တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဆီးသီးပေါ်ချိန် တိုက်ဆိုင်နေသဖြင့် မြန်မာဆီးသီးများ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ရောင်း ချရာ၌ ရောင်းမရဖြစ်နေပြီး ကားခပင်မရသည့်ဈေးများဖြင့် ရောင်း နေရကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုး သည့် ထိုင်ဝမ်ဆီးသီးများမှာ ရွှေ လီတွင်စိုက်ပျိုးသည့် တရုတ်ဆီး သီးများ၏ အရည်အသွေးနှင့်အ ရသာကို မမီသဖြင့် တရုတ်ဝယ် လက်များက ၀ယ်ယူလိုခြင်းမရှိ ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်အတွင်းရေးမှူးဦးစိုင်းခင်မောင်က ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဆီးသီးပေါ်ချိန် တိုက်ဆိုင်နေသဖြင့် မြန်မာဆီးသီးများ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ရောင်း ချရာ၌ ရောင်းမရဖြစ်နေပြီး ကားခပင်မရသည့်ဈေးများဖြင့် ရောင်း နေရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုး သည့် ထိုင်ဝမ်ဆီးသီးများမှာ ရွှေ လီတွင်စိုက်ပျိုးသည့် တရုတ်ဆီး သီးများ၏ အရည်အသွေးနှင့်အ ရသာကို မမီသဖြင့် တရုတ်ဝယ် လက်များက ၀ယ်ယူလိုခြင်းမရှိ ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်အတွင်းရေးမှူးဦးစိုင်းခင်မောင်က ပြောသည်။

‘‘ရွှေလီမှာစိုက်တဲ့ ဆီးသီး တွေက ယူနန်တစ်ပြည်နယ်လုံးအ တွက် ဖူလုံနိုင်တဲ့အနေအထားရှိ တယ်။ တရုတ်ရဲ့ ၀ယ်လိုအားက လည်း အဲဒီလောက်ပဲရှိတာဆို တော့ မြန်မာကဆီးသီးတွေကို သိပ်မ၀ယ်ကြဘူး။ မြန်မာဆီးသီး အရည်အသွေးကောင်းလောက်ပဲ ၀ယ်လက်ကို ချော့မော့ရောင်းရ တဲ့ အနေအထားဖြစ်နေတယ်’’ဟု ဦးစိုင်းခင်မောင်က ပြောသည်။

ဆီးသီးများသည် အရည်အ သွေးအကောင်းဆုံးအသီး တစ်ဖာ (၁၆ ကီလိုခန့်)လျှင် တရုတ်ငွေ ယွမ် ၂၀ ခန့်သာရရှိပြီး အရည်အ သွေး မကောင်းသည့်အသီးများက တစ်ဖာလျှင် ၅ ယွမ်မှ ၁၅ ယွမ်အတွင်းရှိဟုဆိုသည်။ ထို့ကြောင့် အရည်အသွေးမကောင်း၍ ဈေးကောင်းမရသည့် အသီးများကို မူဆယ်သို့ပို့ရန် ကားငှားရသော ကားငှားရမ်းခပင် မရသည့်အခြေ အနေရှိကြောင်း ဦးစိုင်းခင်မောင် က ပြောသည်။

‘‘တရုတ်မှာစိုက်တဲ့ ဆီးသီး နဲ့က စိုက်ပျိုးတဲ့နည်းပညာကိုက မယှဉ်နိုင်တာ။ ထည့်ရမယ့်ဆေးဝါးအစာတွေ၊ မြေပြုပြင်တာတွေ ကိုက လိုအပ်ချက်တွေရှိနေတယ်။ တောင်သူတွေအနေနဲ့ လေ့လာမှု တွေ လိုအပ်နေတယ်။ ဆီးသီးက ပြည်တွင်းစားသုံးမှုကလည်း ဈေး က သိပ်မရှိ၊ ပြည်ပပို့လို့ကလည်း မကောင်းဖြစ်နေတော့ ဆီးသီးသ မားတွေ အထိနာတယ်’’ဟု ဦးစိုင်း ခင်မောင်က ပြောသည်။

မူဆယ်သို့တင်ပို့ရာတွင် ကားလမ်းပိတ်မှုများကြောင့် လမ်းခရီးကြန့်ကြာ၍ ဆီးသီးများ အ ရည်အသွေးကျခြင်း၊ ပုပ်သွားခြင်းများလည်းရှိသည်။ လက်ရှိတွင်မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ဆီးသီးဖာ ၂၀၀၀ ခန့် ၀င်နေသည်ဟု ဆိုသည်။ဖရဲနှင့် သခွားသီးများသည်ရက်ကြာကားလမ်းပိတ်မိ၍ အ ရည်အသွေးကျမှု နည်းသော် လည်း ဆီးသီးများကို မူဆယ်သို့သုံးရက်ခန့်အတွင်း ရောက်အောင်မပို့နိုင်လျှင် အရည်အသွေးကျခြင်းနှင့် ပုပ်သွားခြင်းများ ဖြစ်နေ ကြောင်း မူဆယ်သို့ဆီးသီးတင်ပို့ သူတစ်ဦးက ပြောသည်။ တရုတ် ၀ယ်လက်များကလည်း ဆီးသီး များကို မူဆယ်မှဝယ်ပြီးလျှင် တရုတ်နိုင်ငံအတွင်းသို့ နောက် ထပ်နှစ်ရက်ခန့် ပြန်လည်သယ်ယူ ရဦးမည်ဖြစ်ရာ ယင်းကြန့်ကြာချိန် ပါ တွက်ဆနေရသဖြင့် မ၀ယ်လိုဘဲဖြစ်နေကြောင်း ၎င်းကပြော သည်။