The Myanmar Times has the latest news from across Myanmar.

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် ပရဟိတ လူမှုအဖွဲ့ အစည်းများကို
မိုဘိုင်းဖုန်းဘေလ်မှ တစ်ဆင့် အလှူ ငွေများ လှူ ဒါန်းနိုင်ရန် 'လိုတရ စေတနာကမ်းလက်များ'
အမည်ရ ဝက်ဘ်ဆိုက်စာမျက်နှာကို ရန်ကုန်မြို့တွင် ဇန်နဝါရီ ၉ ရက်က မိတ်ဆက်ခဲ့သည်။

အဆိုပါ ဝက်ဘ်ဆိုက် စာမျက်နှာမှတစ်ဆင့် လူမှုအဖွဲ့အစည်း ၁ဝ ဖွဲ့ဖြစ်သည့် ဖောင်တော်ဦး
ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ရွှေပါရမီ ကျန်းမာရေး
ဖောင်ဒေး ရှင်း၊ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ပြည်ကြီးခင်လူမှုရေးအသင်း၊ ရွှေမင်းသား
ဖောင်ဒေးရှင်း၊ လမ်းသစ် ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ(သန်လျင်)၊ လူမှု ဖွံ့ဖြိုးတိုးတတ်ရေး
အသင်းနှင့် ဂျပန် ငြိမ်းချမ်းရေးလေညင်းလေးများ အဖွဲ့ အစည်းများသို့ လှူ ဒါန်းနိုင်မည်ဖြစ်သည်။

လှူ ဒါန်းလိုသူများသည် မိုဘိုင်း browser ၌ <http://helpinghands.foc.lotayamm.
com>သို့ ဝင်ရောက်ကာ ''လိုတရ စေတနာကမ်းလက်များ'' စာမျက်နှာသို့ သွားရောက်နိုင်သကဲ့သို့
လိုတရ ဝက်ဘ် ဆိုက်သို့ဝင်ရောက်၍လည်း စေတနာကမ်းလက်များအမည်ရ ပုံနှင့် လင့်၌လည်း
ဝင်ရောက် လှူ ဒါန်းနိုင်မည်ဖြစ်သည်။

''အမ်ပီတီသုံးစွဲသူတွေက လှူ ဒါန်းချင်တယ်ဆိုရင် <http://helpinghands.foc.lotayamm.
com> ကို ဝင်ပြီးတော့ ကိုယ် လှူ ချင်တဲ့အဖွဲ့အစည်းကို ရွေးချယ်လှူ ဒါန်း နိုင်သလို ကျွန်တော်တို့
လိုတရဝက်ဘ် ဆိုက် ပင်မစာမျက်နှာမှာလည်း စေတနာ ကမ်းလမ်းများဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။
အဲဒီထဲကို ဝင်ရောက်ပြီးတော့လည်း ကိုယ် လှူ ဒါန်းချင်တဲ့အဖွဲ့အစည်းကို ရွေးချယ် လှူ ဒါန်း
နိုင်ပါတယ်''ဟု ဏြွှွှုယြ ဃသမစသမအေန ဃသာာကညငခအေငသည ဌာန၊ ဒုတိယမန်နေဂျာ
ဦးမိုးသူရက ပြောသည်။

အဆိုပါစာမျက်နှာတွင် ပါဝင်သော လှုပ်ရှားမှုအစီအစဉ်များထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး
ဖုန်းလက်ကျန်ငွေထဲ မှ လှူ ဒါန်းလိုသော ငွေပမာဏကို ထပ်မံရွေး ချယ်ရမည်ဖြစ်သည်။
ထိုသို့ရွေးချယ်ပြီးနောက် အတည်ပြု၊ မပြု စာတန်းပေါ်လာပါက အတည်ပြုကြောင်းနှိပ်ပြီး
မိမိရွေးချယ်ထားသော အစီအစဉ် ကုတ်နံပါတ်နှင့် အလှူ ငွေပမာဏကို ပြန်လည်စစ်ဆေးကာ
လှူ ဒါန်းနိုင်မည်ဖြစ်သည်။

လှူ ဒါန်းမှုများပြီးစီးလျှင်အမ်ပီတီက လှူ ဒါန်းမှုပြီးစီးကြောင်း စာတိုတစ်စောင်ကို ပြန်လည်
ပေးပို့မည်ဖြစ်သည်။ ''ဒီဝက်ဘ်ဆိုက်ထဲမှာ ကိုယ်လှူ ချင်တဲ့အဖွဲ့အစည်းကို ရွေးချယ်ပြီး
လှူ ဒါန်းလိုတဲ့ ငွေပမာဏကို ရွေးချယ်ပြီးတော့ လှူ ဒါန်းလို့ရပါတယ်။ လှူ ဒါန်းနိုင်တဲ့ငွေကြေး
ပမာဏအတွက် ကျပ် ၁ဝဝ မှ ၁,ဝဝဝ အထိ ရွေးချယ်လှူ ဒါန်းနိုင်အောင် ဆောင်ရွက်
ပေးထားပါတယ်''ဟု ဦးမိုးသူရက ပြောသည်။

လက်ခံရရှိသော လှူ ဒါန်းငွေများကို သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ တိုက်ရိုက်လွှဲပြောင်း
ပေးမည်ဖြစ်သည့်အပြင် အမ်ပီတီသုံးစွဲသူများမှ လှူ ဒါန်းလိုက်သော ငွေကြေးပမာဏနှင့်
အချက်အလက်များ ကို အများပြည်သူများသိရှိစေရန် လိုတရ ဝက်ဘ်ဆိုက်တွင်
ဖော်ပြပေးမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။ ထို့သို့လှူ ဒါန်းမှုများ ပြုလုပ်ရာတွင်
လိုတရဝက်ဘ်ဆိုက် အသုံးပြုမှုအတွက် ဒေတာအသုံးပြုခကို အခမဲ့ဝန်ဆောင်မှု
ပေးမည်ဖြစ်ကြောင်း ၄င်းက မြန်မာ တိုင်း(မ်)ကို ပြောသည်။