အကြွေးတောင်း မရ ရာ၍ လူသတ်မှုဖြစ်ပြီး ရွှေများယူဆောင်သည့် မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီးနှင့် မွေး စားသမီးတို့ကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်နှစ် ၃၀ စီ ချမှတ်ပြီး သမက်ဖြစ်သူကို ထောင်ဒဏ်သုံး နှစ်ချမှတ်ခဲ့သည်။ အဆိုပါ အမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးရှိ ဒုတိယ ခရိုင်တရားသူကြီး (၁၂) က တာဝန်ယူစစ်ဆေးပြီး တရားလိုပြသက် သေ၊ တရားခံပြသက်သေများကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန် ကြောင်း

အကြွေးတောင်း မရ ရာ၍ လူသတ်မှုဖြစ်ပြီး ရွှေများယူဆောင်သည့် မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီးနှင့် မွေး စားသမီးတို့ကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်နှစ် ၃၀ စီ ချမှတ်ပြီး သမက်ဖြစ်သူကို ထောင်ဒဏ်သုံး နှစ်ချမှတ်ခဲ့သည်။

အဆိုပါ အမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးရှိ ဒုတိယ ခရိုင်တရားသူကြီး (၁၂) က တာဝန်ယူစစ်ဆေးပြီး တရားလိုပြသက် သေ၊ တရားခံပြသက်သေများကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန် ကြောင်း ပေါ်ပေါက်သဖြင့် အခင်းဖြစ်ပွားပြီး ၂ နှစ်ကျော်အကြာ သြဂုတ် ၉ ရက်တွင် အမိန့်ချမှတ်ခြင်း ဖြစ်သည်။

လူသတ်မှုကျူးလွန်သည့် ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်နှင့် ၎င်း၏မွေးစားသမီး မကျော့ကေခိုင် (ခ) ကျော့ဆုပန်တို့ကို  လူသတ်မှု ပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀၊ လုယက်မှုပုဒ်မ ၃၉၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ပြီး ပြစ်ဒဏ်နှစ်ရပ်ကို သီးခြားစီကျခံစေ ရန် အမှုစစ်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

ထို့အပြင် အခင်းဖြစ်ပွားစဉ် ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း ၏ မွေးစားသမီးတို့ လူသတ်လုယူ ခဲ့သည့် လက်ဝတ်ရတနာများ သွားရောက်ပေါင်နှံပေးသူ ဆရာမကြီး ၏သမက်ညီညီလင်းကို ခိုးရာပါပစ္စည်းဝှက် သိမ်းပေးခြင်းပုဒ်မ ၄၁၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ကျခံစေရန် အမိန့်ချ မှတ်ခဲ့သည်။

၂၀၁၆ ဇွန်လ ၂၀ ရက်က သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် စံပြ(၅)လမ်းရှိ တိုက်အမှတ် ၁၃၁ ပထမထပ်နေ အသက်(၅၃)နှစ်အရွယ် ဒေါ်ခင်မြ၀င်းအား ချေးထားသည့် အကြွေးကျပ်သိန်း ၃၀ပြန်တောင်းရာမှ စကားများရန် ဖြစ်ပြီး ရေချိုးခန်းအတွင်း သတ်ဖြတ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ပြစ်မှုကျူးလွန်သူ ဒေါ်အေး အေးမော်နှင့် သေဆုံးသူအမျိုးသ မီးသည် ၂၀၀၇ က စတင်သိရှိခဲ့ သည်။