တောင်ကိုရီးယားနိုင်ငံအခြေစိုက် ဆမ်ဆောင်း Samsung ကုမ္ပဏီက အသစ်ထုတ်လုပ်ထားသည့် ရေစိုခံစနစ် ပါဝင်လာသော Galaxy A5 2017 နှင့် Galaxy A7 2017 ကို ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင် မိတ်ဆက်ခဲ့သည်။

ွေူထေပ ဗ၇ ၂ဝ၁၇ စမတ်ဖုန်းကို ပြသထားစဉ်။ အောင်ကျော်ညွန့်/ မြန်မာတိုင်း(မ်)ွေူထေပ ဗ၇ ၂ဝ၁၇ စမတ်ဖုန်းကို ပြသထားစဉ်။ အောင်ကျော်ညွန့်/ မြန်မာတိုင်း(မ်)

တောင်ကိုရီးယားနိုင်ငံအခြေစိုက် ဆမ်ဆောင်း Samsung ကုမ္ပဏီက အသစ်ထုတ်လုပ်ထားသည့်
ရေစိုခံစနစ် ပါဝင်လာသော Galaxy A5 2017 နှင့် Galaxy A7 2017 ကို ဇန်နဝါရီ ၅ ရက်က
ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင် မိတ်ဆက်ခဲ့သည်။ galaxy A5 2017 သည် မျက်နှာပြင်
၅ ဒသမ ၂ လက်မအရွယ်အစားရှိပြီး Galaxy A7 2017 ၏ မျက်နှာပြင်မှာ ၅ ဒသမ ၇ လက်မရှိရာ
အဆင့်မြင့်ဒီဇိုင်းကို အခြေခံ၍ သတ္တုပေါင်နှင့် ၃ီ ဖန်သားပြင်ကို ထည့်သွင်းထားသည်။

ယင်းဖုန်း၌ ပါဝင်သော ရှေ့နှင့် နောက် ကင်မရာများကို 16MP အသုံးပြုထားပြီး ဖုန်းမျက်နှာပြင်၏
မည့်သည်နေရာကိုမဆို ထိခြင်းဖြင့် ကြည်လင်ပြတ်သားသော High resolution selfie
ဓာတ်ပုံများကို Floating ကင်မရာခလုတ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

ထို့ပြင် ဖုန်းအတွင်း Memory 32 GB ထည့်သွင်းပေးထားပြီး 256 GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည်
ဖြစ်ရာ ဘက်ထရီသက်တမ်း ကြာရှည်စေရန် တိုးမြှင့်ပေးထားကာ အချိန်တိုအတွင်း လျင်မြန်စွာ
အားပြန်ပြည့်နိုင်မည့် Fast Charge အားသွင်းစနစ်ကိုလည်း ထည့်သွင်းပေးထားသည်။

အချက်အလက်များ လုံခြုံစိတ်ချမှုရှိစေရန် Biometric authentication လက်ဗွေရာ
လုံခြုံရေးစနစ်ကို ထည့်သွင်းထားသည့်အပြင် Secure Folder တွင် အချက်အလက်များကို
သိမ်းဆည်းထားနိုင်မည်ဖြစ်ပြီး Android 6.0.16 (Marshmallow) ဖြစ်သည်။

အဆိုပါ စမတ်ဖုန်းကို အနက်ရောင်၊ ရွှေရောင်၊ အပြာရောင်နှင့် ပန်းရောင်တို့ဖြင့်ထုတ်လုပ်ထားပြီး
ဈေးကွက်တွင် Galaxy A5 2017 ကို ကျပ် ၅၂၅,ဝဝဝ ဖြင့်လည်းကောင်း Galaxy A7 2017 ကို
ကျပ် ၆၂၅,ဝဝဝ ဖြင့် လည်းကောင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီးဇန်နဝါရီ ၈ ရက်မှ ၂၂ ရက်အထိ
ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။