လူငယ်ချင်း စကားများ ရန်ဖြစ်ရာမှ ၀င်ရောက်တားမြစ် သည့် မိခင်အား ဖိနပ်ဖြင့်ရိုက်သူ ကို သားဖြစ်သူက ဓားဖြင့်ထိုးခဲ့ သဖြင့် အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

 ကော့သောင်းမြို့နယ် ချောင်းဝကျေးရွာနေ အသက် (၁၈)နှစ်အရွယ် တင်အောင် အပါအ၀င် လူငယ်သုံးဦးသည် ဇန်န၀ါရီ ၉ ရက် ည ၉ နာရီခန့်တွင် ရွာလယ်လမ်းမဘေးရှိ ခုံတန်း၌ ဘီယာသောက်နေစဉ် လွှင့်ပစ် ထားသည့် ဘီယာဘူးခွံကို တစ်ရွာတည်းနေ ဝေယံဦးဆိုသူက ခြေထောက်ဖြင့်ကန်ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ကော့သောင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးကဆိုသည်။


ဘီယာဘူးခွံ ကန်လိုက်ခြင်း ကို တင်အောင်ဆိုသူက ကြိမ်း မောင်းပြောဆိုပြီး ခဏအကြာ အ သီးသီးအိမ်ပြန်ခဲ့ကြောင်း၊ ဇန်န ၀ါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့် တွင် တင်အောင်က ဝေယံဦး၏ နေအိမ်သို့သွားကာ လက်သီးဖြင့် ထိုးခဲ့ကြောင်း ရဲအရာရှိက ဆက်လက်ရှင်းပြသည်။

နေအိမ်ရှေ့တွင် ဝေယံဦးကို လက်သီးဖြင့်ထိုးနေသဖြင့် မိခင် ဒေါ်နုကြည်က ၀င်ရောက်တား ဆီးစဉ် တင်အောင်က ၎င်း၏ဖိနပ် ဖြင့် ဒေါ်နုကြည်ကို ရိုက်ခဲ့သော ကြောင့် ဝေယံဦးက စတီးဓားဦး ချွန်ကိုယူကာ ထိုးခဲ့ကြောင်း ရဲအရာရှိကဆိုသည်။

‘‘ဖမ်းထားတာတော့ တရား ခံရော၊ သူ့အမေနဲ့ အစ်မရောဖမ်း ထားတယ်။ ဖြစ်ဖြစ်ချင်းတုန်းက သူ့အမေနဲ့ အစ်မက ၀င်ဆွဲတာဆို ပေမယ့် တခြားလူတွေရောက်လာ တဲ့အချိန်မှာ သူ့သား ဓားနဲ့ထိုးဖို့ အချိန်ရအောင် တားထားသလို ဖြစ်တဲ့အတွက် သူတို့ကိုပါ ဖမ်း ထားတာပါ။ တရားခံက ဓားကို ယူပြီးပြီးချင်း မထိုးသေးဘူး။ တ ခြားသူတွေ ရောက်လာတဲ့အချိန် မှာ သူ့အမေနဲ့ အစ်မက သွားတား နေတဲ့အချိန်မှ ထိုးလိုက်တာ’’ ဟု ကော့သောင်းမြို့မရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

တင်အောင်၏ ၀မ်းဗိုက်၊ ဆီးခုံနှင့် ရင်အုံတို့တွင် ထိုးသွင်း ဒဏ်ရာများရရှိသွားသဖြင့် ကော့ သောင်းခရိုင်ဆေးရုံသို့ ပို့ဆောင် စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိ ရသည်။

ဓားဖြင့်ထိုးခဲ့သည့် ဝေယံဦး အပါအ၀င် ၎င်း၏မိခင်နှင့် အစ်မ ကို ကော့သောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။