လှိုင်သာယာမြို့နယ်တွင် စိတ်ဝေဒနာရှင်တစ်ဦး ကြမ်းပိုးသတ်ဆေးသောက် သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာ က ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် သေမှုသေခင်းဖွင့် စစ်ဆေးလျက်ရှိသည်။

လှိုင်သာယာမြို့နယ်တွင် စိတ်ဝေဒနာရှင်တစ်ဦး ကြမ်းပိုးသတ်ဆေးသောက် သေဆုံးခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာ က ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် သေမှုသေခင်းဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် လှိုင်သာယာဆေးရုံတွင် အမျိုးသားတစ်ဦး အဆိပ်သောက်
သေဆုံးနေကြောင်းသတင်းအရ ဒုရဲမှူးဥာဏ်ဝင်းနှင့် အဖွဲ့က သွား ရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ အသက် (၇၀)အရွယ် လျှပ်စစ်ဝန်ထမ်း အငြိမ်းစားအမျိုးသား
တစ်ဦးဖြစ်ပြီး တစ်ဦးတည်း နေထိုင်သူဖြစ်ကာ ဦးနှောက်နှင့်အာရုံကြောဝေဒနာခံစားနေရသည့်
စိတ်ဝေဒနာရှင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၇ နာရီ ၄၅ အချိန်ခန့်တွင် အိမ်နီးချင်းနေထိုင်သူ တူမဖြစ်သူက လက်ဖက်ရည်
သောက်ရန် သွားရောက်မေးမြန်းစဉ် အော့အန်နေသည်ကို တွေ့ရသဖြင့် မေးမြန်းရာ ပိုလိုကြမ်းပိုး
သတ်ဆေး ၃ လုံးသောက်ထားကြောင်း ပြောဆိုခဲ့ သောကြောင့် လှိုင်သာယာဆေးရုံသို့တင်ပို့ကုသစဉ်
သေဆုံးသွားခဲ့သည်။

လှိုင်သာယာ မြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၂/၁၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။