ကျောက်တံတားမြို့ နယ်တွင် အလုပ်လုပ်သည့် အသက် (၁၆) နှစ်အရွယ်အိမ်အ ကူမိန်းကလေးတစ်ဦးကို အိမ်ရှင် ဖြစ်သူက ၀ိုင်ယာကြိုးဖြင့် ရိုက် နှက်သည်ဟုဆိုကာ ပြည်သူများ က ရဲတပ်ဖွဲ့ထံအကြောင်းကြား ပြီး လက်ရှိတွင် အမှုဖွင့်အရေးယူ ရန်စီစဉ်နေသည်။

 ကျောက်တံတားမြို့ နယ်တွင် အလုပ်လုပ်သည့် အသက် (၁၆) နှစ်အရွယ်အိမ်အ ကူမိန်းကလေးတစ်ဦးကို အိမ်ရှင် ဖြစ်သူက ၀ိုင်ယာကြိုးဖြင့် ရိုက် နှက်သည်ဟုဆိုကာ ပြည်သူများ က ရဲတပ်ဖွဲ့ထံအကြောင်းကြား ပြီး လက်ရှိတွင် အမှုဖွင့်အရေးယူ ရန်စီစဉ်နေသည်။ 


ယင်းမိန်းကလေးသည် ဒလ  မြို့ဇာတိ မချိုပြုံးဆိုသူဖြစ်ပြီး ကျောက်တံတားမြို့နယ် ၃၆လမ်း ရှိ နေအိမ်တစ်အိမ်တွင်လွန်ခဲ့ သည့် တစ်လခန့်ကစ၍အိမ်အကူ လုပ်ကိုင်နေသည်။ 

သြဂုတ် ၉ ရက်တွင် ယင်း အိမ်အကူ မိန်းကလေးသည် ၃၇ လမ်းရှိ ပျံကျဈေးတွင် ဈေးဝယ် စဉ်ဒလမြို့နယ်မှ ဈေးလာရောင်း  သော မိတ်ဆွေတစ်ဦးက ၎င်း၏  ခြေသလုံးမှ ဒဏ်ရာများကို တွေ့ ရှိရာကစ၍ အနီးအနားရှိ ပြည်သူ များက ရဲစခန်းသို့ အကြောင်း ကြားပေးခြင်းဖြစ်သည်။ 

ထို့အပြင် မိန်းကလေး၏  ခြေသလုံး၊  ပေါင်နှင့် ကျောကုန်း  ရှိ အညိုအမည်းစွဲဒဏ်ရာများကို အနီးအနားရှိ ပြည်သူများက ရုပ်သံရိုက်၍ ဖေ့စ်ဘွတ်ခ်တွင်တင်ခဲ့ သည်။ 

အိမ်အကူ မိန်းကလေးကို  ကျောက်တံတားရဲစခန်းမှ တာဝန် ရှိသူများ လာရောက်ခေါ်ယူပြီး   ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်ချက်ယူခဲ့သည်။ ထို့အ ပြင် ကျောက်တံတားရဲစခန်းက အိမ်အကူမိန်းကလေးနှင့် ၎င်း၏  အစ်မ၊ အိမ်ရှင်ဦးကျော်စိုးလင်း၏   တူတော်သူတို့ထံမှ ထွက်ဆိုချက်  များရယူထားသည်။ 

ဆေးစစ်ချက်ရလဒ်အရ အ မှုဖွင့်အရေးယူမည်ဟု ကျောက် တံတားရဲစခန်းမှူးဒုရဲအုပ်တိုးမြို့ ကပြောသည်။ ဆေးစစ်ချက်ရ လဒ်ထွက်ပေါ်မည့်အချိန်ကို မူ ပြောဆို၍ မရကြောင်း၎င်းကဆို သည်။ 

တံမြက်စည်းမလှည်းတတ်  ခြင်း၊ အချက်အပြုတ်မတတ်ခြင်း  စသည့် အိမ်အလုပ်များမလုပ် တတ်၍ဆိုကာ အိမ်ရှင် ဦးကျော် စိုးလင်းက သြဂုတ် ၇ ရက်တွင်  တီဗီနှင့် ဒီဗီဒီစက်ဆက်သွယ် သည့် ၀ိုင်ယာကြိုးဖြင့် ရိုက်နှက် ခြင်းဖြစ်ကြောင်း အိမ်အကူမိန်းက လေးက သတင်းထောက်များအား ပြောသည်။ 

ဖြစ်စဉ်သည် လွန်ခဲ့သည့် လေး၊ငါးရက်ခန့်က အိမ်အကူမိန်း ကလေးသည် တံမြက်စည်းလှည်း ခြင်းကို တစ်နာရီထိကြာအောင် လုပ်၍ ဆိုကာအလုပ်မှပြန်လာ သည့် ဦးကျော်စိုးလင်းက ဖုန်း အားသွင်းသည့်ကြိုးဖြင့် ရိုက်နှက် ပြီး ၀င်တားမြစ်သည့် ဇနီးကိုပါ  ရိုက်နှက်ခဲ့ကြောင်း စွပ်စွဲခံရသူ၏ သူငယ်ချင်း ဦးကျော်လင်းဦးက ရှင်းပြသည်။ 

‘‘ဦးကျော်စိုးလင်းက တစ်ခါ မှဒီလိုဒေါသထွက်တာတွေ၊ ဘာ တွေမရှိဘူးဗျ။ သူကဆီးချိုက လည်းရှိတော့ အလုပ်ထဲမှာအခန့် မသင့်တာတွေလည်း ရှိမယ်။ ဘု ရားဖူးသွားဖို့အိမ်က အထွက်မှာ တောင်ကောင်မလေးနဲ့အိမ်အကူ   နောက်တစ်ယောက်ကို မုန့်ဖိုးပေး သေးတယ်။ ကောင်မလေး(ချိုပြုံး)ကတောင် ပါးပါး မြန်မြန်ပြန်လာ နော်ပြောသေးတယ်’’ ဟု ၎င်းက ပြောသည်။ 

ထို့အပြင် အိမ်ရှင်ဦးကျော်  စိုးလင်းသည် သြဂုတ် ၈ ရက်ည ကပင် မက္ကာသို့ ဘုရားဖူးထွက်ခွာ ကြောင်း ဦးကျော်လင်းဦးကပြော သည်။ 

ရိုက်နှက်ခံရသူ အိမ်အကူ  မိန်းကလေး၏ အစ်မသည်ယခု စွပ်စွဲခံရသူ ဦးကျော်စိုးလင်း၏ ညီမထံတွင် အိမ်အကူအဖြစ်ကိုး နှစ်ကြာ လုပ်ကိုင်ဖူးကြောင်း ၎င်း ကဆက်လက်ပြောသည်။ အိမ် အကူမိန်းကလေး၏ အစ်မက စွပ်စွဲခံရသူများထံ  ၎င်း၏ညီမကို အလုပ်ပေးရန် တောင်းဆို၍ အ လုပ်ခန့် အပ်ခြင်းဖြစ်ကြောင်း ဦးကျော်လင်းဦးကဆိုသည်။ 

အိမ်ရှင် ဦးကျော်စိုးလင်း သည် မက္ကာသို့ထွက်ခွာနေသဖြင့် သူငယ်ချင်းတစ်ဦးအနေဖြင့် လူမှုရေးအရပြေလည်အောင် ကူညီ မည်ဟု ဦးကျော်လင်းဦးက ဆို သည်။

‘‘ဥပဒေအရတော့ဘာမှဝင် ရောက်စွက်ဖက်စရာမရှိပါဘူး’’ ဟု ၎င်းကပြောသည်။