ပုဂံဘုရားများ သမိုင်း ကြောင်းနှင့် အချက်အလက်များ ကို QR ကုတ်ဖြင့် Scan ဖတ်၍ မိုဘိုင်းဖုန်းပေါ်မှ အလွယ်တကူ ဖတ်ရှုနိုင်မည့် ပရောဂျက်ကို စမ်းသပ်ကာလအနေဖြင့် စတင်ဆောင်ရွက်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံရုံးခွဲ) ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောသည်။ ‘‘ဘုရားစေတီတွေရဲ့ သမိုင်း ကြောင်းနဲ့ အချက်အလက်တွေကို လေ့လာနိုင်ဖို့အတွက် ဘုရားတွေ ရဲ့ဘေးမှာ QR

 ပုဂံဘုရားများ သမိုင်း ကြောင်းနှင့် အချက်အလက်များ ကို QR ကုတ်ဖြင့် Scan ဖတ်၍ မိုဘိုင်းဖုန်းပေါ်မှ  အလွယ်တကူ ဖတ်ရှုနိုင်မည့် ပရောဂျက်ကို စမ်းသပ်ကာလအနေဖြင့် စတင်ဆောင်ရွက်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံရုံးခွဲ)  ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောသည်။

‘‘ဘုရားစေတီတွေရဲ့ သမိုင်း ကြောင်းနဲ့ အချက်အလက်တွေကို လေ့လာနိုင်ဖို့အတွက် ဘုရားတွေ ရဲ့ဘေးမှာ QR ကုတ်တွေနဲ့ Scan ဖတ်နိုင်ဖို့ ဘုတ်လေးတွေ ထောင် ပေးထားပြီးတော့ ဖုန်းထဲကနေ တစ်ခါတည်း ဖတ်ရှုနိုင်အောင် လုပ်ပေးထားတာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။


အဆိုပါပရောဂျက်ကို ထိုင်း နိုင်ငံရှိ National Electronic and Computer Technology Center (NECTEC)၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့် ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦး စီးဌာနတို့ပူးပေါင်းပြီး ပုဂံဒေသရှိ နာမည်ကြီးဘုရား စေတီ ၂၀ တွင် QR ကုတ်ဆိုင်းဘုတ်များ စိုက် ထူပြီး စေတီတစ်ဆူချင်း အလိုက် စမတ်ဖုန်းပေါ်မှ အလွယ်တကူ Scan ဖတ်ပြီး လေ့လာနိုင်မည် ဖြစ်သည်။

 ‘‘အခုလောလောဆယ်က တော့ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာ သာနဲ့ လုပ်ထားတယ်။စာနဲ့လည်း ဖတ်လို့ရသလို အသံနဲ့ပါ မြန်မာ၊ အင်္ဂလိပ်နှစ်ခုစလုံးနဲ့ နားထောင်လို့ရအောင် လုပ်ပေးထားပါတယ်’’ဟု ဦးဖြိုးပြည့်ကိုကိုကပြောသည်။

ပုဂံဘုရားများ သမိုင်းကြောင်းကို လေ့လာလိုပါက Google Play Store မှ Museum Pool  အမည်ရှိသည့် ဆော့ဖ်ဝဲကို ဒေါင်းလုတ်ပြုလုပ်၍ အသုံးပြုရမည်ဖြစ်ပြီး သဗ္ဗညု၊ အာနန္ဒာ၊ မနူဟာ၊ ပြာသာဒ်ကြီး၊ ရွှေဂူကြီး၊ဗူးဘုရားအပါအဝင် စေတီ ၂၀ သမိုင်းကို ဖတ်ရှုနိုင်မည်ဖြစ်သည်။

ယခုပြုလုပ်သည့် ပရော ဂျက်ကို စမ်းသပ်ကာလတွင် အောင်မြင်ပါက စေတီ ၅၀ ခန့်၌ QR ကုတ်ဖြင့် Scan ဖတ်နိုင်သည့် စနစ် တိုးချဲ့အသုံးပြုမည်ဖြစ် ကြောင်း ၎င်းကပြောသည်။