တရုတ်နိုင်ငံမှ ကုန် ပစ္စည်းကဲ့ယူမည့်ယာဉ်များ မလာ ခြင်းကြောင့် ရွှေလီ၊ မူဆယ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လု နီးပါးအခြေအနေ ကြုံတွေ့နေရ ကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့ကပြောသည်။ မူဆယ်၊ နန့်ခမ်းအကြား တွင် အာဆီယံ စံသတ်မှတ်ချက် ဖြင့်သာ ကုန်စည်တင်ဆောင်ခွင့် ပြုပြီး တန်ပိုတင်ဆောင်သည့် ကားများကို မြန်မာဘက်ကဖမ်း ဆီးနေမှုကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်ဆောင်မည့် ကား များသြဂုတ် ၁၅
မြန်မာဘက်မှ ပို့ကုန်များတင်ဆောင်၍ ရွှေလီမြစ်ကို ဖြတ်ကူးနေသည့် တရုတ်ကုန်တင်ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

တရုတ်နိုင်ငံမှ ကုန် ပစ္စည်းကဲ့ယူမည့်ယာဉ်များ မလာ ခြင်းကြောင့် ရွှေလီ၊ မူဆယ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လု နီးပါးအခြေအနေ ကြုံတွေ့နေရ ကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့ကပြောသည်။

မူဆယ်၊ နန့်ခမ်းအကြား တွင် အာဆီယံ စံသတ်မှတ်ချက် ဖြင့်သာ ကုန်စည်တင်ဆောင်ခွင့် ပြုပြီး တန်ပိုတင်ဆောင်သည့် ကားများကို မြန်မာဘက်ကဖမ်း ဆီးနေမှုကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်ဆောင်မည့် ကား များသြဂုတ် ၁၅ ရက်ကစတင်၍ မြန်မာနိုင်ငံသို့ လာရောက်ခြင်းမ ရှိကြောင်း ၎င်းတို့ကဆိုသည်။

တရုတ်−မြန်မာနယ်စပ်ကုန် သွယ်ရေးတွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တရားဝင်တင်ပို့ သော်လည်းတရုတ်အစိုးရက တ ရားဝင်ခွင့်ပြုထားခြင်း မရှိသဖြင့် တရုတ်ကုန်သည်များက မြန်မာ နိုင်ငံသို့လာရောက်ပြီး ကုန်စည် များဝယ်ယူ၍ တရုတ်နိုင်ငံမှ  ကားများဖြင့် ပစ္စည်းများသယ်ယူ ခြင်းဖြစ်သည်။

လက်ရှိတွင် အာဆီယံစံနှုန်းသတ်မှတ်ချက်ဖြင့်  ဖမ်း ဆီးမှုများကြောင့် လက်ရှိကုန် ပစ္စည်းတင်ဆောင်မည့် တရုတ် ကုန်တင်ကားများ မလာသဖြင့် တရုတ် ကုန်သည်များလည်း ကုန်ပစ္စည်းအ၀ယ်မရှိသလောက် နည်းပါးကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့ကပြောသည်။

မြန်မာနိုင်ငံမှ တစ်ရက်လျှင် ပျမ်းမျှကန်ဒေါ်လာ ၁၁ ဒသမ ၃၃ သန်းဖိုးတင်ပို့နေသော ကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းတွင် တန်ပိုယာဉ်ဖမ်းဆီးမှုများကြောင့် သြဂုတ် ၁၅ ရက်၌  တင်ပို့မှု၉၀ ရာခိုင်နှုန်းခန့်လျော့ကျခဲ့ကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။

သြဂုတ်အတွင်းတရုတ်နိုင်ငံ  သို့ တစ်ရက်လျှင်ဆန်အိတ်လေး သောင်း၊ သကြားအိတ်ရှစ် သောင်း၊ ပြောင်းဖူးစေ့အိတ် ခြောက်သောင်း တင်ပို့ရောင်းချ နေရသော်လည်း လက်ရှိတွင်ကုန် သွယ်ရေးရပ်တန့်လုနီးပါးဖြစ်နေ ကြောင်းဆိုသည်။

ပြည်တွင်းမှ တင်ပို့သော ကုန်ပစ္စည်များကို ဂိုဒေါင်များ တွင်ချထားရပြီး ဆန်နှင့် သကြား ဈေးနှုန်းလည်း တစ်အိတ်လျှင် သုံးယွမ် (၆၄၅ ကျပ်ခန့်) ဈေး လျော့ကြောင်း ကုန်သည်အချို့က ပြောသည်။ တရုတ်-မြန်မာနယ် စပ် ကုန်သွယ်ရေးလမ်းကြောင်း လေးခုရှိပြီး မူဆယ်၊ ရွှေလီနယ် စပ် ကုန်သွယ်ရေးလမ်းကြောင်း က အဓိကကုန်သွယ်ရေးလမ်း ကြောင်းဖြစ်သည်။  ၂၀၁၇ - ၁၈  ဘဏ္ဍာနှစ်တွင် မူဆယ်၊ ရွှေလီကုန်သွယ်ရေးလမ်းကြောင်းမှ ကုန် သွယ်မှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံရရှိထားပြီး ကျန်ကုန် သွယ်ရေးလမ်းကြောင်း သုံးခု ထက် ၈၀ ရာခိုင်နှုန်းကျော်ပိုမို ကုန်သွယ်ခဲ့သည်။ မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ လေးဘီလီ ယံကျော်ရှိပြီး တစ်ရက်လျှင်ပျမ်း မျှ ဒေါ်လာ ၁၁ သန်းကျော်တန်ဖိုး ရှိပို့ကုန်များ တင်ပို့နေခြင်းဖြစ် သည်။