လှည်းကူးမြို့နယ်တွင် ဆွံ့အနားမကြားသူက ညစ်ညမ်းဇာတ်ကားများပြ၍ မိဘ အုပ်ထိန်းမှုအရွယ် သမီးငယ်ကိုသားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

လှည်းကူးမြို့နယ်တွင် ဆွံ့အနားမကြားသူက ညစ်ညမ်းဇာတ်ကားများပြ၍ မိဘ အုပ်ထိန်းမှုအရွယ်
သမီးငယ်ကိုသားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ ညနေ ၄ နာရီ ၅၀ အချိန်ခန့်က လှည်းကူးမြို့နယ်နေ အသက် ၃၆ နှစ်အရွယ်
အမျိုးသမီးက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် ဇန်န၀ါရီလ ၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က
၎င်းကောင်း နေအိမ်တွင်ရှိနေစဉ် အသက် ၆ နှစ်အရွယ် သားဖြစ်က လွန်ခဲ့သော ၂ ပတ်ခန့်က
အသက် ၉ နှစ်အရွယ် အစ်မဖြစ်သူကို တစ်ရွာတည်းနေထိုင်ပြီး မွေးရာပါ ဆွံ့အနားမကြားသူက
ရွှေအ(ခ)တိုင်းချစ်(၁၉ နှစ်)က သားမယားအဖြစ်ပြုကျင့် သည်ကို တွေ့ရှိကြောင်းပြောဆိုခဲ့သည်။

သမီးဖြစ်သူကို မေးမြန်းရာ လွန်ခဲ့သော ၂ ပတ်ခန့်ကျောင်းပိတ်သည့်နေ့က တစ်ရွာတည်းနေ
အသက် ၉ နှစ်အရွယ် အမျိုးသမီး နှင့်အတူ မူလတန်းလွန် ကျောင်းဝင်းအတွင်း ဆော့ကစားခဲ့သည်။
အဖော်အမျိုးသမီး အိမ်သာသို့သွားစဉ် ရွှေအ(ခ)တိုင်းချစ် ရောက်လာပြီး ကျောင်းခန်းအတွင်း
ခေါ်သွားကာ ၄င်း၏ လက်ကိုင်ဖုန်းအတွင်းမှ ညစ်ညမ်းဇာတ်ကားများပြ၍ သားမယား
အဖြစ်ပြုကျင့်ခဲ့ ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

လှည်းကူးမြို့မရဲစခန်း က(ပ)၅၂/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်
အရေးယူထားသည်။