“မြန်မာ့စပါးအုံး” အောင်လအန်ဆန်က ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံကို ကာကွယ်ရသည့်ပွဲတွင် ရှုံးပွဲမရှိစံချိန်တင်ထားသော Karai ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်နိုင်ပွဲဖြင့် အနိုင်ရယူလိုက်သည်။

အောက်တိုဘာ ၃၀ ။          ။ ပြီးခဲ့သော သောကြာနေ့ညက ကျင်းပပြုလုပ်ခဲ့သည့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ အဓိက ပွဲစဉ်ကြီးတွင် လက်ဘနွန်နိုင်ငံသား Mohammad Karaki ကို အနိုင်ထိုးသတ်ခဲ့ပြီးသောအချိန်တွင် အောင်လအန်ဆန်က “အခုမှ အစပဲရှိပါသေးတယ်” ဟု ပြောဆိုထားသည်။

“ကျွန်တော် ဒီထက်ပိုကောင်းအောင်ကြိုးစားမှာဖြစ်လို့ ဒီထက်ပိုကောင်းတဲ့ ပြိုင်ပွဲတွေကို မြင်ရစေမယ်လို့ အာမခံပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသား သန်း ၆၀ ရှိပါတယ်။ အားလုံးအတူတူ စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားသွားမယ်ဆိုရင် ကျွန်တော်တို့ ဘာကိုမဆို အရယူသွားနိုင်ပါတယ်။” ဟု ပွဲအပြီးတွင် သူက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာ့စပါးအုံး” အောင်လအန်ဆန်က ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံကို ကာကွယ်ရသည့်ပွဲတွင် ရှုံးပွဲမရှိစံချိန်တင်ထားသော Karai ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်နိုင်ပွဲဖြင့် အနိုင်ရယူလိုက်သည်။

အောင်လအန်ဆန်သည် GoDaddy Knockout of the Night ဆုကို ရရှိခဲ့ပြီး သူသည် ရန်ကုန်တွင် ယှဉ်ပြိုင်ထိုးသတ်သည့် နိုင်ပွဲမှတ်တမ်းကို ၇-၀ ဖြင့် မှတ်တမ်းတင်ထားပြီး ၎င်းပွဲများထဲမှ ၅ ပွဲကို ပွဲသိမ်းကွက်ဖြင့် အနိုင်ရရှိထားသည်။ 

အောင်လအန်ဆန်သည် ၎င်း၏ ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်များကို မြန်မာနိုင်ငံတွင် အနိုင်ရရှိထားခြင်းဖြစ်ပြီး မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့သူ ဖြစ်သည်။ 

လာမည့် မတ်လတွင် အောင်လအန်ဆန်အနေဖြင့် ဂျပန်တွင် သွားရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ဖော် ပြောဆိုထားသေးသည်။