ပုဇွန်တောင်မြို့နယ်တွင် ခရီးသည်တင်ယာဉ်က လမ်းကူးသူကို ၀င်တိုက်မိသဖြင့် သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ပုဇွန်တောင်မြို့နယ်တွင် ခရီးသည်တင်ယာဉ်က လမ်းကူးသူကို ၀င်တိုက်မိသဖြင့် သေဆုံးခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပုဇွန် တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်း
အတိုင်း ကြက်ဘဲဈေးဘက်သို့ တောင်ဥက္ကလာ ပ မြို့နယ်နေ ယာဉ်မောင်း ရဲထွန်းဇော်(၅၂ နှစ်)
မောင်းနှင်သည့် အမှတ် ၆၂ ခရီးသည်တင်ယာဉ် သည် ပုဇွန်တောင်ဈေးရှေ့အရောက်
လမ်းဖြတ်ကူးသူ ကျောက်တံ တားမြို့နယ် နေ အသက်(၂၄) နှစ်အရွယ်အမျိုးသမီးကို
ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်ကို ရပ်တန့်ခြင်းမရှိ ဘဲ ဆက်လက်မောင်းနှင်ခဲ့သည်။

ထိုသို့မောင်းနှင်စဉ် လမ်းယာဘက်စပ်တွင် ရပ်ထားသည့် ဆူဇူကီးယာဉ်ကို ထပ်မံ တိုက်မိခဲ့ပြီး
ကျပ် ၄ သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်။ ယာဉ်တိုက်ခံရသူ အမျိုးသမီးမှာ ဦးခေါင်းေ ကြေမွဒဏ်ရာရရှိကာ
အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

အလောင်းကို ရန်ကုန်ဆေးရုံကြီး သို့ပို့အပ်ရာ ပီအာရ် ၀၃၆ ဖြင့် လက်ခံထားပြီး ပုဇွန်တောင်မြို့မ
ရဲစခန်းက ယာဉ် (ပ) ၁/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၂၇၉ အရ အမှုဖွင့် အရေးယူ
ထားသည်။