တန်ဖိုးရှိတဲ့ ဆရာဝန် အသက်တစ်ချောင်းကို နှုတ်ယူသွားတဲ့ ခေါက်ဆွဲခြောက်
ခေါက်ဆွဲခြောက်ဒုက္ခပေး

ကျောင်းတုန်းက စာလည်းအရမ်းတော်တယ်။ အေးအေးဆေးဆေးနဲ့ရိုးရိုးလေးနေတဲ့ သူငယ်ချင်းဆရာဝန်မကြီးခင်စန္ဒာဦး မနေ့ကမနက်မှာ ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတယ်။ဒီနေ့အသုဘလိုက်မပို့ဖြစ်လို့ အိမ်သွားထိုင်တယ်။ အန်တီကပြန်ပြောပြတယ်၊သူမန်းလေးမှာတာဝန်ကျတုန်းကအစားအသောက်သိပ်မစား၊အမြဲလိုလိုခေါက်ဆွဲပြုတ်ပဲစားတယ်တဲ့။

အဲလိုနဲ့အလုပ်တွေနဲ့လုံးပမ်းနေတော့ ကိုယ့်ကိုဂရုမစိုက်မိဘူးပေါ့၊ခရီုးပမ်းလာရင်အရမ်းအိပ်တယ်တဲ့။သာမန်နဲ့မတူအရမ်းအိပ်ချင်တာကလည်း ကင်ဆာရဲ့ရှေ့ပြေးလက္ခဏာပါပဲ။ ဗိုက်ကလေးလည်းပူလာလို့ဆေးစစ်ကြည့်တော့ Caတွေအားလုံးမြင့်နေတာ၊ စက်မကောင်းလို့resultမှားတယ်ထင်တာ၊ ဘန်ကောက်မှာဆေးစစ်ကြည့်တော့မှ ကင်ဆာဖြစ်နေတာ ချက်ချင်းခွဲစိတ်ခိုင်းတယ်။

ဒီလိုနဲ့ပဲဘန်ကောက်ရန်ကုန်ပြေးရင်းနောက်ဆုံး ခန္ဓာကိုယ်ကအားအင်အရမ်းနည်းတော့သွေးသွင်းဆေးသွင်းတဲ့လည်ပင်းနားကအပေါက်ကနေ ပိုးဝင်ပြီးနောက်ဆုံးဘဝတစ်ပါးကိုကူးပြောင်းသွားတယ်။ တကယ်ကိုစိတ်မကောင်းတာအခုထိပဲ။ကျမတို့တွေက ခန္ဓာကိုယ်ကျန်းမာအောင်နေရမယ်။ စိတ်ချမ်းသာအောင်နေရမယ်။

၁-စိတ်ဖိစီိးမှုကိုတတ်နိုင်သလောက်လျှော့ချပါ။ မလိုတဲ့အပူတွေမယူပါနဲ့။ မလိမ်လည်ပါနဲ့။ စိတ်ရှင်းအောင်နေပါ။ စိတ်ဖိစီးမှုဟာကင်ဆာရောဂါကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းထဲမှာပါတယ်။

၂-ဆိုးဆေး၊မှိုတက်နေတဲ့အစားအစာ၊ ဆီကြော်၊ခေါက်ဆွဲပြုတ်၊ဆီသွပ်ဗူး၊သကြားဖြူစတာတွေကိုတတ်နိုင်သလောက်လျှော့စားပါ။

၃-သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာနေထိုင်ပါ၊ radiation နည်းတဲ့ပတ်ဝန်းကျင်မှာနေထိုင်ပါ။သန့်ရှင်းတဲ့လေကိုရှုပါ။

၎-လေ့ကျင့်ခန်းသေချာလုပ်ပါ၊ အစားအသောက်ကို အာဟာရရှိပြီး ဆီနည်းတဲ့အစားအစာတွေစားပါ။ antioxident တွေနေ့စဉ်စားပါ။ အားလုံးကျန်းမာပြီး လူအချင်းချင်းရိုင်းပင်းတတ်သောပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ကြပါစေ။…..

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Zaw Myint