လိင်ဆက်ဆံမှုရပ်တန့်ချိန် အမျိုးသမီးများကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးများ
အမျိုးသမီးအများစုဟာ လိင်ဆက်ဆံခြင်းမှရပ်တန့်လိုက်တယ်ဆိုရင်ပဲ ပြောင်းလဲမှုလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအကြောင်းကို အထွေထွေရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သူ Dr Ginni Mansberg ကခုလိုရှင်းပြခဲ့ပါတယ်။

စိုစွတ်ချော့မွေ့မှု

ပုံမှန် လိင်ဆက်ဆံနေကျအမျိုးသမီးတစ်ယောက်ဟာ လိင်ဆက်ဆံခြင်းကို ရပ်တန့်လိုက်ပါက အမျိုးသမီးအင်္ဂါ အနည်းငယ် ပြန်ကျုံ့သွားစေနိုင်ပေမဲ့ အမျိုးသမီးကိုယ်တွင်း စိုစွတ်ချောမွေ့မှုအခြေအနေက အဆိုးဆုံးကိုရောက်သွားနိုင်ပါတယ်။

အဓိကအကြောင်းအရင်းကတော့ အမျိုးသမီးကိုယ်တွင်း စိုစွတ်ချောမွေ့မှုကို ဖြစ်ပေါ်စေတဲ့ oestrogen ကြောင့်ပါ။ စိုစွတ်ချောမွေ့မှုကို အဓိကထိန်းထားပေးတဲ့ mucus membrane ကို oestrogenက ထိန်းချုပ်ထားလို့ပါ။ ဒါပေမဲ့ မပူပါနဲ့။ သင် စတိုးဆိုင်က လိင်ပိုင်းဆိုင်ရာအတွက် ထုတ်လုပ်ထားတဲ့ ချောဆီတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

စိတ်မပါတော့ဘူး

လိင်မဆက်ဆံတာကြာလာတဲ့အခါ အမျိုးသမီးအများစုဟာ လိင်စိတ်နှိုးကြွမှုမရှိတော့ပါဘူး။ ဒီအခြေအနေကိုလေ့လာရတာ အင်မတန်ခက်ခဲပါတယ်။ တွေ့၇ှိမှုများအရ အိမ်ထောင်သည် ဒါမှမဟုတ် ချစ်သူသက်တမ်းကြာသူတွေ ထိုအဖြစ်မျိုးကြုံရတာဟာ သူတို့အဖော်ရဲ့စွမ်းဆောင်ရည်ပေါ်မှာလည်းမူတည်ပါတယ်တဲ့။ အဓိက ကတော့ စိတ်ချင်းမနီးစပ်တာက စတာပါပဲ။ အမျိုးသမီး လိင်ဆက်ဆံဖို့လိုလားပေမဲ့ အမျိုးသားက ငြင်းတာမျိုး အမျိုးသားစိတ်လာချိန်မှာအမျိုးသမီးက အဆင့်သင့်မဖြစ်တာမျိုးပေါ့။ ထိုအချိန်မှာ အမျိုးသမီးဖြစ်တတ်တဲ့ psycho က သူတို့ကိုယ်သူတို့ စွဲဆောင်မှုမရှိတော့ဘူးလို့ ထင်တာပါပဲ။

အမျိုးသမီးကိုယ်တွင်း နံရံတွေပါးလာတတ်တယ်

ခန္ဓကိုယ်က အခြားသော ကြွက်သားတွေလိုပဲ အမျိုးသမီးအင်္ဂါ ဟာလည်း လေ့ကျင်းခန်းပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ကြွက်သားအားနည်းတယ်လို့မဆိုပဲ နံရံတွေပါးလာတတ်တယ်လို့ဆိုရမှာပေါ့။ အတိအကျတော့မဆိုနိုင်ပေမဲ့ အချိန်ကြာမှ လိင်ဆက်ဆံခြင်းပြန်လည်ပြုလုပ်ချိန်မှာ ထိုနံရံတွေကြောင့် အမျိုးသမီးတွေနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါဆို အမြဲလိင်ဆက်ဆံနေရမှာလား???? မဟုတ်ပါဘူး။ နည်းလမ်းရှိပါတယ်။ Pelvic floor exercise က သူမရဲ့နံရံလေးတွေကို ထိန်းသိမ်းထားပေးမှာပါ။

စိတ်ဖိစီးလာမယ်

အစောပိုင်း ရှာဖွေတွေ့ရှိမှုတွေအတိုင်း လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကို အမှန်တကယ်လျော့ချပေးနိုင်ပါတယ်။ ပုံမှန်လေးလိင်ဆက်ဆံမှုပြုတဲ့ အမျိုးသမီးအများစုဟာ ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကိုပိုင်ဆိုင်နေတတ်သူများဖြစ်ပါတယ်။ ရာနှုန်းပြည့်မှန်ကန်ပါတယ်။ အဲ့လိုပြောလို့ စိတ်ဖိစီးနေတတ်တဲ့ အပျိုလေးတစ်ယောက်ကို လိင်ဆက်ဆံဖို့တိုက်တွန်းတာမဟုတ်ဘူးနော်။ သူတို့အတွက် တခြားပျော်စရာတွေအများကြီးနဲ့ အစားထိုးနိုင်ပါတယ်။ ဒါပေမဲ့ ၀ါရင့်သမ္ဘာရင့် အတွေ့အကြုံရှိသူတွေအတွက်ကတော့ဒီနည်းလမ်းဟာ အကောင်းဆုံးပါတဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
#