မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်တွင် သြဂုတ် ၈ ရက်နံနက် ၄ နာရီခန့်က လူနေအိမ် ခုနစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ သည်။

မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်တွင် သြဂုတ် ၈ ရက်နံနက် ၄ နာရီခန့်က လူနေအိမ် ခုနစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ သည်။

ပြည်ကြီးတံခွန်မြို့နယ် ၅၄၊ ၅၅ လမ်းနှင့် ကျန်စစ်သား၊ ဘုရင့်နောင်လမ်းကြားရှိ နေအိမ်တွင် ခြင်ဆေးခွေမီးထွန်းရာမှ တစ်ဆင့် အနီးရှိ စာအုပ်ပုံသို့ ကူးစက်ပြီး မီးလောင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် တစ်ထပ်အိမ်ခြောက်လုံးနှင့် နှစ်ထပ်အိမ်တစ်လုံး ပျက်စီးကာ ဆုံးရှုံးမှုကျပ် ၆၄ သိန်းကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

မီးလောင်ကျွမ်းမှု နာရီဝက်  ခန့်ကြာပြီး သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမရှိဘဲ ဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ယာဉ် ၅၀ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁၁၀ နှင့် အရန်တပ်ဖွဲ့ဝင် ၁၉၀ ဦး  သွားရောက်ငြှိမ်းသတ်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားသည့် အိမ်ပိုင်ရှင်ကို  သက်ဆိုင်ရာ နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ (မီးလောင်စေမှု) ဖြင့် အရေးယူဆောင်ရွက်ထားသည်။

၂၀၁၇ အတွင်း မန္တလေးတိုင်းတွင် မီးလောင်ကျွမ်းမှု ၂၀၂ ကြိမ် ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၃,၀၀၀ ခန့်ရှိကာ သေဆုံးသူ ခြောက်ဦးရှိခဲ့သည်။