ဟံသာဝတီလေဆိပ် စီမံကိန်း မသေချာမှုကြောင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူထား သည့် စီမံကိန်းအနီး မြေကွက်များ ကို ဈေးလျှော့ရောင်းချမှုများရှိလာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် အချို့က ပြောသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းပုံစံတူကို ပြသထားစဉ် (ဓာတ်ပုံ − Courtesy of CNA)

ဟံသာဝတီလေဆိပ် စီမံကိန်း မသေချာမှုကြောင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူထား သည့် စီမံကိန်းအနီး မြေကွက်များ ကို ဈေးလျှော့ရောင်းချမှုများရှိလာ သည်ဟု အိမ်ခြံမြေအကျိုးဆောင်  အချို့က ပြောသည်။

 ဟံသာဝတီလေဆိပ်စီမံကိန်း စတင်ရန် ပြည်ထောင်စုအစိုးရအ ဖွဲ့က မဆုံးဖြတ်ရသေးကြောင်း ဇူလိုင် ၂၈ ရက် ပဲခူးမြို့ မြို့တော် ခန်းမ၌ ပြုလုပ်သော ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ် တွေ့ဆုံပွဲတွင် သမ္မတဦးဝင်းမြင့်က ပြောသည်။ 

ထိုသို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး နောင်ရက်များတွင် လေဆိပ်စီမံကိန်းအနီး မြေကွက် များ ဈေးလျှော့၍ ရောင်းလိုသူများ လာကြောင်း စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။ 

ဟံသာဝတီလေဆိပ်အနီး မြေများကို ဝယ်လိုသူမရှိဘဲ ရောင်းချလိုသူများသကဲ့သို့ ယခင်ကျပ် သိန်း ၃၀၀ တန်မြေကွက်များကို သိန်း ၂၅၀ ခန့်အထိ ဈေးလျှော့ကာ ရောင်းချမှုများရှိလာသည်ဟု ၎င်း တို့က ပြောသည်။ 

‘‘ပဲခူးလေဆိပ်သွားတဲ့ လမ်း တစ်လျှောက်မှာ မြေကွက်တွေကို စိတ်ဝင်စားမှုလျော့သွားတယ်။ ဈေးနှုန်းအနေအထားမျိုးပြောရင် ဒီရက်ပိုင်းအတွင်းမှ ဈေးလျှော့ ရောင်းတဲ့အနေအထားမျိုး တွေ့ရ တယ်’’ဟု iMyanmar House.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။ 

ထို့အတူ ရန်ကုန်မြို့သစ်စီမံ ကိန်းနှင့် ပတ်သက်၍လည်း ပြန် လည်စိစစ်မည့် အခြေအနေများ ကြောင့် ဈေးကစားရန် ဝယ်ထား သည့် မြေကွက်များ တန်ဖိုးလျော့ ကျသည်ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် စီမံ ကိန်းများအပေါ် အခြေခံပြီး ဈေး ကစားမှုများဖြင့် တန်ဖိုးအဆပေါင်းများစွာ မြင့်တက်သည့် အခြေအနေမျိုးဖြစ်ခဲ့သည်။ ကျပ် လေး၊ ငါးသိန်းတန် မြေတစ်ကွက် က စီမံကိန်းကြောင့် နေ့ချင်းညချင်း ကျပ်သိန်းပေါင်း ရာထောင်ချီအထိ မြင့်တက်ခဲ့ရသည့် အခြေအနေမျိုး  က ပြီးခဲ့သည့် အစိုးရလက်ထက် များတွင် ဖြစ်ပေါ်ခဲ့သည်။ 

မြန်မာနိုင်ငံ၏အိမ်ခြံမြေဈေး ကွက်ကို လှုပ်ခတ်စေခဲ့သည့် စီမံ ကိန်းနှစ်ခု လက်ရှိအချိန်တွင် ဆက်လက်လုပ်ကိုင်ရန် မသေချာခြင်း က ရန်ကုန်အိမ်ခြံမြေဈေးကွက် ကြီးတစ်ခုလုံးကို အကျိုးသက် ရောက်မှုမရှိနိုင်ကြောင်း အကျိုး ဆောင်အချို့က မှန်းဆကြသည်။ 

‘‘ဈေးကွက်တစ်ခုလုံးက နဂို ကတည်းက အေးနေတာလေ။ ထပ် ဆိုးစရာမရှိတော့ဘူး’’ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။ 

လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် တန်ဖိုးငယ်မြေ ကွက်အချို့နှင့် အလယ်အလတ် တန်ဖိုးရှိမြေကွက်အချို့ အရောင်းအဝယ် အနည်းငယ်သာရှိသည်ဟု၎င်းကဆိုသည်။ 

တောင်ဥက္ကလာ၊ သာကေတ စသည့်မြို့နယ်များမှ ကျပ်သိန်းသုံး ထောင်ခန့် အလယ်အလတ်တန် ဖိုးရှိသည့် အိမ်ခြံမြေအနည်းငယ် အရောင်းအဝယ်ရှိသည်ဟု ဦးသန်း ဦးက ပြောသည်။ 

ရန်ကုန်အိမ်ခြံမြေဈေးကွက် သည် ၂၀၁၄ ရှေ့ပိုင်းက နေပြည် တော်ကျောက်မျက်ပွဲပြီးလျှင် အ ရောင်းအဝယ် မြင့်တက်လေ့ရှိခဲ့ သည်။ သို့သော် ပြီးခဲ့သည့်လက နေပြည်တော် ကျောက်မျက်ပွဲပြု လုပ်ခဲ့သော်လည်း ရန်ကုန်အိမ်ခြံ မြေဈေးကွက်အပြောင်းအလဲမရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင် အချို့က ပြောသည်။ 

မြန်မာနိုင်ငံ၏စီးပွားရေးအ ခြေအနေအပေါ် မှီခိုနေသော ရန်ကုန်အိမ်ခြံမြေဈေးကွက်အေး စက်မှုနှင့်အတူ တိုက်ခန်းများ ရောင်းချနိုင်မည့်ဈေးကွက်အခြေ အနေကလည်း ပျောက်ဆုံးနေ သည်ဟု ဆောက်လုပ်ရေးကန်ထ ရိုက်တာအချို့က ပြောသည်။ 

ရန်ကုန်မြို့တော်စည်ပင်၏ စည်းကမ်းသတ်မှတ်ချက်အချို့ အပြောင်းအလဲနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၏ဈေး နှုန်းမြင့်တက်မှုက တိုက်ခန်းများ  ရောင်းလိုအားကျဆင်းချိန်တွင် တည်ဆောက်ရောင်းချသူများကို အကျပ်အတည်း ဖြစ်စေသည်ဟု ၎င်းတို့က ပြောသည်။