မင်္ဂလာဒုံမြို့နယ် ဇေ ကမ္ဘာဝင်းအတွင်းရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ WY ဆေးပြား ၂၆ သန်းကျော်တွေ့ရှိမှုနှင့်ပတ် သက်ပြီး ကုလားတန်မြစ်ဝှမ်းဖွံ့ ဖြိုးရေးကုမ္ပဏီပိုင်ရှင်ဦးမင်းဦးခိုင် ကို အမြင့်ဆုံးသေဒဏ်ထိချမှတ် နိုင်သည့် မူးယစ်ဆေးဝါးထုတ် လုပ်သည့်ပုဒ်မဖြင့် မြောက်ပိုင်း ခရိုင်တရားရုံးက စွဲချက်တင်ခဲ့ သည်။ ထို့အတူ အမှုတွင်ပါဝင်သူ ကိုးဦးကိုလည်း ထုတ်လုပ်မှု၌ ပါ ၀င်နိုင်ဖွယ်ရှိသည့်ပုဒ်မဖြင့်အသီး
ဦးမင်းခိုင်ဦးနှင့် အမှုတွဲများအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ - Saw Aung Min Oo)

မင်္ဂလာဒုံမြို့နယ် ဇေ ကမ္ဘာဝင်းအတွင်းရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ WY ဆေးပြား ၂၆ သန်းကျော်တွေ့ရှိမှုနှင့်ပတ် သက်ပြီး ကုလားတန်မြစ်ဝှမ်းဖွံ့ ဖြိုးရေးကုမ္ပဏီပိုင်ရှင်ဦးမင်းဦးခိုင် ကို အမြင့်ဆုံးသေဒဏ်ထိချမှတ် နိုင်သည့် မူးယစ်ဆေးဝါးထုတ် လုပ်သည့်ပုဒ်မဖြင့် မြောက်ပိုင်း ခရိုင်တရားရုံးက စွဲချက်တင်ခဲ့ သည်။ ထို့အတူ အမှုတွင်ပါဝင်သူ ကိုးဦးကိုလည်း ထုတ်လုပ်မှု၌ ပါ ၀င်နိုင်ဖွယ်ရှိသည့်ပုဒ်မဖြင့်အသီး သီးစွဲချက်တင်ခဲ့သည်။

အဆိုပါအမှုကို မြောက်ပိုင်း ခရိုင်တရားရုံးရှိ ဒုတိယခရိုင်တ ရားသူကြီး(၆)၏ တရားခွင်တွင် ၂၀၁၅ ဒီဇင်ဘာက စတင်တရားစွဲ ဆိုခဲ့ပြီး ရုံးတော်သို့တင်သွင်းထား သည့် တရားလိုပြသက်သေ ၄၈ ဦးကိုစစ်ဆေးပြီး ၂ နှစ်ခန့်အကြာ မှ စွပ်စွဲခံရသူ ၁၀ ဦးကိုမူးယစ် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်အမိန့် ချခဲ့သည်။

အမှုနှင့်ပတ်သက်၍ အဓိက ကျူးလွန်သူအဖြစ် စွပ်စွဲခံထား ရသည့်ဦးမင်းခိုင်ဦးကို အမြင့်ဆုံး ပြစ်ဒဏ်သေဒဏ်အထိ ချမှတ်နိုင် သည့်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၂၀(က)ဖြင့် စွဲချက်တင်အမိန့်ချပြီး ကျန်ကိုးဦး ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၂၀(က)/၂၁ ဖြင့် စွဲချက်တင်အမိန့်ချခဲ့သည်။

အမှုစစ်တရားသူကြီးက စွဲ ချက်တင်အမိန့်ချပြီးနောက် စွပ် စွဲခံထားရသူများ၏ရှေ့နေများက တရားလိုပြသက်သေ ၄၈ ဦးအ နက် သက်သေအချို့ကိုပြန်ခေါ် သက်သေအဖြစ် ပြန်လည်စစ် ဆေးမည်ဖြစ်ပြီး ပြန်ခေါ်သက် သေစာရင်းကို လာမည့်ရုံးချိန်းမှ သာ သိရမည်ဖြစ်သည်။

