ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း နှစ်ပတ်ခန့် တည်ငြိမ်နေ ရာမှ (သြဂုတ် ၉ ရက်) ယမန်နေ့တွင် ထပ်မံမြင့်တက်ခဲ့သည်။ ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် ဇူလိုင်လကုန်မှ သြဂုတ် ၈ ရက်အထိ အောက်တိန်း-92 တစ်လီတာလျှင် ၉၀၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာ လျှင် ၉၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၉၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၉၄၀ ကျပ်ဖြင့် ရောင်းချနေရာမှ ယမန်နေ့က စ၍ တစ်လီတာလျှင် ၁၀ ကျပ် နှုန်းစီ

 ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း နှစ်ပတ်ခန့် တည်ငြိမ်နေ ရာမှ (သြဂုတ် ၉ ရက်) ယမန်နေ့တွင် ထပ်မံမြင့်တက်ခဲ့သည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် ဇူလိုင်လကုန်မှ သြဂုတ် ၈ ရက်အထိ အောက်တိန်း-92 တစ်လီတာလျှင် ၉၀၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာ လျှင် ၉၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၉၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၉၄၀ ကျပ်ဖြင့် ရောင်းချနေရာမှ ယမန်နေ့က စ၍ တစ်လီတာလျှင် ၁၀ ကျပ် နှုန်းစီ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကမ္ဘာ့ရေနံစိမ်းဈေး နှုန်းသည် တစ်စည်လျှင် ၇၄ ဒေါ်လာဖြင့် ဆက်လက်ရောင်းချနေ ပြီး တစ်လအတွင်း သိသာစွာ ဈေး နှုန်းပြောင်းလဲမှုမရှိကြောင်း ဈေး ကွက်သတင်းများက ဆိုသည်။‘‘နိုင်ငံခြားငွေလဲနှုန်းကြောင့် ဆီဈေးက လိုက်တက်လာတာလို့ ပဲ ယူဆတယ်။ ဒေါ်လာဈေးက မငြိမ်တဲ့အတွက် ဆီဈေးက အ ကြာကြီး ဈေးထိန်းထားလို့မရတဲ့ အနေအထားဖြစ်နေတာပေါ့’’ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင် သူ ကိုအောင်ထွန်းက ပြောသည်။

ငွေလဲနှုန်းသည် သြဂုတ် ၉ ရက်က တစ်ဒေါ်လာလျှင် ၁,၄၆၅ ကျပ် ဖြစ်ပြီး ဇူလိုင်လကုန်ကထက် ၂၅ ကျပ်ခန့် မြင့်တက်ခဲ့သည်။

လက်ရှိတွင် ဒေါ်လာဈေး သည် စံချိန်တင်ဈေးနှုန်းရောက်ရှိ နေကာ ပြည်တွင်းစက်သုံးဆီဈေး နှုန်းလည်း ၂ နှစ်အတွင်း အမြင့် ဆုံးဈေးသို့ ရောက်ရှိနေသည်။

ဒေါ်လာဈေး ဆက်လက်မြင့် တက်နေမည်ဆိုပါက ပြည်တွင်း စက်သုံးဆီဈေးကွက်အပေါ် ရိုက် ခတ်မှု ပိုမိုပြင်းထန်လာနိုင်သည် ဟု ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။