ကြွက်နို့ ကို အလွယ်ကူဆုံးဖျယ်ရှားနည်း
ကြွက်နို့ ဟာ ထွေးထွေးထူးထူး ကုသစရာမလိုပါဘူး။ တစ်ချို့ကတော့ဘာမှမလုပ်ပဲ အလွယ်တစ်ကူ ပျောက် သွားတတ်ပေမဲ့ လူကြားထဲမှာ ကြွက်နို့ ကြီးကရှက်စရာလို့ထင်နေတဲ့အတွက် ဒါကို ကုသမဲ့နည်းလမ်းများရှာခဲ့ ရင် အလွယ်ကူဆုံး အိမ်မှာပဲ ကြွက်နို့ ကို ပျေက်ကင်းအောင် ပြုလုပ်မဲ့ နည်းလမ်းတွေကို တင်ပြလိုက်ရပါတယ်။ အရပ်သုံးတွေအဖြစ် သွားပွတ်ကြိုးနဲ့ ကြွက်နို့ ရဲ့အောက်ခြေကို ချည်ပြီး ဖယ်ရှားလို့ရပါတယ်။ ကတ်ကြေးနဲ့ ထုံဆေးတို့ပြီး ဖယ်ရှားနိုင်ပါတယ်။

အဖုသေးလေးတွေကို ထုံဆေးသုံးဖို့မလိုပေမဲ့ အဖုကြီးကြီးတွေကိုတော့ ထုံးဆေးထိုးဖို့လိုအပ်ပါလိမ့်မယ်။ ငါးမျက်စိဟာလက်တွေ ခြေထောက်တွေမှာ မဟုတ်ဘဲ မျက်လုံးနားတွေမှာဆိုရင်တော့ မိမိကိုယ်ကိုယ် လုပ်ဆောင်ခြင်းတွေ ကိုရှောင်ကြည်ပါ။ နီးစပ်ရာဆရာဝန်ဆီပြသပြီး ကုသမှအဆင်ပြေမှာဖြစ်ပါတယ်။တစ်ကယ် လိုကတ်ကြေးဖြင့် ဖယ်ရှာတဲ့အခါ သွေးတော့ထွက်နိုင်ပါတယ်နော်။

လျှပ်စစ်နဲ့ ဖယ်ရှားတဲ့အခါလည်း အရေပြားအရောင်ပြောင်းခြင်းတွေဖြစ်ပေါ်နိုင်ပြီးကြွက်နို့ ဟာချက်ချင်း မကြွေကျနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ ကွမ်းစားထုံးကိုအုပ်ထားပြီး မိနစ်အနည်းငယ်ကြာမှ ပြန်ခွာပစ်လာလည်း ရှိပါတယ်။ဒီလိုနည်းလမ်းတွေနဲ့ ငါးမျက်စိကို ဖျယ်ရှားနိုင်တာမို့ မိမိမှာဖြစ်ခဲ့ရင်လည်း အလွယ်တစ်ကူဖယ်ရှားလို့ရပါပြီးပေါ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: saladmm