ဝိတ်ကျစေဖို့ နေ့စဉ်စားသုံးသင့်တဲ့ ဗီတာမင်ဒီပြည့်ဝ အစားအစာများ
ဗီတာမင်ဒီ ဆိုတာ ကျွန်တော်တို့ရဲ့ သွားနဲ့ အရိုးတွေကို သန်မာစေဖို့ အပြင် အစာခြေစနစ်ကို ကောင်းမွန်စေဖို့ နေ့စဉ်စားသုံးဖို့လိုအပ်တဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဲ့တာအပြင် ထပ်ပေါင်းပေးတဲ့ ကောင်းကျိုးတွေကတော့ ၀ိတ်ကျစေခြင်းနဲ့ စိတ်ဓာတ်ကျတာကို လျော့နည်းစေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဒာကိုယ် ကောင်းမွန်စွာ လည်ပတ်အလုပ်လုပ်စေဖို့ လိုအပ်တဲ့ ဗီတာမင်ဒီနေ့စဉ်ရစေဖို့ လိုအပ်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)ကြက်ဥ
ကြက်ဥမှာ အသားဓာတ်သိပ်သည်းဆများတဲ့ ပုံစံနဲ့ဖွဲ့စည်းထားပါတယ်။ လိုအပ်တဲ့ အသားဓာတ်နဲ့ အမိုင်နိုအက်ဆစ် ပါဝင်လို့ အသားဓာတ်ပြန်တည်ဆောက်တဲ့ အခါမှာ ကြွက်သာတွေကို အကူအညီအရမ်းပေးပါတယ်။ ပုံမှန်ပြုတ်ပြီးသား ကြက်ဥတစ်လုံးဟာ (၈၀)ကယ်လိုရီနဲ့ အသားဓာတ် (၆)ဂရမ်၊ အဆီ(၅)ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် (၂)ဂရမ်အောက်ပါပါတယ်။ ဗီတာမင်ဒီ၊ေီတာမင်အေ နဲ့ B6 တို့ပါဝင်ပါတယ်။ ဒါဟာစားသုံးရင် ၀ိတ်ကစေမယ်လို့ သဘောရတာ ဖြစ်ပါတယ်။ တစ်နေ့ကို တစ်လုံးစားသင့်ပါတယ်။

(၂)နွားနို့
သွား၊အရိုးနဲ့ ပုံမှန်ကျန်းမာရေး ကောင်းချင်ရင်တော့ နွားနို့သောက်ရပါမယ်။ သူကလည်း အသားပြန်လည် ဖြစ်စေဖို့ အထောက်အကူဖြစ်သလို အသားဓာတ်ဖြစ်တဲ့ ပရိုတိန်းဓာတ်တွေ အများကြီးပါပါတယ်။ နွားနို့တစ်ခွက်ဟာ အဆီအသားဓာတ် (၈) ဂ၇မ်စီနဲ့ ကာဘွန်ဟိုက်ဒရိတ် (၁၂)ဂရမ် ပါဝင်ပါတယ်။ ကယ်လိုရီ(၁၅၀) ရှိပြီး ဗီတာမင် အေဓိကပါဝင်ကာ တစ်နေ့ကို နှစ်ဖန်ခွက်လောက် သောက်သုံးသင့်ပါတယ်။

(၃)ဆော်လမွန်ငါး
ဆော်လမွန်စားလိုက်တာနဲ့ တစ်နေ့တာအတွက် လုံလောက်တဲ့ ဗီတာမင် ဒီကို ပေးစွမ်းနိုင်ပါတယ်။ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ဖို့စားသုံးသင့်သလို ဗီတာမင်အေ ၊ ဘီ နဲ့ B6 တို့လုံလောက်စွာ ပါဝင်တဲ့အတွက်ကြောင့် ကြက်ဥနဲ့ နည်းနည်းဆင်ပါတယ်။ အသားဓာတ် (၃၂)ဂရမ်မှာ အဆီ(၆)ဂရမ်နဲ့ ၁၂၅ ကယ်လိုရီရရှိမှာပါ။ တစ်ပတ်ကို ဆော်လမွန်ငါး (၂)ပွဲနှုန်းကျ စားသင့်ပါတယ်။

(၄)လိမ္မော်သီး
သွေးလည်ပတ်မှုကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိန်းသိမ်း ပေးပါတယ်။ နောက်တစ်ချင်က ကင်ဆာဖြစ်လာနိုင်မှုကို လျှော့ချပေးပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ လိမ္မော်သီးတစ်လုံးဟာ စွမ်းအင် (၄၀) ကယ်လိုရီနဲ့ ကာဗွန်ဟိုက်ဒရိတ် (၉)ဂရမ်ပါပါတယ်။ အဆီနဲ့ အသားဓာတ်မပြောပလောက်တဲ့ပမာဏ ပါဝင်ပြီး အဆီကျစေတဲ့ ဗီတာမင်စီ ဓာတ် အများကြီးပါပါတယ်။ တစ်နေ့ကို တစ်ခွက်လောက် သောက်သင့်ပါတယ်။

(၅)မှိုဖြူ
မှိုဖြူ ကတော့ ခန္ဓာကိုယ်တွင်း သကြားဓာတ်နဲ့ သွေးဖိအားကို ထိန်းသိမ်းပေးပါတယ်။ နောက်ထပ်အနေနဲ့ သွေးတွင်း ကိုယ်လက်စထရောကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင်ဒီလုံလောက်စွာပါဝင်လို့ သင့်တင့်တဲ့ ပမာဏသာစားသုံးသင့်ပြီး ကယ်လိုရီ (၁၂၀) မှာ ကာဗွန်ဟိုက်ဒရိတ် (၅)ဂရမ်နဲ့ အသားဓာတ် (၂)ဂရမ် ပါဝင်ပါတယ်။ အဆီကတော့ လုံးဝကို မပါဝင်သလောက်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Bwa - MyanmarNote
#