မြောက်ပိုင်းခရိုင်တရားရုံး တွင် စွပ်စွဲခံထားရသည့် ဦးမင်း ခိုင်ဦးအပါအ၀င် ၁၀ ဦးအနက် ဦးမင်းခိုင်ဦးနှင့် မချိုချိုဝင်း(ခ) ရန် ယုံချင်းတို့ကလွဲ၍ ကျန်ရှစ်ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး က ထောင်ဒဏ် ၄၈ နှစ်ချမှတ်ထား ပြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးသည့်အမှုတွဲ၌ မချိုချို ၀င်းသည် အမှုနှင့်သက်ဆိုင်မှုမရှိ သဖြင့် အမှုစစ်တရားသူကြီးက လွှတ်ပေးခဲ့သူဖြစ်သည်။

‘‘ငွေပို့ငွေလွှဲလုပ်တဲ့ ချိုချို ၀င်း။ သူလည်းအရှေ့ပိုင်းမှာ ကွင်းလုံးကျွတ်လွတ်သွားတယ်။ ဒီအမှုကို ကျွန်တော်တို့အလုပ်သ မားတွေချည်းပဲခံရတာ။ တကယ် တမ်းငွေကို သိန်းနဲ့၊သောင်းနဲ့ချီပြီး တော့ လွှဲတဲ့သူလည်းလွတ်သွား တယ်။ တစ်နေ့လုပ်မှ တစ်နေ့စား တဲ့ကောင်တွေပဲ ခံရတာ။ ဒီအမှု မှာ တကယ်တမ်းခေါင်းကြီးပိုင်း က လွတ်ပြီးတော့ ဒီလမ်းဘေးနေ လမ်းဘေးစားတဲ့သူတွေပဲ ပေးစရာကမ်းစရာမရှိလို့ခံရတာ’’ ဟု စွပ်စွဲခံရသူဦးသန့်ရွှေ၏ညီက ဆိုသည်။

မူးယစ်ဆေးဝါးအမြောက် အမြားဖမ်းဆီးမှုတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုသည့် လူ ၁၂ ဦးကို အရှေ့ပိုင်းခရိုင်တရား ရုံးက အမိန့်ချမှတ်ပြီး အမှုနှင့် ပတ်သက်သည့်တရားခံပြေး ၁၄ ဦးရှိနေသေးသည်။

အရှေ့ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်သည့် တရားခံ ၁၂ ဦးအနက်ရှစ်ဦးသည် မြောက်ပိုင်း ခရိုင်တရားရုံး၌ တရားစွဲဆိုထား သည့်အမှုတွင် ပြန်လည်ပါဝင်နေ သည်။

၂၀၁၅ ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအ တွင်းရပ်ထားသည့် ကုန်တင် ယာဉ်သေးတစ်စီးပေါ်တွင် ဆာ လာအိတ်များဖြင့် ထုပ်ထားသည့် WY မူးယစ်ဆေးပြား ၂၆ သန်း ကျော်ပိုင်ရှင်မဲ့ သိမ်းဆည်းမိပြီး နောက် အဆိုပါကုန်တင်ယာဉ်၏ ပိုင်ရှင်နေထိုင်သော မြောက်ဒဂုံ မြို့နယ်(၄၁)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွဆေးပြား ၁၅ သိန်းကို ဩဂုတ်အတွင်း ထပ်မံဖမ်းမိခဲ့ သည်။ ထို့နောက် အဆိုပါမူးယစ် ဆေးပြားများနှင့်ပတ်သက်ပြီး ရဲ တပ်ဖွဲ့က ဖမ်းဆီးသည့်သံသယ ရှိသူများကို စစ်ဆေးချက်အရ ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၁၀) ရပ်ကွက်ရှိနေအိမ်အချို့မှ စိတ် ကြွဆေးပြားသိန်းချီထပ်မံဖမ်းဆီး ခဲ့သည်။