မဇ္ဈိမဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တာဝန်သိမှုရည်မှန်းချက်နဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကျယ်ကျယ်ပြန့် တင်ဆက်နိုင်ဖို့ ၂၀၀၃ ခုနှစ်အရောက်မှာတော့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ရုံးခွဲအသစ် ထပ်မံတိုးချဲ့ပြီး မြန်မာနိုင်ငံတွင်း သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံတင်ဆက်နိုင်ခဲ့ပါတယ်။

လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တာဝန်သိမှုတွေနဲ့အတူ ၁၉၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မဇ္ဈိမဟာ သြဂုတ်လ ၉ ရက် ၂၀၁၈ ခုနှစ်မှာတော့ နှစ် ၂၀ ပြည့်မြောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို မျှမျှတတနဲ့ ဘက်လိုက်မှုကင်းကင်း အများပြည်သူသိရှိနိုင်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ နှနှစ်အကြာ ၂၀၀၀ ခုနှစ်အရောက်မှာတော့ မဇ္ဈိမဟာ မြန်မာဘာသာနဲ့ သတင်းတွေတင်ပြပေးနေတဲ့ www.mizzimaburmese .com နဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းတွေကို တင်ပြပေးနေတဲ့ www.mizzima.com ဝက်ဆိုဒ်တွေကို လွှင့်တင်နိုင်ခဲ့ပါတယ်။

မဇ္ဈိမဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တာဝန်သိမှုရည်မှန်းချက်နဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကျယ်ကျယ်ပြန့် တင်ဆက်နိုင်ဖို့ ၂၀၀၃ ခုနှစ်အရောက်မှာတော့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ရုံးခွဲအသစ် ထပ်မံတိုးချဲ့ပြီး မြန်မာနိုင်ငံတွင်း သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံတင်ဆက်နိုင်ခဲ့ပါတယ်။

နိုင်ငံရေး အကျပ်အတည်းအတွက် အပြောင်းအလဲဖြစ်ဖို့ ၂၀၀၇ ခုနှစ်မှာ မြန်မာနိုင်ငံတွင်းက သံဃာတော်တွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာလည်း မဇ္ဈိမဟာ လျင်မြန်တဲ့ သတင်းတင်ဆက်မှု၊ တိကျတဲ့ သတင်းပေးပို့မှု ဘက်မလိုက်တဲ့သတင်းတွေကို မြန်မာနိုင်ငံအတွက် တင်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Austria အခြေစိုက် International Press Institute က ချီးမြှင့်တဲ့ Free Media Pioneer Award ကို ရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့ပြီး လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်ကလည်း မဇ္ဈိမဟာ သတင်းတင်ဆက်မှုတွေကို ပြည့်ပြည့်စုံစုံ တင်ဆက်ခဲ့ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ မီဒီယာတခု ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်တော့မယ့် ၂၀၁၀ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်မှုကို အကျယ်တဝင့် တင်ဆက်နိုင်ခဲ့ပြီး နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဇ္ဈိမဟာ Online TV ကနေတဆင့် ရွေးကောက်ပွဲနဲ့ ပတ်သတင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမရိုးကျမဟုတ်တဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုဖြစ်တဲ့ Special Live Reporting သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးနိုင်ခဲ့တာကလည်း မဇ္ဈိမရဲ့ မှတ်တိုင်တခုပဲဖြစ်ပါတယ်။ မဇ္ဈိမဟာ အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ်မှာတင် တင်းတိမ်မနေဘဲ ၂၀၁၁ ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Mizzima English Weekly Megazine ကို တိုးချဲ့ထုတ်ဝေခဲ့ပါတယ်။

ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေတွေအရ မဇ္ဈိမဟာ ၂၀၁၂ ခုနှစ်အရောက်မှာတော့ မြန်မာနိုင်ငံအတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ပြည်ပအခြေစိုက်သတင်းမီဒီယာ တစ်ခုဖြစ်ခဲ့ပါတယ်။ မီဒီယာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ မဇ္ဈိမ အပတ်စဉ်ထုတ်ဂျာနယ်ကိုလည်းကောင်း ၂၀၁၃ ခုနှစ်မှာ မဇ္ဈိမ နေ့စဉ်သတင်းစာကိုလည်း ထုတ်ဝေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးပါလှတဲ့ အပြောင်းအလဲတွေကို သတင်းတွေ၊ ဆောင်းပါးတွေနဲ့ တစိုက်မတ်မတ် တင်ဆက်လာခဲ့တဲ့ မဇ္ဈိမဟာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပါတဲ့ အထွေထွေးရွေးကောက်ပွဲကို မဇ္ဈိမ စတီဒီယိုအတွင်းကနေ သုံးရက်တိုင်တိုင် တိုက်ရိုက်တင်ဆက်မှု၊ သတင်းပေးပို့ချက်တွေကို တင်ဆက်နိုင်ခဲ့ပါတယ်။ ဒါအပြင် ၂၀၁၅ ခုနှစ်အတွင်း Digital Daily Newspaper ဝန်ဆောင်မှု၊ ဖုန်းများမှတဆင့် သတင်းအချက်အလက် ဖြန့်ဝေပေးနိုင်သည့် SMS နဲ့ Radio တင်ဆက်မှုတွေကို တိုးချဲ့နိုင်ခဲ့ပါတယ်။

ဝန်ထမ်းပေါင်း ၁၀၀ ကျော်နဲ့ မီဒီယာဖွံ့ဖြိုးမှု၊ သတင်းအချက်အလက် ဖြန့်ဝေပေးမှုတွေကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တင်ဆက်ပေးနေတဲ့ မဇ္ဈိမဟာ ၂၀၁၇ ခုနှစ်မှာ Free to Air Digital TV Channel တစ်ခုအဖြစ် ထုတ်လွှင့်ပြသနိုင်ဖို့ အစိုးရထံလျောက်ထားခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လမှာတော့ Free to Air Digital TV Channel လုပ်ကိုင်ခွင့်ရခဲ့ပြီး MizzimaTV အဖြစ် ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ မဇ္ဈိမရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တာဝန်သိမှုတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ လူငယ်တို့အတွက် မဇ္ဈိမဟာ နှစ် ၂၀ မှသည် နှစ်ပေါင်းများစွာ တည်ရှိနေဦးမှာဖြစ်ပါတယ်။