ဆေးဝါးဓာတ်မတည့်မှုက အခန့်မသင့်ရင် အသက်သေနိုင်
ဆေးဝါးဓာတ်မတည့်တာဟာ အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တာကြောင့် အကိုက်အခဲပျောက်ဆေးနဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေကို အလွယ်တကူသောက်သုံးတာမျိုးကို  သတိပြုဖို့ လိုအပ်ပါတယ်။

ဆေးကြောင့် ဓာတ်မတည့်တာဟာ ရိုးရိုးအရေပြား ယားတာလောက်ကစပြီး ရှော့ခ်ဖြစ်သေတာအထိ ဖြစ်တတ်တာကြောင့် သတိပြုဖို့လိုတယ်လို့   အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က ပြောထားတာ ဖြစ်ပါတယ်။

ဓာတ်မတည့်ခြင်းဟာ  ဆာဖာအုပ်စုနဲ့ ပင်နီဆီလင်အုပ်စုဝင် ဆေးတွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး ဆေးကြောင့် ဓာတ်မတည့်တာတွေ ဖြစ်ပေါ်ရင် အရေပြားယားယံပြီး အကွက်တွေဖြစ်ပေါ်တာ၊ အရေကြည်ဖုတွေကတစ်ဆင့် အနာဖြစ်တာနဲ့  ရောင်ရမ်းတာတွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

သောက်ဆေးနဲ့ ဓာတ်မတည့်တဲ့သူက ခန္ဓာကိုယ်တစ်ခုလုံးမှာ ယားယံတာ၊ အကွက်တွေ ပေါ်တာတွေဖြစ်တတ်ပြီး လိမ်းဆေးနဲ့ ဓာတ်မတည့်သူတွေကတော့ လိမ်းတဲ့နေရာ အပါအ၀င် ပါးစပ်ထဲမှာ အနာဖြစ်တော့ ယောင်တာတွေဖြစ်ကာ ထိုးဆေးနဲ့ ဓာတ်မတည့်သူကတော့   အပ်တောင်မနုတ်ရသေးဘဲ  ချက်ချင်းသေနိုင်တယ်လို့ ဒေါက်တာကျော်ကျော်က ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun