Google ရဲ့ Android မိုဘိုင်း OS အသစ်နာမည်ကို Pie လို့ တရားဝင် သတ်မှတ်လိုက်ပါပြီ။ အမေရိကန် နည်းပညာလုပ်ငန်းစုကြီးက Android9 ဟာ Pie ဆိုတဲ့ ကုတ်နာမည်ကို အသုံးပြုမှာဖြစ်တယ်လို့ ဩဂုတ် ၆ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီ OS မှာ Feature သစ်တချို့နဲ့ ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးနိုင်မယ့် ထောက်ပံ့မှုတွေ ပါဝင်လာမှာဖြစ်ပါတယ်။ အရင်မျိုးဆက်ဖြစ်တဲ့ Android Oreo မှာ ဂုဏ်သတင်း ကောင်း ပိုင်ဆိုင်ထားတဲ့

Google ရဲ့ Android မိုဘိုင်း OS အသစ်နာမည်ကို Pie လို့ တရားဝင် သတ်မှတ်လိုက်ပါပြီ။ အမေရိကန် နည်းပညာလုပ်ငန်းစုကြီးက Android9 ဟာ Pie ဆိုတဲ့ ကုတ်နာမည်ကို အသုံးပြုမှာဖြစ်တယ်လို့ ဩဂုတ် ၆ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီ OS မှာ Feature သစ်တချို့နဲ့ ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးနိုင်မယ့် ထောက်ပံ့မှုတွေ ပါဝင်လာမှာဖြစ်ပါတယ်။ အရင်မျိုးဆက်ဖြစ်တဲ့ Android Oreo မှာ ဂုဏ်သတင်း ကောင်း ပိုင်ဆိုင်ထားတဲ့ မြန်နှုန်းမြင့်မားမှုကိုလည်း Android Pie က ဆက်ထိန်းထားမယ်လို့ Google က အာမခံထားပါတယ်။

လောလောဆယ်တော့ Android Pie ကို Google က ထုတ် လုပ်တဲ့ Pixel စမတ်ဖုန်းတွေရယ်၊ Essential ဖုန်းတွေရယ်မှာပဲ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ OS အသစ် ထုတ်ပေးထားတဲ့ဘယ်ဖုန်းမဆို Android Pie ကို အခမဲ့ Download ဆွဲပြီး အဆင့် မြှင့်တင်လာနိုင်မယ်လို့ Google က ဆိုပါတယ်။ အခုဆောင်းပါးမှာတော့ Android Pie OS အသစ်နဲ့ပတ်သက်လို့ သိသာမြင်သာတဲ့ မြှင့်တင် ပြောင်းလဲမှုတချို့ကို စုစည်းဖော်ပြပေးထားပါတယ်။

8 Rotation Suggestion

အရမ်းကြီးမားတဲ့ ပြောင်းလဲမှုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အတော် လေးတော့ အသုံးဝင်သွားပါတယ်။ ဖုန်း Screen ရဲ့ အလိုအလျောက် Rotation ပြောင်းလဲမှုကို Lock မလုပ်ထားမိတဲ့အချိန် ဖုန်းကိုင်ထားပုံကို ပြောင်းလိုက်တဲ့အခါ Navigation Bar ပေါ်မှာ အကြံပြုချက်စာသား လေး ပေါ်လာပါတယ်။ အဲဒါက ဖုန်းရဲ့ Screen ကိုပါ လိုက်ပြီး Rotateလုပ်သင့်တယ်ဆိုတာကို ပြောပြနေမှာ ဖြစ်ပါတယ်။ ကိုယ်က Rotate ဖြစ်စေချင်ရင် ခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။ မလုပ်ချင်ရင်လည်း ငြင်းခွင့်ရှိပါ တယ်။ အိပ်ရာပေါ်မှာ ဇိမ်နဲ့ ဖုန်းသုံးနေတုန်း ဖုန်း Screen အမျိုးမျိုး လည်နေလို့ စိတ်ရှုပ်ရတဲ့အခြေအနေကို ဒီ Feature သစ်လေးက ဖယ် ရှားပေးနိုင်မှာပါ။

8 Screen Notching

Android Pie ရဲ့ Display နေရာအထားအသိုမှာ အချိန်ဖော်ပြမှုကို Screenရဲ့ ဘယ်ဘက်အပေါ်ထောင့်ဆုံးဆီ ပြောင်းပို့ထားလိုက်ပါတယ်။ ဒါက ထူးဆန်းတဲ့ ပြောင်းလဲမှုကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Notch လို့ခေါ်တဲ့ Screen Cutout တွေထားရှိဖို့ အတော်လေး နေရာလွတ်သွား စေပါတယ်။ ဒီ Feature မျိုးကို OnePlus 6 နဲ့ Huawei ရဲ့ P20 Pro တို့လို ဖုန်းတွေမှာ ထည့်ပေးထားဖူးပါတယ်။ Google ကတော့ ဖုန်းရဲ့ ညာဘက်အပေါ်ထောင့်မှာ Notch ပြုလုပ်ဖို့ နှစ်နေရာစာလောက် ခွင့်ပြု ပေးနိုင်အောင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

8 Gestures Navigation

Android Pie ရဲ့ အထူးခြားဆုံး Feature တစ်ခုလို့ ဆိုနိုင်ပါတယ်။Android OS တွေမှာ အဓိကထိန်းချုပ်မှု ခလုတ် Button သုံးခုထားရှိ တဲ့ အစဉ်အလာကို ဖောက်ထွက်ဖို့ စတင်လာတဲ့ အပြောင်းအလဲဖြစ်ပါ တယ်။ ခလုတ်တွေရဲ့ နေရာချပုံက အရင်လိုပဲဖြစ်နေပေမယ့် အလယ်ဗဟိုက Home Button ဟာ ဆေးတောင့်ပုံ ပြောင်းသွားပြီး နေရာရွှေ့ပြောင်းလာနိုင်ပါတယ်။ ဖုန်းအသုံးပြုနေတဲ့လက်ရဲ့ လှုပ်ရှားမှုကို လိုက်ပြီးကွဲပြားတဲ့ စေခိုင်းမှုတွေကို သတ်မှတ်ခွင့်ပေးထားတာလည်း တွေ့ရပါ တယ်။ ဥပမာ Home Button ကို အပေါ်နှစ်ချက်ပွတ်လိုက်ရင် Add Drawer  အသစ်တွေ ပေါ်လာအောင် ညွှန်ကြားပြီးသား ဖြစ်သွားတာမျိုး ပါ။ Back Button ကို လိုအပ်ချက်အရ ပြန်ထည့်ထားပေမယ့် Overview Button ကတော့ ပျောက်ကွယ်သွားပါလိမ့်မယ်။

8 Adaptive Battery

Gestures Navigation ပြီးရင် Android Pie ရဲ့ အသိသာဆုံး ပြောင်းလဲပြင်ဆင်မှုတစ်ခုလို့ ပြောရမှာပါ။ Alphabet ကုမ္ပဏီရဲ့ ဉာဏ် ရည်တု AI နည်းပညာ DeepMind ကို ထည့်သွင်းအသုံးပြုထားတဲ့ Adaptive Battery ဆိုတဲ့ Feature ဟာ ဖုန်းမှာ ထည့်သွင်းထားတဲ့ App တွေရဲ့ အသုံးပြုမှု Pattern တွေကို ခြေရာခံ မှတ်သားထားမှာ ဖြစ်ပါ တယ်။ ပြီးတော့ သက်ဆိုင်ရာ App ကို အသုံးပြုဖို့ လိုအပ်တဲ့အချိန်မှာ အဲဒီအတွက်ပဲ ဘက်ထရီ ကုန်ကျမှုရှိနိုင်အောင် ထိန်းချုပ်ပေးပါလိမ့်မယ်။ ဒါကြောင့် ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို အလေအလွင့်လျော့ပါးသွားစေ မှာပါ။ ပြီးတော့ အဲဒီ AI အထောက်အပံ့ဟာ Android Pie ရဲ့ ဖုန်းမျက်နှာပြင်တောက်ပမှုကိုလည်း သင့်တော်အောင် ချိန်ညှိနိုင်စွမ်းရှိပါတယ်။ဖုန်းကိုင်ဆောင်သူက လိုသလိုချိန်ညှိထားတဲ့ တောက်ပမှုကို မှတ်သား ထားပြီး အသုံးမလိုချိန်တွေမှာ အလင်းရောင်လျှော့ချတာမျိုးကို ကူညီလုပ်ဆောင်ပေးတဲ့အတွက် ဘက်ထရီကုန်ခန်းမှု သက်သာစေပါလိမ့် မယ်။

