားရောက်ယှဉ်ပြိုင်မယ့် အသင်းက အဲဒီလောက်အဆင့် ကောင်းကောင်းမရမှာကို စိုးရိမ်နေ ကြပါတယ်။ ဒါပေမဲ့ သူတို့တွေက စိတ်ပျက်အားငယ်မနေကြဘဲ ၂၀၁၇ ခုနှစ် အသင်းနဲ့ပူးပေါင်းပြီး သူတို့ဆီက အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေနဲ့ ပိုမိုကောင်း မွန်တဲ့ စက်ရုပ်တစ်ခုဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြပါတယ်’’ဟု ဖန်တီးရာ၏ Makerspace Mana-ger ကိုထူးဝေထက်က ပြောသည်။ 

FIRST Global Robotics Challenge ကို သြဂုတ် ၁၅ ရက်မှ၁၈ ရက်အတွင်း နှစ်စဉ်ကျင်းပပြီး ၁၅၇ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ခုဖြစ်သည်။ 

အဆိုပါပြိုင်ပွဲကို FIRST Global အဖွဲ့အစည်းက နှစ်စဉ်ကျင်းပပြီး STEM ကျွမ်းကျင်မှုဖြစ် သော Sciencs(သိပ္ပံ)၊ Techno-logy (နည်းပညာ)၊ Engineering (အင်ဂျင်နီယာ)နှင့် Mathematics (သင်္ချာအတတ်ပညာ)တို့ကို တစ်ကမ္ဘာလုံးရှိ လူငယ်များအား မြေတောင်မြှောက်ပေးလိုသည့် ရည် ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ် သည်။ 

‘‘အခု ၂၀၁၈ ခုနှစ်အသင်း သားတစ်ယောက်အနေနဲ့ ပြောချင် တာကတော့ မနှစ်က အသင်းရဲ့ အောင်မြင်မှုတွေကို ကျော်လွှားနိုင် အောင် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ’’ဟု မြန်မာနိုင်ငံကိုယ်စားပြုအသင်း၏အသင်းဝင် ကိုတင်မြင့်ကျော်က ပြောသည်။ 

ပါဝင်ယှဉ်ပြိုင်မည့် အသင်း များသည် စက်ပစ္စည်းများဆင်တူ ပါဝင်သည့် Robot Kit ကို ရရှိမည်ဖြစ်ပြီး အဆိုပါစက်ပစ္စည်းများဖြင့် သတ်မှတ်ချက်များကို ဆောင်ရွက်နိုင်သည့် စက်ရုပ်တစ်ခု တည် ဆောက်ရမည်ဖြစ်သည်။ 

တည်ဆောက်ရမည့် စက်ရုပ် ပုံစံကို ကြိုတင်သတ်မှတ်ထားခြင်း မရှိသဖြင့် နိုင်ငံတကာမှ ကျောင်း သူ၊ ကျောင်းသားများသည် ယခု နှစ်အတွက် သတ်မှတ်ထားသော ‘Energy Impact’ ခေါင်းစဉ်အ တွက် အကောင်းဆုံးဖြစ်ရန် တည်ဆောက်ရမည်ဖြစ်သည်။