ပြည်တွင်း စမတ်ဖုန်းဈေးကွက်သို့ ၂ဝ၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံက စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သော ဗီဗို (Vivo) သည် ယခုအခါ ဈေးကွက်၏ ၁၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီဖြစ်သည်ဟု Vivo Myanmar စီမံခန့်ခွဲရေးအရာရှိချုပ် မစ္စတာနယ်လ်ဆန်နီက ပြောသည်။

၂ဝ၁၆ တွင် ကျင်းပခဲ့သည့် Vivo V3Max ဖုန်း မိတ်ဆက်ပွဲ။ အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)၂ဝ၁၆ တွင် ကျင်းပခဲ့သည့် Vivo V3Max ဖုန်း မိတ်ဆက်ပွဲ။ အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)

ပြည်တွင်း စမတ်ဖုန်းဈေးကွက်သို့ ၂ဝ၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံက
စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သော ဗီဗို (Vivo) သည် ယခုအခါ ဈေးကွက်၏ ၁၈ ရာခိုင်နှုန်းကို
ပိုင်ဆိုင်ထားပြီဖြစ်သည်ဟု Vivo Myanmar စီမံခန့်ခွဲရေးအရာရှိချုပ် မစ္စတာနယ်လ်ဆန်နီက
ပြောသည်။

''ကျွန်တော်တို့ စုဆောင်းထားတဲ့ ဒေတာအချက်အလက်တွေအရ ဗီဗိုရဲ့ဈေးကွက်ဝေစုက
၁၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျွန်တော် တို့ရဲ့အချက်အလက်တွေက တကယ့်အခြေအနေ
နဲ့တော့ အနည်းငယ်ကွာဟမှု ရှိကောင်း ရှိနိုင်ပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြငှ်ုInternational Data Corporation (IDC) ၏လေ့လာချက်အရ ဗီဗိုသည် မြန်မာ နိုင်ငံ
ဈေးကွက်တွင် နံပါတ် ၃ နေရာ၌ ရပ်တည်လျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်း ဗီဗို စမတ်ဖုန်းများဖြစ်သည့် Y15s, Y21,Y31,Y51, V3,
V3Max, Y55, V5 ကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း မိတ်ဆက်ရောင်းချခဲ့ပြီး ယင်းစမတ်ဖုန်း
များထဲမှ ရှေ့ကင်မရာအရည် အသွေး 20MPပါဝင်သော Vivo V5 စမတ် ဖုန်းသည် လူကြိုက်
အများဆုံး စမတ်ဖုန်း တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

''မိုဘိုင်းဖုန်းအသုံးပြုသူတွေမှာ ရွေးချယ် စရာဖုန်းတွေ များပြားလာပါတယ်။ ကျွန်တော်တို့
ကလည်း ထုတ်ကုန်တွေကို ကောင်းမွန် တဲ့ အရည်အသွေးတွေ၊ အကောင်းဆုံး အတွေ့ အကြုံ
တွေပေးစွမ်းနိုင်ဖို့ အထူးပဲ ကြိုးစား သွားမှာဖြစ်ပါတယ်''ဟု မစ္စတာ နယ်လ်ဆန်နီ က ပြောသည်။