နောက်ဆုံးထွက်ရှိထားတဲ့ Nova 3 နှင့် 3i ကိုအဖြူရောင်၊ အနီရောင်၊ အနက်ရောင် နင့် gradient အရောင်ဖြစ်တဲ့ Irish Purple အစရှိတဲ့အရောင်ဆန်းလေးတွေနဲ့ ပြည်တွင်းမှာဝယ်ယူနိုင်ပါတယ်။

Huawei ဟာ ၄င်းတို့ရဲ့သုံးစွဲသူအတွက် အသိဥာဏ်မြင့်မားစွာအင်အားကြီးမားပြီးထိရောက်မှုရှိတဲ့ high-end consumer device တွေကို ရည်ရွယ်ထုတ်လုပ်ပေးနေပြီး ချိတ်ဆက်မှုအကောင်းဆုံး လူနေမှုဘဝကို ပေးစွမ်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို စဉ်ဆက်မပြတ် လက်တွေ့ အကောင်အထည်ဖော်လျှက်ရှိတဲ့ ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။

Huawei ဟာသူတို့ရဲ့ Kirin 980 chipset ကနေကောင်းမွန်သည့်လုပ်ဆောင်ချက်တွေနဲ့ ထိရောက်တဲ့ စွမ်းအင်တွေပေါင်းစည်းထားပြီးကမ္ဘာ့ပထမဆုံးလို့ဆိုတဲ့ အတွေ့အကြုံတွေ ဝေမျှနိုင်ပေးတာမို့ အရင်ထွက်ရှိထားတဲ့ Kirin 970 ထပ်သာလွန်တဲ့တီထွင်မှုတစ်ခုကိုထုတ်လုပ်နိုင်မှုကြောင့် IFA 2018 ပွဲကြီးမှာထိပ်တန်းဆုကြီး ၇ ဆုကို ဆွတ်ခူးရရှိခဲ့တဲ့အပြင် နိုင်ငံတကာက နည်းပညာဆိုင်ရာမီဒီယာတွေရဲ့ အထူးအားပေးဂရုပြုမှုတွေကိုလည်း ရရှိခဲ့ပါတယ်။

အခုလိုအောင်မြင်မှုတွေ ရရှိနေတဲ့ Huawei ကနေပြီးတော့ယခုနှစ်မှာလည်းတမူထူးခြားပြီး မြင့်မားတဲ့ နည်းပညာလုပ်ဆောင်ချက်တွေအပြင်ဆန်းပြားတဲ့ ဒီဇိုင်း၊ ကာလာတွေကြောင့် ယနေ့ခေတ် လူကြီးလူငယ်မရွေးအကြိုက်တွေ့စေမယ့် nova 3 နဲ့ nova 3i ဆိုပြီးဖုန်းအမျိုးအစားသစ် နှစ်မျိုးကိုလည်းအားလုံးသိတဲ့အတိုင်းဒီနှစ်အတွင်းမှာမိတ်ဆက်ခဲ့ပါသေးတယ်။ Nova series တွေဟာဈေးနှူန်းအားဖြင့်လည်းအလွန်သင့်တင့်သလို Quality ပိုင်းမှာလည်းပြောစရာမလိုအောင် အလွန်ကောင်းမွန်ပါတယ်။

Huawei Nova 3 နဲ့ 3i ဟာဆိုရင် ယခုလတ်တလော မြန်မာနိုင်ငံမှာသာမကတစ်ကမ္ဘာလုံးကပါ တခဲနက် အသိမှတ်ပြုအားပေးနေတဲ့ ဖုန်းအမျိုးအစားတွေပါ။ ဒါ့အပြင် ထပ်ပြီးစိတ်ဝင်စားဖို့ကောင်းတာက Huawei P Series နဲ့ Nova Series တွေမှာ ရရှိနိုင်တဲ့ gradient အရောင်ဟာအဆင့်မြင့်နည်းပညာအသုံးပြုပြီးဖန်တီးထားရတဲ့အရောင်ဖြစ်ပါတယ်။ ခရမ်းရောင် နဲ့ အပြာရောင် ပေါင်းစပ်ထားတဲ့ ရောင်ပြေးအရောင်လေးရရှိဖို့ အတွက် NCVM Coatingလို့ခေါ်တဲ့ အဆင့်မြင့် နည်းပညာအသုံးပြုထားပြီး ၎င်းနည်းပညာဟာ ပြုလုပ်နေစဉ်အတွင်းမှာဖုန်မှုန့်လေးတစ်စရှိရင်တောင် ပျက်ပြယ်သွားတာကြောင့် အထူးဂရုစိုက်ပြီးတီထွင်ထုတ်လုပ်ထားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် သမာရိုးကျ ပုံနှိပ်ရာမှာအသုံးပြုတဲ့ မှင် နှင့် ပတ်သက်တဲ့ နည်းလမ်းတွေနဲ့  နှိင်းယှဉ်လျှင် NCVM နည်းစနစ်ဖြင့် ပြုလုပ်ထားတဲ့  ရောင်ပြေးကပိုမိုတိကျ ၊ တောက်ပပြီးပြောင်းလဲလွယ်တဲ့ အနေအထားမှာရှိပါတယ်။ ဒါ့အပြင်၎င်းကပိုမိုစိတ်ချရပြီး eco-friendly ဖြစ်တဲ့အပြင် အရောင်လွင့်ပျယ်ခြင်းမှလည်း ကင်းဝေးစေမည်ဖြစ်စေမှာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ Nova 3 နှင့် 3i ကိုအဖြူရောင်၊ အနီရောင်၊ အနက်ရောင် နင့် gradient အရောင်ဖြစ်တဲ့ Irish Purple အစရှိတဲ့အရောင်ဆန်းလေးတွေနဲ့ ပြည်တွင်းမှာဝယ်ယူနိုင်ပါတယ်။

လတ်တလောထွက်ရှိထားတဲ့ Huawei Nova 3 နှင့် Nova 3i ဟာဆိုရင် ၎င်းတို့ရဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေ၊ AI နည်းပညာတွေနဲ့ထောက်ပံ့ဖွဲ့စည်းတည်ဆောက်ထားပြီးကင်မရာ ၄ လုံးပါဝင်တဲ့ အဆိုပါ   ဖုန်းတွေရဲ့ကင်မရာ app ဟာ DSLR ကင်မရာတွေနဲ့အဆင့်မြင့် ကင်မရာအသုံးပြုနေရသလို ဓာတ်ပုံရိုက်ကူးရာမှာမိမိနှစ်သက်သလိုပြောင်းလဲချိန်ယူနိုင်တဲ့ aperture နှင့် portriate mode တွေပါဝင်တဲ့အပြင် ၊ ကြီးမားတဲ့ internal storage နဲ့ ဈေးနှုန်းသင့်တင့်မှုတွေကြောင့် ဆယ်ကျော်သက် လူငယ်တွေကြားအထူးရေပန်းစားနေသည့် စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။