တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် CFA Under 21 International Football Tournament ပြိုင်ပွဲကို စက်တင်ဘာလ (၄)ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ရန်ကုန် ၊ သြဂုတ် ၁၀ ။         ။ CFA Under 21 International Football Tournament ပြိုင်ပွဲအတွက် မြန်မာ ယူ ၂၁ အသင်း၏ ပဏာမ လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် CFA Under 21 International Football Tournament ပြိုင်ပွဲကို စက်တင်ဘာလ (၄)ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ(၂၁)အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်မှ ဆောင်ရွက်မည်ဖြစ်ပြီး  မြန်မာ နေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် အသက် ၂၁နှစ်အောက် ပြိုင်ပွဲများမှ ကစားသမား (၅၀)ဦးကို ခြေစွမ်းစမ်းသပ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ ၂၁ အသင်းတွင် စိုးအာကာ(ရခိုင်ယူနိုက်တက်)၊အေဇင်မှူး(စစ်ကိုင်းယူနိုက်တက်)၊သက်ပိုင်ထွေး( ရှမ်းယူနိုက်တက် U 21)၊အောင်ကောင်းမာန် (ဧရာဝတီယူနိုက်တက်)၊ ချမ်းငြိမ်း(ဆောက်သမ်းမြန်မာ)၊ အောင်မျိုးထွေး(မြ၀တီ)၊စိုးကိုကို(ဧရာဝတီယူနိုက်တက်)၊နေသူရအောင်(ရခိုင်ယူနိုက်တက်)၊ကျော်သက်ဦး (ရတနာပုံ U21)၊ အောင်နိုင်ဝင်း (ရတနာပုံ) ၊ကျော်ဇေယျ(စစ်ကိုင်း)၊ဇော်ဝင်းမောင် (မကွေး)၊ ရဲနိုင်ဦး (မကွေး)၊စအောင်ပြည့်ကို ( ရှမ်းယူနိုက်တက် U 21)၊ကျော်မျိုးနိုင်( ISPE U 21)၊ဇော်ရဲနောင် ( ISPE U 21) ၊ဟိန်းထက်စည်သူ(မကွေး U21)၊ဇော်ထက်မင်း ( ရှမ်းယူနိုက်တက် U 21)၊မင်းကိုကို (မကွေး U 21) ၊ ထက်အာကာလွင် ( ISPE U 21)၊အာကာ (ရတနာပုံ U 21)၊ နန်းထိုက်ဇင် ( ISPE U 21)၊သက်အောင် (ဟံသာဝတီ U 21) ၊ အောင်ဇော်မြင့် ( မကွေး U 21) ၊ဇွဲခန့်မင်း ( ရှမ်းယူနိုက်တက် U 21) တို့ ပါဝင်လျှက်ရှိသည်။

မြန်မာ့လက်ရွေးစင် ယူ(၂၁)အသင်းသည် CFA Under 21 International Football Tournament တွင် တာဂျစ်ကစ္စတန်၊ ဥဇဘတ်ကစ္စတန်၊ အိမ်ရှင်တရုတ်အသင်းများဖြင့် ပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ယူ၂၂ချန်ပီယံရှစ်၊ အာရှ ယူ၂၃ ခြေစစ်ပွဲစဉ်များနှင့် ၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။