အိမ်ခြေပေါင်း သန်းပေါင်းများစွာ ရှိနေတဲ့ လူဇွန်ကျွန်းက စီးပွားရေးလုပ်ငန်းတွေနဲ့ ဒေသခံတွေကလည်း ပြတင်းမှန်တွေကို သစ်သားပြားတွေ ကာရံခြင်း၊ အိမ်ခေါင်းမိုးတွေကို ချည်တုပ်ခြင်းများနဲ့ တစ်နာရီ မိုင် ၁၃၀ တိုက်ခတ်မယ့် မုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

မနီလာ၊ စက်တင်ဘာ ၁၄ ။         ။ ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာဆိုရင် မုန်တိုင်းသတိပေးချက်တွေ တပ်လှန့်မြှင့်တင်လို့ ထားပါပြီ။

စူပါတိုင်ဖုန်းမုန်တိုင်း မန်ကွတ်က လေပြင်းမုန်တိုင်းတွေနဲ့ သည်းထန်တဲ့ မိုးရွာသွန်းမှုတွေနဲ့အတူ ကုန်တွင်းပိုင်းသို့ ၀င်ရောက်ကာနီး နာရီပိုင်းမှာပဲ အပျက်အစီး ကြီးမားလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

ဖိလစ်ပိုင် မြောက်ပိုင်းကမ်းခြေဧရိယာတွေက အိမ်ထောင်စု ထောင်ပေါင်းများစွာကလည်း စက်တင်ဘာ ၁၅ ရက်မှာ ၀င်ရောက်မယ့် ယခုနှစ်အတွက် အားအပြင်းဆုံးတိုင်ဖုန်းမုန်တိုင်း မတိုင်မီ အိမ်တွေကို စွန့်ခွာထွက်ပြေးကြပြီလည်း ဖြစ်ပါတယ်။

အိမ်ခြေပေါင်း သန်းပေါင်းများစွာ ရှိနေတဲ့ လူဇွန်ကျွန်းက စီးပွားရေးလုပ်ငန်းတွေနဲ့ ဒေသခံတွေကလည်း ပြတင်းမှန်တွေကို သစ်သားပြားတွေ ကာရံခြင်း၊ အိမ်ခေါင်းမိုးတွေကို ချည်တုပ်ခြင်းများနဲ့ တစ်နာရီ မိုင် ၁၃၀ တိုက်ခတ်မယ့် မုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံပိုင် မိုးလေ၀သဌာနကလည်း ကာဂါယန်းနဲ့ မြောက်ပိုင်း အစ္စဘယ်လာကမ်းခြေပြည်နယ်တွေအတွက် တစ်နာရီ ကီလိုမီတာ ၂၂၀ ရှိတဲ့ ဒုတိယအားအပြင်းဆုံး သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသနှစ်ရပ်စလုံးဟာဆိုရင် အချင်း ကီလိုမီတာ ၉၀၀ ကျယ်ပြန့်တဲ့ မုန်တိုင်းရဲ့ လမ်းကြောင်းပေါ် တည့်တည့် ကျရောက်နေတာလည်း ဖြစ်ပါတယ်။

“ဒါဟာ အရမ်းကို အရေးကြီးပါတယ်။ နိုင်ငံက ပြည်သူတိုင်း သိထားသင့်တာက မုန်တိုင်းအန္တရာယ် အဆင့်သတ်မှတ်ချက်ဟာ အဆင့်လေးမှာ ရှိနေပြီဆိုတာပါပဲ။”လို့ မိုးဇလပညာရှင် လောရီဒင်ခရုဇ်က ရုပ်သံကနေ ကြေညာသွားခဲ့ပါတယ်။