8 Smart Replies

Gmail နဲ့ Google က ဖြည့်တင်းပေးထားတဲ့ Smart Reply တို့လို App တွေမှာ ဒီ Feature ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OS အသစ်ကို အသုံးပြုတဲ့အခါမှာတော့ Notification ကနေတစ်ဆင့် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ မြန်မြန်ဆန်ဆန် Reply ပြန်နိုင်တာမျိုး ပြောင်းလဲသွားပါပြီ။ ကြားခံအဆင့်တွေ၊ ရှုပ်ထွေးမှုတွေကို Android Pie မှာ ဖယ်ထုတ် ပေးလိုက်တဲ့ သဘောပါပဲ။

8 App Actions

Google ရဲ့ AI ပေါင်းစပ်ထားတဲ့ နောက်ထပ် Feature တစ်ခုပါ။ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ လူနေမှုဘဝတွေနဲ့ပတ်သက်လို့ AndroidOS က အကြံပြုနိုင်တဲ့စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ ဥပမာ အပတ်တိုင်း Discovery Channel ကို စောင့်ကြည့်နေကျဆိုရင် သင့်တော် တဲ့အချိန် ရောက်လာတဲ့အခါ App Drawer ထဲမှာ ဒီ Channel ကြည့်ဖို့ အကြံပေးတဲ့ Notification ကို မြင်ရမှာ ဖြစ်ပါတယ်။

8 Text Selection

Apple ရဲ့ iOS မှာတော့ စာလုံးရွေးချယ်မှတ်သားခွင့်နဲ့ပတ်သက် လို့ စီမံပေးထားတာ အတော်ကြာခဲ့ပါပြီ။ အခုတော့ Android ကလည်းဒီ Feature ကို ပေါင်းစပ်ပေးလာပြီ ဖြစ်ပါတယ်။ Text Selection ကို Drag ဆွဲယူ အသုံးပြုတဲ့အခါ Magnifying Box လေးတစ်ခု ပေါ်လာပါ မယ်။ အဲဒီကနေ မှတ်သားမှုတွေ အလွယ်တကူလုပ်နိုင်မှာပါ။ အထူး သဖြင့် သေးငယ်တဲ့စာလုံးလေးတွေကို Select မှတ်တဲ့အခါမှာ ပိုပြီး အဆင်ပြေပါလိမ့်မယ်။

8 Privacy

Google ဟာ ပုဂ္ဂိုလ်ရေး လုံခြုံမှုကဏ္ဍနဲ့ ပတ်သက်လို့လည်း Android Pie မှာ အတော်အလေးထား ပြင်ဆင်ပေးထားပါတယ်။ ဒီအပိုင်းဟာ လက်တွေ့ အသုံးပြုနေတဲ့နေရာမှာတော့ သိပ်ပြီးသိသိသာသာရှိနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးပြုသူရဲ့ ပုဂ္ဂိလ်ရေး လုံခြုံမှုကို ပေါက်ကြားမှု မဖြစ်အောင် ဒီ OS က အစွမ်းရှိသလောက် ကာကွယ်ပေးနေပါမယ်။ မိုက် ကရိုဖုန်း၊ ကင်မရာ၊ ကွန်ရက်ချိတ်ဆက်မှုအားလုံးဟာ ဖုန်းရဲ့ နောက်ကြောင်းနဲ့ အချက်အလက်တွေကို ရယူခွင့်မရှိတော့ပါဘူး။ ဒါကြောင့် ဆိုက်ဘာ မသမာသူတွေက OS ကို ထိုးဖောက်နိုင်ဖို့ ပိုမိုခက်ခဲသွားမှာ ဖြစ်ပါတယ်။

—Ref: Mobile Nation