မြေကွက်လွတ်ကို မြေဖို့ရန် မြေသယ်ယာဉ်ပေါ်မှ မြေ ကြီးများသွန်ချစဉ် ၃၃ ကေဗီဓာတ် အားလိုင်းကြိုးဖြင့်ငြိကာ ယာဉ်မီး လောင်ခဲ့၍ အသက်(၂၅)နှစ်အရွယ် ယာဉ်မောင်းသေဆုံးကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်၊ ရန်ကုန် -ပဲခူး ကားလမ်းဘေးရှိ ကွင်းအ မှတ်(၉၈၆/A) မြေကွက်အတွင်း သို့ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က အသက်(၂၅)နှစ်အ ရွယ် ယာဉ်မောင်း ဇော်ဝင်းထွဋ် မောင်းနှင်လာသည့် ခြောက်ဘီး အပြာရောင်မြေသယ်ယာဉ်ပေါ်ရှိ မြေကြီးများ သွန်ချရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 မြေကွက်လွတ်ကို မြေဖို့ရန် မြေသယ်ယာဉ်ပေါ်မှ မြေ ကြီးများသွန်ချစဉ် ၃၃ ကေဗီဓာတ် အားလိုင်းကြိုးဖြင့်ငြိကာ ယာဉ်မီး လောင်ခဲ့၍ အသက်(၂၅)နှစ်အရွယ် ယာဉ်မောင်းသေဆုံးကြောင်း သတင်းရရှိသည်။

လှည်းကူးမြို့နယ်၊ ရန်ကုန် -ပဲခူး ကားလမ်းဘေးရှိ ကွင်းအ မှတ်(၉၈၆/A) မြေကွက်အတွင်း သို့ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က အသက်(၂၅)နှစ်အ ရွယ် ယာဉ်မောင်း ဇော်ဝင်းထွဋ် မောင်းနှင်လာသည့် ခြောက်ဘီး အပြာရောင်မြေသယ်ယာဉ်ပေါ်ရှိ မြေကြီးများ သွန်ချရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။


မြေသယ်ယာဉ် အနောက် ဘော်ဒီကိုလှန်၍ မြေကြီးများသွန် ချစဉ် ယာဉ်အနောက်ဘော်ဒီထိပ် ပိုင်းနှင့် လှော်ကားမှ လှည်းကူးသို့ သွယ်တန်းထားသည့် ၃၃ ကေဗီဓာတ်အားလိုင်းကြိုး ထိမိကာ ယာဉ်မီးလောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင် ရှိနေသည့် အသက်(၂၅)နှစ်အရွယ် ယာဉ် မောင်း ဇော်ဝင်းထွဋ် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ၎င်းက ဆို သည်။

သေဆုံးသူအမျိုးသားမှာ ရွှေ ပြည်သာမြို့နယ် သဲကွင်းရပ်၌ နေထိုင်သူဖြစ်ပြီး ၎င်းအား ယာဉ်ပေါ့ဆစွာ အသုံးပြုမှုဖြင့် လှည်းကူးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အ ရေးယူထားသည်။